IT

4K ရုပ်ထွက် Smart Android TV လာပြီ

Want create site? Find Free WordPress Themes and plugins.

ရုပ်သံ ကြည်ကြည်လင်လင်နဲ့ ဘောလုံးပွဲတွေ HD ဇာတ်လမ်းတွဲတွေကို အကောင်းဆုံး ကြည့်ချင်သူတွေ အတွက် အဆင်ပြေမယ့် TCL ရဲ့ 4K ရုပ်ထွက်ထိအောင် ပြသပေးနိုင်မယ့် Android စနစ်သုံး Smart TV နဲ့ မော်ဒယ်သစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပြသမျက်နှာပြင် အရွယ် ၅၅ လက်မ ရှိလို့ မြင်ကွင်းကျယ်ကျယ်၊ ပြသစနစ် အထူးကောင်းမွန်လို့ သဘောကျမယ် ထင်ပါတယ်။

အရင်ဆုံး TCL L55P2MUS UHD HDR Smart Android TV မော်ဒယ်ရဲ့ အားသာချက်၊ အားနည်းချက်လေး ပြောချင်ပါတယ်။ အားသာချက် အနေနဲ့က ချိတ်ဆက်ပေါက် အများအပြား ပါဝင်မှုပဲ ဖြစ်ပါတယ်။ Convertor ထပ်ခံဖို့ မလိုလောက်အောင်ကိုပဲ DVD စက်တွေ၊ စလောင်းတွေ အပါအဝင် အခြား ဂိမ်းစက်တွေနဲ့ တခါတည်း ချိတ်ဆက်နိုင်လောက်အောင် ချိတ်ဆက်ပေါက် အများအပြား ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။ နောက်ပြီး Remote က နှစ်ခုပါတယ်။ တခုက IR ပုံစံ ပုံမှန် Remote တွေလို သုံးနိုင်မှာ ဖြစ်ပြီး နောကတခုကတော့ Bluetooth ပုံစံ ချိတ်ဆက် သုံးနိုင်မယ့် စနစ်ပါ။ နောက်ဆုံး တချက်ကတော့ တပ်ဆင်ဖို့ရော TV အသုံးပြုရမှု အပိုင်းနဲ့ ပတ်သတ်လို့ရော အသားကျ လွယ်စေတာ ဖြစ်ပါတယ်။

အားနည်းချက် အနေနဲ့ကတော့ မော်ဒယ်ရဲ့ နောက်ဘက်မှာ ချိတ်ဆက်မှုတွေ လုပ်ဆောင်ချိန်မှာ လိုအပ်ရင် မီးဖွင့် နိုင်အောင် အလင်းပေးမယ့် စနစ်မျိုး ထည့်သွင်းထားတာ မတွေ့ရပါဘူး။ ပြီးတော့ ရုပ်ထွက်ပိုင်းမှာ မော်ဒယ်က 4K ရုပ်ထွက်လို့ ဆိုပေမယ့် တန်းတူ မော်ဒယ်တွေလောက် မကောင်းဘဲ အားနည်းချက် ရှိနေသေးတယ် လို့ ဆိုနိုင်ပါတယ်။ တောက်ပမှု များနေပြီး၊ အနက်ရောင် ဖြန့်ကျက်မှုမှာ တည်ငြိမ်မှု အားနည်းနေတာ တွေ့ရပါတယ်။ အသံစနစ်လည်း အကောင်းဆုံး ပုံစံ မဟုတ်ဘဲ ပျမ်းမျှ စွမ်းဆောင်ရည် အသံထွက် အရည်အသွေးလောက်ပဲ တွေ့ရပါတယ်။

Gadgers 360 ကတော့ အခု မော်ဒယ်ကို ရမှတ် ၅ မှတ်အတွက် ဒီဇိုင်းပိုင်းမှာ ၃ မှတ်၊ စွမ်းဆောင်ရည်ပိုင်းမှာ ၂ ဒသမ ၅ မှတ်၊ ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ အရည်အသွေးအတွက် ၃ ဒသမ ၅ မှတ်၊ မော်ဒယ် တခုလုံးကို ၃ မှတ်ပေးထားတာ တွေ့ရ ပါတယ်။

Android V6.0.1 ကို သုံးထားတာ ဖြစ်ပါတယ်။ HDR စနစ်ကို သုံးထားခြင်းက ရုပ်ထွက်တွေ ပိုမို ကြွရွ ကောင်းမွန်လာပြီး ဒါဟာ TCL ရဲ့ အခုနှစ်တွေ အတွင်း 4K ရုပ်ထွက်ရအောင် အဆင့်မြှင့်ထားမှုရဲ့ ရလဒ်ပါ၊ ဈေးကွက် အတွင်းမှာ အခြား အမှတ်တံဆိပ်နဲ့ 4K ရုပ်ထွက် မော်ဒယ်တွေ ဈေးကွက် ဝင်နေပေမယ့် အခု မော်ဒယ်က အားနည်းချက် ရှိနေသည့် တိုင်အောင် ဈေးနှုန်းချိုသာအောင် ရောင်းချလာလို့ လက်ခံနိုင်စရာပါ။

မော်ဒယ်ရဲ့ ဘောင်တွေက မှန်သားအပြင်မှာ တလက်မ လောက် အရွယ် သတ္တုသားနဲ့ ဘောင်ကွပ်ထားတယ်၊ အောက်ဘက်မှာ အထိုင်အတွက် ထောက် ၄ ခုပါတယ်။ ထောက်တွေကို တပ်ဆင်ဖို့ ၁ မိနစ်လောက်ပဲ ကြာပါတယ်။ တပ်ဆင်ရလွယ်ကူ ကောင်းမွန်ပါတယ်။

ချိတ်ဆက်ပေါက် ထည့်သွင်းထားရှိမှု အပိုင်းမှာ HDMI ကို ၂ ပေါက်၊ Optical AV ပေါက်လည်း ပါတယ်၊ LAN ချိတ်မယ် ဆိုရင်လည်း ချိတ်ဆက်နိုင်တယ်၊ USB ပေါက်လည်း ၂ ပေါက်ပါတယ်၊ တခုက USB 3.0 ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး နောကတခုက USB 2.0 ပေါက် ဖြစ်ပါတယ်။ နားကြပ်ပေါက်လည်း ထည့်ထားတယ်၊ Ethernet ပေါက်လည်း ပါပါတယ်၊ Wi-Fi နဲ့ Bluetooth လို ကြိုးမဲ့ ချိတ်ဆက်မှု ပုံစံတွေလည်း ရမှာပါ။

TV စနစ်မှာ Android စနစ်သုံးထားပြီး Google Play Store ကိုလည်း ချိတ်ဆက်ပါရှိပါတယ်။ Google Account လုပ်ထားနိုင်တယ်၊ ချိတ်ဆက်နိုင်တယ်၊ လိုင်းတွေ ဖမ်းမယ် ဆိုရင်လည်း URL ကို သွားပြီး သတ်မှတ် မော်ဒယ်ရဲ့ Code ကို ထည့်လိုက်တာနဲ့ လိုင်းဖမ်းတာတွေ အားလုံး အလိုအလျောက်နဲ့ လုပ်ဆောင်သွားမှာပါ။ Netflix လည်း ဖမ်းယူနိုင်မှာပါ။ YouTube, Google Play Movies, Google Play Music နဲ့ အခြား Android စနစ်သုံး App တွေလည်း ထည့်သွင်း ပါရှိပါတယ်။ Chromecast စနစ်လည်း ပါတယ်။ သူက အခြား Google ကနေ ရယူနိုင်မယ့် ရုပ်သံ ဝန်ဆောင်မှု လိုင်းတွေ ကို ပိုမို ရရှိစေမှာပါ။ ဂိမ်းခလုတ်တွေ တပ်ဆင်ပြီး Android စနစ် ဂိမ်းတွေကိုလည်း ကစားနိုင်မှာပါ။

Memory အနေနဲ့လည်း ပါရှိအောင် ထည့်သွင်း ဖန်တီးထားပြီး 16 GB ပါရှိပါတယ်။ ဒါပေမယ့် 10 GB ပဲ တကယ်သုံးနိုင်မှာ ပါ။ ဒါပေမယ့် အရေးတော့ မကြီးပါဘူး။ App တွေ သိမ်းဖို့တော့ လုံလောက် ကောင်းမွန်တဲ့ ပမာဏပါ။ ARM CPU ကို ထည့်ထားပြီး GPU က Mali-T860 ဖြစ်ပါတယ် RAM က 2.56 GB ရှိပါတယ်။ မျက်နှာပြင် ၅၅ လက်မမှာ Pixel သိပ်သည်းဆ 3840×2160 နဲ့ ပြသပေးနိုင်ပါတယ်။ အလင်းထွက်နှုန်း နည်းနည်း များချင်ပေမယ့် ရုပ်ထွက်က တန်ုဖိုးနည်း မော်ဒယ် တခု အနေနဲ့တော့ သင့်ပါတယ်။ ဈေးကွက်ထဲ ရောက်လာတဲ့ အခုနှစ် အတွက် အကောင်းဆုံး တန်ဖိုးနည်း 4K မော်ဒယ်တခုပါ။

Ref: www.m.gadgets.ndtv.com

Did you find apk for android? You can find new Free Android Games and apps.
Loading