IT

သမ္မတ ထရမ့်က ဘယ်လို ဖုန်းမျိုးသုံးတာလဲ

Want create site? Find Free WordPress Themes and plugins.

၂၁ ရာစု စမတ်ဖုန်း သုံးသူတိုင်းမှာ ရှိနေတဲ့ Facebookလို လူမှု ကွန်ရက်စနစ် App တွေ အပါအဝင် အင်တာနက် အသုံးပြုနိုင်ဖို့ Web Browser ဆိုတာ ဖုန်းတိုင်းမှာ ထည့်ထားကြပါတယ်၊ လူတိုင်းလိုလို သုံးနေပေမယ့် လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ iPhone မှာတော့ အင်တာနက် သုံးနိုင်မယ့် Web Browser မပါဘူးလို့ သိရပါတယ်။

သိရသလောက်တော့ ထရမ့်ဟာ Twitter ကို သုံးပါတယ်။ ဒါပေမယ့် Twitter အသုံးပြုခြင်းဟာ အမှန်တကယ် အင်တာနက် အသုံးပြုခြင်း မဟုတ်ပါဘူး။ လှုမှုကွန်ရက်ကို ဝင်ရောင် အသုံးပြုခြင်းသာ ဖြစ်ပါတယ်။ အခုလို ထရမ့်ရဲ့ ဖုန်းမှာ Web Browser မ ပါဘူး ဆိုတာကလည်း ပြီးခဲ့တဲ့ သောကြာနေ့ကမှ New York Times သတင်းစာရဲ့ ဖော်ပြချက် အရ သိလာရတာ ဖြစ်ပါတယ်။

ထရမ့်ဟာ Fox News ကနေ လာတဲ့ သတင်းတွေကို အမြဲ ကြည့်လေ့ရှိတယ် လို့ သိရပြီး သူ့ရဲ့ သတင်း မှတ်သား ယုံကြည်မှုကိုလည်း အဆိုပါ သတင်းတွေ ကြည့်ရင်းကနေ မှတ်သား လက်ခံလေ့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ သတင်းတွေ ကြည့်နေသည့်တိုင် အခြား အင်တာနက် သတင်းတွေ၊ အသုံးတွေ သုံးဖို့တော့ ထရမ့်ရဲ့ ဖုန်းမှာ Web Browser မပါရှိဘူး တဲ့။

ဒါအပြင် ထရမ့်က လက်တော့ အိတ်ဆောင် ကွန်ပျူတာလည်း မသုံးပြန်ပါဘူး တဲ့။ သူ ပြောလို၊ ဆိုလို၊ သိလိုတဲ့ အရာတွေကို စာရွက် အဖြစ် ထုတ်ဖော် ရိုက်နှိပ်ထားတဲ့ အနေအထားမှာပဲ ဖတ်ရှု ပြောဆိုလေ့ရှိတယ် လို့ သိရသလို အဆိုပါ စာရွက်ထုတ်ပြီး အနေအထား သူ လက်ခံနိုင်လောက်တဲ့ စာရွက်စာတမ်းတွေကို သူ့ရဲ့ အကြံပေးချုပ် Stephen K. Bannon ကနေ တာဝန်ယူ ကိုုင်တွယ် စစ်ဆေးပြီးမှ ထရမ့်ဆီကို တင်ပြလေ့ရှိတယ် လို့ သိရပါတယ်။

အခုနှစ် အစောပိုင်းကမှ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တွေ အရ ထရမ့်ဟာ iPhone ကို စတင် အသုံးပြုလာခဲ့တာ ဖြစ်ပြီး အရင်ကတော့ Samsung Galaxy S3 ကို အသုံးပြုနေခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ ဒါပေမယ့် သမ္မတရဲ့ iPhone က အခြား iPhone တွေနဲ့တော့ သိပ်မတူပါဘူး။ Axios ရဲ့ ဖော်ပြချက် အရဆိုရင် ထရမ့်ရဲ့ iPhone မှာ App တခုပဲ ရှိပြီး Twitter ဖြစ်တယ် လို့ ဆိုပါတယ်။

သင့် အနေနဲ့တော့ ထရမ့်က အခုလို အင်တာနက် Web Browser တွေကိုရော အခြား App တွေကိုရော ဘယ်လို ဖျောက်ဖျက် ထားသလဲ ဆိုတာ အံ့သြနေပါလိမ့်မယ်။ သင့် အနေနဲ့လည်း မလိုချင်တဲ့ App တွေကို ဖျောက်ဖျက် ထားနိုင်ပါတယ်။ Settings ကနေ General၊ ပြီးတော့ Restrictions ထဲ ဝင်လိုက်ရုံပါပဲ။

Passcode တော့ တောင်းပါလိမ့်မယ်။ Passcode မှန်အောင် ပေးလိုက်ပြီ ဆိုတာနဲ့ သင့်ဖုန်းထဲက Safari လို Web Browser အပါအဝင် ကင်မရာရော၊ FaceTime လို App ရော အားလုံးကို ဖျောက်ထားနိုင်မှာပါ။ ပြီးတော့ Siri, Air Drop, Car Play လို အခြား အမိန့်ပေး App တွေကိုလည်း ပိတ်ထားနိုင်ပါတယ်။ အခြား App တွေကို Uninstall လုပ်ခြင်း ပုံစံနဲ့ အလွယ်တကူ ပြန်ထုတ်ဖယ်နိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ပြီး ထရမ့်ရဲ့ ဖုန်းကို အိမ်ဖြူတော်သုံး Software စနစ် ဖြစ်တဲ့ MDM လည်း ထည့်သွင်း ဖန်တီးထားပြီး ဒီစနစ်ကိုတော့ Apple နဲ့ ပူးပေါင်း ထည့်သွင်း အသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်တယ်လို့ Apple ရဲ့ ဘလော့ဂါ တယောက်ဖြစ်တဲ့ John Gruber ရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

ထရမ့် အနေနဲ့ အခုလို ကွန်ပျူတာ အသုံးပြုမှုရော ဖုန်း အသုံးပြုမှု အပိုင်းမှာပါ အသုံးနည်းခြင်းက ကမ္ဘာတလွှားက ဟက်ကာတွေရဲ့ ရန်ကို စိုးရွံ့လု့ိ ဖြစ်နိုင်ပြီး အခုလို အသုံးလည်း လျော့ချလိုက်သလို ဖုန်းကိုလည်း လုံခြုံရေး အဆင့် အကောင်းဆုံး ထားလိုက်ခြင်းက ဟက်ကာတွေရဲ့ ရန်ကနေ အကောင်းဆုံး ကာကွယ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဒီဖုန်းက ဖုုန်းကောင်းလေး တလုံးပါ၊ ဖန်တီးမှုလည်း ကောင်းမွန်ပါတယ်၊ ဒါပေမယ့် ဓာတ်ပုံ ရိုက်လို့ မရဘူး၊ စာတွေ ရိုက်လို့လည်း မရဘူး။ ဒီဖုန်းက အလုပ် မလုပ်သလိုပဲ ဗျ၊ ခင်ဗျား အနေနဲ့ သီချင်းတောင် နားထောင်လို့ ရမှာ မဟုတ်ဘူးလို့ အရင်နှစ် အတွင်းကလည်း သမ္မတ ကိုင်တဲ့ ဖုန်းနဲ့ ပတ်သတ်ပြီး သမ္မတဟောင်း ဘာရက် အိုဘားမားက ဟာသ အဖြစ် ပြောခဲ့တာ မှတ်မိနေပါသေးတယ်။

အော် .. ဒါဆိုရင်တော့ အမေရိကန် သမ္မတတွေရဲ့ ဖုန်းက ဖုန်းဆိုမှ ဖုန်းလို့ ပြောရမယ့် ဘာမှ လောက်လောက်လားလား သုံးမရရှာတဲ့ ဖုန်းလို့ ဆိုရလေမလားပဲ။ ။

Ref: www.businessinsider.com 

Did you find apk for android? You can find new Free Android Games and apps.
Loading