IT

Lamborghini ကနေ ထုတ်တဲ့ Android စနစ်သုံးဖုန်း Alpha-One

Want create site? Find Free WordPress Themes and plugins.

အခု ကုမ္ပဏီ Lamborghini က မော်တော်ကား ထုတ်လုပ်တဲ့ အီတလီအခြေစိုက် Automobili Lamborghini မဟုတ်ပါဘူး။ Tonino Lamborghini အမည်နဲ့ ကုမ္ပဏီဖြစ်ပြီး သူက ကုမ္ပဏီရဲ့ပထမဆုံးထုတ် Android စနစ်သုံး အဆင့်မြင့်ဖုန်း Alpha-One ကို The Verge လို မီဒီယာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မော်ဒယ်ကိုတော့ Alpha-One လို့ ခေါ်ထားတာ တွေ့ရပြီး သတ္တုသားကိုယ်ထည်၊ အီတလီလက်ချုပ် သားရေသားအနက် ရောင်အဖုံးတွေနဲ့ ဖုန်းရဲ့သီးခြား အဖုံးကိုလည်း သားရေသားနဲ့ ဖန်တီးထားပြီး ဖုန်းနဲ့အတူ တပါတည်း ရောင်းချလာမှာ ဖြစ် ပါတယ်။

စမ်းသပ် အသုံးပြုမှုတွေကို မှတ်ချက်ပေး သုံးသပ်ချက်တွေအရတော့ မော်ဒယ်က အဆင့်မြင့် ဖန်တီးထားတဲ့ ဖုန်းတလုံးလို့ ဆိုပါတယ်။ Processor ကိုတော့ ရှေ့ထွက် Snapdragon 820 ကိုပဲ သုံးထားတာ တွေ့ရပါတယ်။

မျက်နှာပြင်စနစ်က AMOLED နဲ့ ဖြစ်ပါတယ်။ နောက်ထွက်မယ့် iPhone မှာ သုံးမယ်လို့ ယူဆရတဲ့စနစ်မျိုးပါ။ ရုပ်ထွက်က Quad HD ရုပ်ထွက်ထိအောင် ပြသပေးနိုင်မှာ ဖြစ်ပြီး Pixel သိပ်သည်းဆ 2560×1440 နှုန်းနဲ့ ရုပ်ထွက်တွေ မြင်ရမှာပါ။ မျက်နှာပြင် အရွယ်ကတော့ ၅.၅လက်မ ဖြစ်ပါတယ်။

RAM ကတော့ 4GB ရှိမယ်၊ Internal Memory က 64 GB ပါရှိမှာ ဖြစ်ပြီး SD ကတ်စိုက် သုံးနိုင်အောင် ထုတ်လုပ်ထားပြီး 128 GB ထိအောင် ထပ်စိုက်နိုင်မှာပါ။

ဘက်ထရီက 3250 mAh အားထိန်း ဘက်ထရီကို ထည့်ထားပြီး ကင်မရာပိုင်းမှာ ရှေ့ဘက် Selfie ကင်မရာက 8 MP ရှိမှာ ဖြစ်ပြီး နောက်ဘက် ပင်မကင်မရာကတော့ 20 MP ထိအောင် ရှိမှာလည်း ဖြစ်ပါတယ်။

USB-C အပေါက် ထည့်သွင်းထားတယ်၊ Quick Charge လို စနစ်လည်း သုံးနိုင်မှာပါ။ ဖုန်းရဲ့လုံခြုံရေးစနစ်အတွက် လက် ဗွေဖတ်စနစ်လည်း ပါရှိတယ်။

အသံပိုင်းအတွက်က စပီကာတွေက အမျာစုသော ဖုန်းတွေမှာက နောက်ဘက်နဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ ထည့် သွင်း ဖန်တီးထားတတ်ပေမယ့် အခု မော်ဒယ်မှာတော့ HTC တွေရဲ့ ဒီဇိုင်းမျိုး စပီကာက ဖုန်းရဲ့ရှေ့ဘက်မျက်နှာပြင်မှာ ရှိ မှာ ဖြစ်ပါတယ်။ နားကြပ်ပေါက်လည်း ပါရှိပါတယ်။

Wi-Fi ရမယ်၊ Bluetooth ရမယ်၊ GPS သုံးနိုင်မယ်၊ Sim ကတ် ၂ကတ် ထည့်သုံးနိုင်မယ်။ Nano အရွယ်အစား ထည့်ရမှာ ပါ။ GSM စနစ်မှာပဲ သုံးနိုင်ပါလိမ့်မယ်။ 4G စနစ်ကို ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းက ၈ မီလီလောက်ပဲ ထူမှာပါ။

Android v7.0 ကို ထည့်သွင်း ဖန်တီးထားတာ ဖြစ်ပြီး မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၂၄၅၀ (စတာလင်ပေါင် ၁၉၁၅)နဲ့ ရောင်းချလာဖို့ ရှိနေပါတယ်။

မော်ဒယ်ကို အခုလထဲမှာ ဈေးကွက်အတွင်း အွန်လိုင်းက တဆင့် ရောင်းချလာဖို့ ရှိနေပြီး တန်ဖိုးမြင့်ဖုန်း အသုံးများတဲ့ အင်္ဂ လန်နဲ့ ယူအေအီးတွေမှာ အောင်မြင်မှု ရအောင် ရောင်းချဖိ့ု စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်မှာတော့ လန်ဒန်အခြေစိုက် Harrods က ကိုယ်စားလှယ် ယူ ရောင်းချမှု လုပ်ဆောင်ဖို့ ရှိနေပြီး UAE မှာတော့ Dubai Mall’s Levantလို ဆိုင်တွေမှာ တင်ပြရောင်းချဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading