Windows စနစ်သုံးသူတွေ အတွက်ကတော့ Chromebook ဆိုတာ ရယ်စရာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် တွေ အတွင်းမှာ Google ကနေ Cloud အခြေပြု အခု စနစ်ကို အဆင့်မြှင့်မှုတွေ လုပ်ဆောင်ထားလို့ အရင်ကထက် ပို ကောင်းလာပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေ၊လုပ်ငန်းခွင်တွေ မှာ Chromebook တွေ အသုံးများလာတာ တွေ့ နိုင်ပါတယ်။
ကျနော်တို့လည်း ပြီးခဲ့တဲ့ကာလတွေမှာ Chromebook အမျိုးအစားပေါင်းများစွာကို သုံးဖူးပါတယ်။ ဒါပေမယ့် ဘယ်အမျိုး အစား က အကောင်းဆုံး ဖြစ်မလဲ ဆိုပြီး ရွေးချယ်သုံးမိခဲ့တာတော့ မဟုတ်ပါဘူး။ အခု ကျနော်တို့ Chromebook ရဲ့ဘယ် အမျိုးအစားကို ရွေးချယ်ဖို့ အကောင်းဆုံးလဲ ဆိုတာ လေ့လာရအောင်ပါ။ ဈေးနှုန်းက ပျမ်းမျှ ဒေါ် လာ ၂၀၀ ဝန်းကျင် ကနေ ဒေါ် လာ ၅၅၀လောက်ထိ ရှိနိုင်ပါတယ်။
Chromebook နဲ့ Chrome OS ဆိုတာ
Chromebook တွေမှာ Cloud အခြေပြု OSစနစ် Chrome OSကို သုံးထားပါတယ်။ သုံးရတာလည်း လွယ်ပါ တယ်။ Microsoft Office မှာလိုပဲ အခု Chromebook မှာလည်း Chrome Web Browser တွေ Gmailတွေ Docs နဲ့ Sheets တွေ ကို သုံးနိုင်ပါတယ်။
ဖိုင်တွေကို Google Drive နဲ့ ချိတ်ထားတဲ့ Cloud စနစ်မှာ လာသိမ်း နိုင်ပါတယ်။ Chromebook မှာ သုံးမယ့် Appတွေကို Google App မှာပဲ အများဆုံး ရယူနိုင်ပါတယ်။
Adobe နဲ့ Illustrator တွေကတော့ Mac နဲ့ Windows စနစ်တွေ အတွက်ပဲလာလို့ Chromebook တွေမှာသုံးမရပါဘူး။ ဒါပေမယ့် Tablet တွေမှာလိုပဲ Android App တွေ ထည့်သုံးနိုင်ပါတယ်။ မကြာသေးခင်ကပဲ Chrome OS 53 ထွက် ရှိထားတာ တွေ့ရပါတယ်။ Google Play Store နဲ့ Android App တွေကို သုံးနိုင်အောင် အဆင့်မြှင့်လာတာ တွေ့ရပါတယ်။ ထားပါတော့၊ ဒါက Chromebook နဲ့ သူ့ရဲ့ OS စနစ်အကြောင်း နည်းနည်း ပြောပြတာပါ။
ကျနော်တို့အတွက်ကတော့ အကောင်းဆုံး Chromebook ကို ရွေးချယ်ပါဆိုရင် Asus Chromebook Flip C302 ကို ညွှန်း ချင်ပါတယ်။ Samsung Chromebook Pro, Dell Chromebook 11, HP Chromebook 13 နဲ့ Acer Chromebook 15 တွေလည်း အမျိုးအစားကောင်းတွေပါပဲ။
အရင်ဆုံး Asus Chromebook Flip 302 အကြောင်းနည်းနည်းလောက် ပြောပြချင်ပါတယ်။ Asus ဆိုတာ ပစ္စည်းကောင်း တွေ ထုတ်လုပ်နိုင်နေပြီ ဖြစ်တဲ့ ကုမ္ပဏီ တခုပါ။ Intel Core 3 ကို ထည့်ထားတယ်၊ RAM 4 GB ပါတယ်၊ Full HD ရုပ်ထွက် ထိအောင် ပြသပေးနိုင်တဲ့ ၁၂ ဒသမ ၅ လက်မ အရွယ် မျက်နှာပြင်က Touch စနစ်နဲ့ သုံးနိုင်မယ်။
အလေးချိန်က ၂ဒသမ၆၅ ပေါင်ပဲ လေးတယ်၊ Storageက 64 GB ရှိတယ်၊ ဒါဟာ Cloud အခြေပြု Chromebook တခု အတွက် Storage များနေ ပါသေးတယ်။
မျက်နှာပြင်နဲ့ စက်နဲ့ကို ၃၆၀ ဒီဂရီလှည့်နိုင်တယ်၊ Auto Rotate စနစ်လည်း ပါတယ်။ နောက်ဆုံးထွက် Chrome OS 53 ကိုလည်း အဆင့်မြှင့်နိုင်တယ်၊ နာမည်ကျော် CNET, Digital Trends, The Verge, PC Mag နဲ့ TechRadar တွေ အားလုံး ကလည်း အကောင်းဆုံး အဖြစ် လက်ခံထားပါတယ်။
သဘောကျစရာ ကောင်းတာက သတ္တုကိုယ်ထည် ဖြစ်လို့ ခိုင်တယ်၊ Android App တွေကို သုံးနိုင်တယ်၊ Intel Core 3 က မြန်ဆန်တယ်၊ အလေးချိန် ပေါ့ပါးပြီး ဈေးတော့ နည်းနည်းများတယ်လို့ ဆိုနိုင်ပါတယ်။ ဒေါ်လာ ၄၇၀လောက် ရှိတာကိုး။
အခြား သဘောကျမိတဲ့ Samsung Chromebook Pro ကတော့ လွန်ခဲ့တဲ့ ဇန်နဝါရီကမှ မိတ်ဆက်ထားတာ ဖြစ်ပြီး Pro နဲ့ အတူ Plus လည်း ထွက်ရှိထားပါသေးတယ်။
အဒီ၂ခုမှာ Proက ပိုကောင်းပါတယ်။ Intel Core m3 ကို ထိုင်ထားတယ်၊ Quad HD ရုပ်ထွက်ကို ပြသပေးနိုင်မယ့် ၁၂ ဒသမ ၃ လက်မ အရွယ် မျက်နှာပြင်ပါတယ်။ ၃၆၀ ဒီဂရီ လှည့်သုံးနိုင်ပြီး Auto Rotate စနစ်လည်းပါတယ်၊ ဂိမ်းကစားချိန်မှာ Tablet ပုံစံ ပြောင်းနိုင်သေးတယ်။ Chrome OS 53 ကိုလည်း အဆင့်မြှင့် နိုင်မယ်၊ Netflix ကနေ ရုပ်သံတွေ Down နိုင်မယ်၊ မျက်နှာပြင် ရွယ်တူ အမျိုးအစားတွေထဲမှာတော့ အကောင်းဆုံးလို့ ဆိုရမှာပါ။
Plus ကတော့ ဈေးချိုပေမယ့် Pro က Processor ပိုကောင်းလို့ သုံးရတာ စိတ်ကြိုက် ဖြစ်မိပါတယ်။ မျက်နှာပြင်စနစ် ကောင်းမွန်တယ်၊ Android App တွေ သုံးနိုင်တယ်၊ Pen လည်း သုံးနိုင်တယ်၊ ပါးလွှာတယ်၊ ပေါ့ပါးတယ်၊ ဒါပေမယ့် ဈေးနှုန်းက Pro ဆိုရင် ဒေါ်လာ ၅၅၀ လောက်ရှိမှာ ဖြစ်ပြီး Plus ကတော့ ၄၁၀ လောက်ပဲ ရှိပါတယ်။
၁၁ လက်မအရွယ်ထဲက ဆိုရင် Dell Chromebook 11 ကို စိတ်ကြိုက် ဖြစ်မိပါတယ်။ 2.6GHz မြန်နှုန်းရှိတဲ့ Intel Celeron ကို ထိုင်ထားတယ်၊ RAM မှာ 2GB နဲ့ 4GB နှစ်မျိုး ရနိုင်ပါတယ်။
အကြမ်းခံနိုင်မယ့် ဒီဇိုင်းဖန်တီးမှု၊ ဈေးနှုန်း ချိုသာမှု၊ အရွယ်အစား သေးငယ်မှုတွေနဲ့ သဘောကျစရာ ကောင်းပြီး အလေးချိန်ကလည်း ၃ ပေါင် မပြည့်ပါဘူး၊ Touch စနစ်နဲ့ပါ သုံးနိုင်အောင် ဖန်တီးထားပြီး တန်းတူ အမျိုးအစားတွေနဲ့ စာရင် နည်းနည်း ထူချင်နေတာ တခုပဲ ရှိပြီး ဈေးနှုန်းက 2GB RAM ဆိုရင် ဒေါ်လာ ၂၂၅ နဲ့ 4GB ဆိုရင် ၂၄၅ ဒေါ်လာ လောက်ပဲ ရှိပါတယ်။
၁၃ လက်မ အမျိုးအစားတွေထဲက ဆိုရင် အကောင်းဆုံးက HP Chromebook 13 ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အလှဆုံး ဖန်တီးနိုင်ခဲ့တဲ့ Chromebook ဆိုရင်လည်း မမှားပါဘူး။ သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပြီး ၂ ဒသမ ၆၉ ပေါင်ပဲ လေးပါတယ်။
4GB RAM နဲ့ ဖြစ်ပြီး Quad HD ရုပ်ထွက် ပြသနိုင်တဲ့ မျက်နှာပြင်စနစ်နဲ့ ဖြစ်ပါတယ်။ ပေါ့တယ်၊ ပါးတယ်၊ Android App တွေ သုံးနိုင်တယ်၊ ရုပ်ထွက်ကောင်းမွန်တယ်၊ ဒါပေမယ့် Processor ပိုင်းမှာ နောက်ဆုံးထွက်ကို ထည့်ထားတာ မဟုတ်သလို ဈေးနှုန်းက Intel Premium နဲ့ဆိုရင် ဒေါ်လာ ၄၈၀ နဲ့ Intel M3 နဲ့ဆိုရင် ဒေါ်လာ ၆၀၀ လောက်ထိအောင် ဈေးမြင့် နေပါ တယ်။
၁၅ လက်မ Chromebook တွေက ဆိုရင် ကြိုက်မိတာက Acer Chromebook 15 ဖြစ်ပါတယ်။ Full HD ရုပ်ထွက် ပြသ ပေးနိုင်တဲ့ ၁၅ လက်မ အပြည့် မျက်နှာပြင်နဲ့ပါ။ Intel Celeron Dual-Core ကို ထိုင်ထားတယ်။ 4GB RAM နဲ့ ဖြစ်ပြီး Chrome OS 53 ကို အဆင့်မြှင့်နိုင်မှာ ပါ။
မျက်နှာပြင်ကြီးမားတယ်၊ ကီးဘုတ်လည်း အရွယ်ကြီးတယ်၊ တည်ငြိမ် မာကျောတဲ့ ဖန်တီးမှု၊ အမျိုးအစားကွဲ ရွေးချယ်နိုင်ပြီး တချို့က Android App တွေ သုံးနိုင်တယ်၊ ဘက်ထရီက ကြာရှည် အသုံးခံနိုင်တာ တွေ့ ရပါတယ်။ ဒါပေမယ့် သယ်ဆောင် ရ လွယ်ချင်သူတွေ အတွက် အရွယ် ကြီးနေသလို လေးသလို ခံစား ရပါတယ်။ ဈေးနှုန်းက အရင် ဒေါ်လာ ၃၅၃ လောက် ရှိ ရာက အခုတော့ ၂၅၀ လောက်နဲ့ ရနိုင်ပါတယ်။
Ref: www.businessinsider.com