IT

အရောင်သစ် အနက်ရောင် ထွက်ရှိလာတဲ့ OPPO A37 စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

OPPO စမတ်ဖုန်းကုမ္ပဏီမှ ဈေးကွက်ထဲမှာ လူကြိုက်များပြီး တန်ဖိုးသင့် စမတ်ဖုန်း တလုံးဖြစ်တဲ့ OPPO A37 စမတ်ဖုန်းကို ယခင် ရွှေရောင်၊ နှင်းဆီရွှေရောင် (Gold, Rose Gold) တို့အပြင် အရောင်သစ်အနေနဲ့ အနက်ရောင် (Black Edition) ထပ်မံထုတ်လုပ်တယ်လို့ သိရပါတယ်။

OPPO A37 စမတ်ဖုန်းမှာ HD အရည်အသွေးရှိ ၅.၂ လက်မ မျက်နှာပြင်ကို အသုံးပြုထားပြီး အကြမ်းခံတဲ့ Corning Glass 4 ဖုံးအုပ်ပေးထားတယ်လို့ သိရပါတယ်။

ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ 4G စနစ်ကို အပြည့်အဝ ထောက်ပံ့ပေးထားပြီး Triple SIM Slot အမျိုးအစားဖြစ်တာကြောင့် ဖုန်းပြောရန်အတွက် ပုံမှန် ဆင်းမ်ကတ် ၂ ကတ်အပြင် SD Card ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ကင်မရာ အရည်အသွေးအနေနဲ့ အနောက်ဘက် ကင်မရာကို 8 Mega pixel အသုံးပြုထားပြီး အရှေ့ဘက် Selfie ကင်မရာကို 5 Mega pixel အသုံးပြုတပ်ဆင်ထားတာ တွေ့ရပါတယ်။ CPU အနေနဲ့ Quad-core 1.2 GHz အသုံးပြုထားပြီး 2GB RAM နဲ့ 16GB ROM တို့ ပါဝင်ပါတယ်။

Color OS 3.0 အသုံးပြုထားပြီး Android Version 5.1 ပါဝင်ပါတယ်။ OPPO A37 စမတ်ဖုန်းမှာ ဘက်ထရီ အားပမာဏ 2630 mAh Li-Po Battery အသုံးပြုထားတယ်လို့ သိရပါတယ်။

OPPO A37 အနက်ရောင် စမတ်ဖုန်းကို ဝယ်ယူသူများအနေနဲ့ အထူးအခွင့်အရေးအဖြစ် Ooredoo ကပေးတဲ့ Data Package ကို တလလျှင် ငွေဖြည့်ကဒ် ၅ဝဝဝ ကျပ် ဖြည့်သွင်းပြီး 2GB အင်တာနက် အခမဲ့ ရရှိမှာဖြစ်ပြီး ၆ လဆက်တိုက်အထိ စုစုပေါင်း 12GB အင်တာနက် ရရှိမှာ ဖြစ်ပါတယ်။

OPPO A37 စမတ်ဖုန်း အနက်ရောင်ကို ယခုလမှ စတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ဈေးနှုန်း ၁၇၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading