Apple ရဲ့နောက်ဆုံးပေါ် iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ကို စက်တင်ဘာလ ၁၂ ရက်နေ့က Steve Jobs Theater မှာ မိတ်ဆက်လိုက်ပါတယ်။
မျက်နှာပြင်နဲ့ Display အပိုင်း
အသစ်ထွက်ရှိလာတဲ့ iPhone 8 နဲ့ 8 Plus တို့ရဲ့မျက်နှာပြင်အရွယ်အစားက ယခင် ထွက်ရှိထားတဲ့ iPhone 7, 7 Plus တို့ရဲ့အရွယ်အစားအတိုင်းပဲဖြစ်ပြီး Screen Display ကိုတော့ Retina HD Display အသုံးပြုထားတာ တွေ့ရပါတယ်။
iPhone X မျက်နှာပြင်အရွယ်အစားကတော့ ၅.၈ လက်မ အကျယ်ရှိပြီး OLED Panel Display (Super AMOLED Display) အသုံးပြုထားတာ တွေ့ရပါတယ်။ iPhone X မှာတော့ Super Retina Display ကို အသုံးပြုထားတာ တွေ့ရပါတယ်။
လူကြိုက်များတဲ့ iPhone X ဒီဇိုင်း
လူကြိုက်များနေတဲ့ iPhone X ရဲ့ဒီဇိုင်းက Home Button မပါဝင်တော့ဘဲ မျက်နှာပြင်အပြည့် ဒီဇိုင်းနဲ့ ထွက်ရှိလာတာ တွေ့ရပါတယ်။ ဖုန်းရဲ့ကိုယ်ထည်အပိုင်းကို “Surgical-Grade” Stainless Steel နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ iPhone 8,8 Plus, iPhone X သုံးခုစလုံးဟာ iPhone 7, 7Plus ဖုန်းများလိုပဲ ဖုန်ဒဏ်နဲ့ ရေစိုဒဏ် ခံနိုင်ရည်ရှိပြီး Water Resistance IP 67 အဆင့် ပါဝင်တာ တွေ့ရပါတယ်။
ကင်မရာ အရည်အသွေး
ကင်မရာ အရည်အသွေး အပိုင်းအနေနဲ့ iPhone 8 နဲ့ iPhone 8 Plus မှာ 12 Mega Pixel အရည်အသွေးရှိ ကင်မရာ အသုံပြုထားပြီး f/1.8 နဲ့ f/2.8 apertures တို့ ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် iPhone 8 Plus မှာ ပါဝင်တဲ့ Dual ကင်မရာရဲ့ “Portrait Lighting” Feature ကို အသုံးပြုပြီး Portrait ဓာတ်ပုံများ ရိုက်တဲ့အခါ အလင်းကို လိုသလို ချိန်ညှိပြီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
iPhone X ရဲ့ကင်မရာအရည်အသွေးအပိုင်းကတော့ 12 Mega Pixel Dual Camera ကို အသုံးပြုထားပြီး f/1.8 နဲ့ f/2.4 aperture တို့ ပါဝင်ပါတယ်။ ဒါ့အပြင် iPhone X ရဲ့အရှေ့ဘက်အခြမ်းမှာ ပါဝင်တဲ့ True Depth Camera က မျက်နှာပေါ်က မတူညီတဲ့ ကြွက်သား ၅၀ ရဲ့ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး အသုံးပြုသူရဲ့မျက်နှာသွင်ပြင်ကို 3D Sensor ကနေ လှုပ်ရှားနေတဲ့ Emoji ကို အသံနဲ့တကွ ဖော်ပြပေးနိုင်တဲ့ Animoji နည်းပညာ ပါဝင်လာတာ တွေ့ရပါတယ်။
ဘက်ထရီအပိုင်း
ဘက်ထရီအပိုင်းမှာတော့ iPhone 8 နဲ့ 8 Plus က ယခင်ထွက်ရှိထားတဲ့ iPhone 7,7 Plus ဖုန်းများနဲ့ ဘက်ထရီ သက်တမ်း အတူတူပဲဖြစ်ပြီး iPhone X ကတော့ သူတို့ထက် ဘက်ထရီသက်တမ်း ၂ နာရီ ပိုမို အသုံးခံတယ်လို့ သိရပါတယ်။ iPhone 8,8 Plus, iPhone X သုံးခုစလုံးကို ကြိုးမဲ့အားသွင်းစနစ်နဲ့ အသုံးပြုအားသွင်းနိုင်ပါတယ်။
Memory & Storage
Memory အနေနဲ့ iPhone 8 မှာ RAM 2GB ပါဝင်ပြီး iPhone 8 Plus နဲ့ iPhone X မှာတော့ RAM 3GB ပါဝင်ပါတယ်။ Storage အပိုင်းမှာတော့ 64 GB, 256 GB ဆိုပြီ ၂ မျိုး ရရှိနိုင်မယ်လို့ သိရပါတယ်။
OS
Operating System (OS) အနေနဲ့ iPhone 8,8 plus, iPhone X တို့မှာ Apple ရဲ့နောက်ဆုံးထွက် iOS 11 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Processor အရည်အသွေးပိုင်းအနေနဲ့ iPhone 8,8 Plus နဲ့ iPhone X သုံးခုစလုံးမှာ A11 Bionic Processor အသုံးပြုထားပါတယ်။
အရောင်
အရောင်အားဖြင့် iPhone 8 နဲ့ iPhone 8 Plus ဖုန်းများကို Silver, Gold, Space Gray စတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး iPhone X ကိုတော့ Silver နဲ့ Space Gray ဆိုပြီး အရောင် ၂ မျိုး ရရှိမယ်လို့ သိရပါတယ်။
ဈေးနှုန်း
iPhone 8, iPhone 8 Plus တို့ကို ဈေးနှုန်းအားဖြင့် iPhone 8 (64GB) ကို အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာ၊ iPhone 8 (256GB) ကို အမေရိကန်ဒေါ်လာ ၈၄၉ ဒေါ်လာ၊ iPhone 8 Plus (64GB) ကို အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ iPhone 8 Plus (256GB) ကို အမေရိကန်ဒေါ်လာ ၉၄၉ ဒေါ်လာတို့နဲ့ စက်တင်ဘာလ ၂၂ ရက် နေ့မှာ စတင်ရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။
iPhone X ကတော့ ဈေးနှုန်းအနေနဲ့ iPhone X (64GB) ကို အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာ၊ iPhone X (256GB) ကို အမေရိကန်ဒေါ်လာ ၁၁၄၉ ဒေါ်လာတို့နဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ။