IT

ဖုန်းအားသွင်းချိန် အန္တရာယ်ကင်းဖို့ ဆိုရင်...

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ် တွင်တွင်ကျယ် အသုံးများတဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ အခါမှာ ပေါက်ကွဲမှုလို မတော်တဆတွေ မဖြစ်ရအောင် အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံးပုံစံ အားသွင်းနိုင်မယ့် အချက်တွေ အကြံပြုပါ့မယ်။ စမတ်ဖုန်းတွေ တင် မဟုတ်ဘဲ Tablet တွေ အတွက်လည်း အခုပုံစံအတိုင်း အသုံးပြု အားသွင်းနိုင်ဖို့ ဖြစ်ပါတယ်။ဒီနေ့ခေတ် တွင်တွင်ကျယ် အသုံးများတဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ အခါမှာ ပေါက်ကွဲမှုလို မတော်တဆတွေ မဖြစ်ရအောင် အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံးပုံစံ အားသွင်းနိုင်မယ့် အချက်တွေ အကြံပြုပါ့မယ်။ စမတ်ဖုန်းတွေ တင် မဟုတ်ဘဲ Tablet တွေ အတွက်လည်း အခုပုံစံအတိုင်း အသုံးပြု အားသွင်းနိုင်ဖို့ ဖြစ်ပါတယ်။

(၁) ဈေးချိုပြီး အရည်အသွေးနိမ့်တဲ့ အားသွင်းခေါင်းတွေကို မသုံးပါနဲ့

ဈေးကွက်ထဲမှာ ကျပ်ထောင်ဂဏန်းလောက်နဲ့ ရနိုင်နေတဲ့ အားသွင်းခေါင်းတွေ ရှိပါတယ်။ စိတ်မချရပါဘူး။ သိန်းကျော်တန် ဖုန်းတလုံး အတွက်ရော မတော်တဆမှု ဖြစ်ခဲ့ရင် မိမိကိုယ်တိုင်အတွက်ရော ဈေးချိုပြီး အရည်အသွေး မကောင်းတဲ့ အားသွင်းခေါင်းနဲပ ပြဿနာအဖြစ် အခံပါနဲ့။

အရည်အသွေးအားနည်းတဲ့ အားသွင်းခေါင်းတွေဟာ မတော်တဆပေါက်ကွဲမှု ဖြစ်နှုန်းများပါတယ်။ ကိုယ်တိုင် မရွေးချယ် တတ်ရင် ကျွမ်းကျင်ဆိုင်မှာ မိမိဖုန်းကို ပြသပြီး သင့်လျော်မယ့် အားသွင်းခေါင်းကို ရွေးချယ်ဖို့ အကြံပြု တောင်းခံပြီး ရွေးချယ်ဝယ်ယူ အသုံးပြုပါ။

(၂) ဘက်စုံသုံး အားသွင်းခေါင်းသုံးမယ် ဆိုရင် စိတ်ချရတဲ့ ခေါင်းကို သုံးပါ

ဒီနေ့ခေတ် လူတယောက်မှာ အနည်းဆုံး စမတ်ဖုန်း ၁ လုံးကနေ တချို့ဆိုရင် ဖုုန်း၂ လုံး၊ ဒါမှ မဟုတ် ဖုန်းရော တက်ဘလက်ရော ရှိတတ်၊ သုံးတတ်ကြပါတယ်။ အဲဒီမှာ ဖုန်းတလုံးချင်း စီ၊ စက်တခုချင်းစီ အတွက် အားသွင်းကြိုးတခုစီ သုံးရပါတယ်။

အဲဒီမှာ တချို့က ဘက်စုံသုံး အားသွင်းခေါင်းကို သီးသန့် ဝယ်လိုက်တယ်၊ အဆိုပါ အားသွင်းခေါင်းနဲ့ပဲ ဖုန်းရော တက်ဘ လက်ရော အားလုံးကို စုပြီး အားသွင်း အသုံးပြုလေ့ရှိပါတယ်။ အဲဒီမှာ အဆိုပါ ဘက်စုံသုံးအားသွင်းခေါင်းက ပုံမှန် စက်တလုံး အားသွင်းခေါင်းထက်ကိုပဲ အလုပ် ပိုလုပ်လာရပါတယ်။

ဒီအတွက် ဘက်စုံသုံး အားသွင်းခေါင်း သုံးသူတွေက အထက်မှာ ပြောခဲ့တဲ့ ဈေးချိုတဲ့ အားသွင်းခေါင်းမျိုးတွေ အပြင် စိတ် မချရတဲ့ အမှတ်တံဆိပ်တွေရဲ့ အားသွင်းခေါင်းတွေကိုပင် မသုံးတာ အကောင်းဆုံးပါ။ အရည်အသွေးမြင့် ဘက်စုံသုံးအား သွင်းခေါင်းကို သုံးပါ။

(၃) မူလ ကုမ္ပဏီထုတ် အားသွင်းခေါင်းက စိတ်အချရဆုံးပါ

အချို့သော စမတ်ဖုန်း၊ တက်ဘလက်ထုတ် ကုမ္ပဏီတွေက ကုမ္ပဏီထုတ် မော်ဒယ်တွေ အတွက် နောက်ထပ် အပို အားသွင်းခေါင်းတွေ ကိုပါ ထုတ်လုပ် ရောင်းချတတ်သလို တချို့ကလည်း ဘယ်လို အားသွင်းခေါင်းကို အစားထိုး သုံးနိုင်တယ် လို့ လမ်းညွှန်ထားတာ တွေ့ရပါတယ်။ ဒီလို လမ်းညွှန်ထားတဲ့ အားသွင်းခေါင်း ဒါမှမဟုတ် မူလ ကုမ္ပဏီထုတ် အားသွင်းခေါင်းကို အသုံးပြုတာ အကောင်းဆုံးပါ။

(၄) ဖုုန်းအားသွင်းချိန်မှာ ဖုန်းကို ဖုံးအုပ်ထားမှု မရှိပါစေနဲ့

ကျနော်တို့ တခါတလေမှာ ဖုန်းအားသွင်းရင်း မီးလောင်တာတွေ၊ ပေါက်ကွဲတဲ့ သတင်းတွေ ကြားဖူးကြပါတယ်။ အားသွင်း ခေါင်းကောင်းတာ သုံးတဲ့ အပြင် အားသွင်းနေချိန်မှာ ဖုန်းအပေါ်မှာ ဘာနဲ့မှ ဖုံးအုပ်ထားမိတာမျိုး မဖြစ်ပါစေနဲ့။ ဖုန်း အားသွင်း ချိန်မှာ ဖုန်းကနေ အပူလှိုင်းထွက်ရှိပြီး အဆိုပါ ဖုံးအုပ်မိထားစေတဲ့ အနေအထားက ဖုန်းကို အပူချိန်တက် ပိုမြန် စေပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်စေဖို့ ရာခိုင်နှုန်း များစေပါတယ်။ အားသွင်းချိန် ဖုန်းကို ပြင်ပလေနဲ့ ထိတွေ့နေပါစေ၊ အပူပျံ့နှံ့မှု ကောင်းစေပြီး အပူချိန် တက်နှေးစေ၊ အေးမြနေစေပါတယ်။

(၅) ညလုံးပေါက် အားသွင်းအိပ်ခြင်းမျိုး မလုပ်ပါနဲ့

အားသွင်းခေါင်း မကောင်းတာတွေကြောင့် ညလုံးပေါက် ဖုန်းအားသွင်းပြီး အိပ်တတ်သူတွေမှာ ဖုန်းအားသွင်းရင်း မီးလောင်မှု ပိုဖြစ်စေနိုင် ပါတယ်။ ဖုန်းက ဘက်ထရီအား ပြည့်သွားသည့် တိုင်အောင် အားသွင်းခေါင်းက အားဆက် စီးနေစေပြီး ဘက်ထရီ အပူချိန် တက်လာသလို မီးလောင်မှု ဖြစ်လာစေနိုင်ပါတယ်။ ညလုံးပေါက် ဖုန်းအားသွင်းအိပ်တဲ့ အကျင့် မလုပ်ပါနဲ့။

(၆) အားသွင်းခေါင်းမှာ ပြစ်ချက်ရှိသလား စစ်ဆေးအသုံးပြုပါ

အားသွင်းကြိုး စပေါက်နေ၊ ဖွာထွက်နေတာတွေ ရှိသလား၊ ခေါင်းတွေက မိလိုက် မမိလိုက် ဖြစ်နေသလား၊ အားသွင်းခေါင်း မှာရော အက်နေတာတွေ၊ ထိခိုက်မိထားတာတွေ ရှိလား စစ်ဆေးပါ။ ထိခိုက်မှု ရှိထားတဲ့ အားနည်းချက်နဲ့ အားသွင်းခေါင်းက မီးလောင်မှု ဖြစ်စေဖို့ အခြေအနေများစေပါတယ်။ တခါတရံ လျှပ်ကူးလို့ ဓာတ်လိုက်တာမျိုး တွေလည်း ဖြစ်စေနိုင် ပါတယ်။

(၇) အထိုင် အားသွင်းပေါက် တခုတည်းမှာ ပြုံပြီး အားမသွင်းပါနဲ့

အားသွင်းစရာ ပင်မလျှပ်စစ်ပေါက် နည်းနေတဲ့နေရာတွေမှာ ပြုံပြီးရှိတဲ့ အားသွင်းပေါက်မှာတင် စုပြီး အားသွင်းတတ်ကြ တာ တွေ့ဖူးပါတယ်။ အဆိုပါ အထိုင်တခုတည်းကနေ ဖုန်း၊ တက်ဘလက် အများအပြား စုပြီး အားမသွင်းပါနဲ့။ လျှပ်စစ် အထိုင်ခုံတခုံဟာ အများဆုံး 13 amps အထိပဲ သုံးသင့်ပါတယ်။ အဆိုပါနှုန်းထက် ပိုမသုံးပါနဲ့။ ။

Ref: www.saga.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading