တောင်ကိုရီးယား အခြေစိုက် Samsung ကနေ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ 2017 Samsung Galaxy Tab A ကို ဗီယက်နမ် ဈေးကွက်မှာ မိတ်ဆက် လာတာ တွေ့ရပါတယ်။ အဆိုပါ မော်ဒယ်က နောက်ဘက် ပင်မကင်မရာကို 8 MP နှုန်းရှိတဲ့ ကင်မရာကို ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။
နောက်ဘက် ကင်မရာ အတွက်ကတော့ ညဘက် ရိုက်ကူးမှုတွေမှာပါ အဆင်ပြေအောင် LED မီးစနစ်လည်း ပါရှိလာတာ ဖြစ်ပါတယ်။ ရုပ်သံ ရိုက်ကူးမှုတွေကို 1080 p နှုန်းထားနဲ့ ရိုက်ကူးလာနိုင်မှာလည်း ဖြစ်ပါတယ်။ HDR Pro လို စနစ်လည်း သုံးနိုင်လာတာ တွေ့ရပါတယ်။
စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်မှု ရနေတဲ့ကုမ္ပဏီအနေနဲ့ အခုမော်ဒယ်ကို အိန္ဒိယမှာလည်း မိတ်ဆက်နေသလို ဗီယက်နမ်မှာလည်း ဈေးနှုန်း ဒေါ်လာ ၂၈၅ (၃၈၅၃၂၀ ကျပ်ခန့်) နဲ့ ရောင်းချနေတာ တွေ့ရတယ်လို့ indianrxpress.com မှာ ဖော်ပြထားတာ လည်း တွေ့ရပါတယ်။
မော်ဒယ်က ရှေ့ဘက် Selfie ကင်မရာ အတွက်ကိုတော့ 5MP ရှိတဲ့ ကင်မရာကို ထည့်သွင်း ဖန်တီးထားပြီး ဒီကင်မရာက အွန်လိုင်းကနေ Video Call တွေ ခေါ်ဆိုချိန်မှာပါ အကောင်းဆုံး အသုံးဝင်စေမှာလည်း ဖြစ်ပါတယ်။ ချိတ်ဆက် အသုံးပြုနိုင်မှု အပိုင်းမှာတော့ မော်ဒယ်က LTE စနစ်ထိ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
GPS စနစ် သုံးနိုင်လို့ တည်နေရာ အတွက် အကောင်းဆုံး အသုံးဝင်မယ်၊ မော်တော်ယာဉ်နဲ့ သွားလာသူတွေ အနေနဲ့လည်း ကားမှာ GPS မပါသည့်တိုင်အောင်အခု Tab A နဲ့ မျက်နှာပြင် ကြီးကြီး ကြည့်ရှု သွားလာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Wi-Fi က Dual-band ပုံစံနဲ့ သုံးနိုင်မယ်။ GLONASS လည်း ရမယ်၊ BeiDou လည်း ချိတ်နိုင်မယ်။ မိမိ Tab A ကနေလည်း Wi-Fi လွှင့်ပေးလို့ ရနိုင်မှာပါ။ Bluetooth v4.2 စနစ်ကို ကြိုးမဲ့ အနေနဲ့လည်း ချိတ်ဆက်နိုင်မှာပါ။
ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက်ကတော့ microUSB ကို ထည့်ထားပြီး v2.0 ဖြစ်ပါတယ်။ အခုထက် USB က Version မြင့်ရင်တော့ ပိုကောင်းမယ်လု့ိ ထင်မိပါတယ်။ ၃ ဒသမ ၅ မီလီ နားကြပ်ပေါက်လည်း ပါရှိမှာ ဖြစ်ပါတယ်။
ရှေ့ထွက် မော်ဒယ်နဲ့စာရင် အဆင့်မြှင့်ဖန်တီးထားမှုကို တွေ့ရပြီး ဘက်ထရီပိုင်းမှာ ဆိုရင်လည်း 5000 mAh အားထိန်း နိုင်မယ့် ဘက်ထရီထိအောင် အရွယ်အစား ပိုမို ကြီးမားတဲ့စနစ်ကို သုံးလာတာ တွေ့ရပါတယ်။
ကုမ္ပဏီကတော့ အင်တာနက်သုံးနေချိန်ပဲ ဖြစ်ဖြစ်၊ ဘက်စုံသုံးအတွက် မော်ဒယ်က ဘက်ထရီအား ခံချိန် ၁၅ နာရီကျော် လောက်ထိအောင် အသုံးခံမယ်လို့ ဆိုထားလို့ သဘောကျစရာပါ။ Android စနစ်သုံး မော်ဒယ် ဖြစ်ပြီး v7.1 ကို သုံးထား မှာလည်း ဖြစ်ပါတယ်။
ဒီမော်ဒယ်မှာ ထူးခြားချက်အနေနဲ့တော့ Home Mode စနစ် ပါရှိလာတာ ဖြစ်ပြီး ဒီစနစ်က ပြက္ခဒိန်၊ ရာသီဥတု အခြေအ နေ၊ ရက်စွဲတွေကို မြန်မြန်ဆန်ဆန် ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ ပြီးတော့ မှတ်ဉာဏ်နဲ့ သွားမယ့် Backgrond ပါရှိမှာ ဖြစ်ပြီး သူက Tab A ကို သုံးနေသူ အပေါ်ကို မူတည်ပြီးတော့ သုံးစွဲသူ တဦၤးချင်းစီရဲ့စိတ်ကြိုက် နောက်ခံတွေကို ပြောင်း လဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှေ့ပိုင်းမှာတော့ အခု မော်ဒယ်ကို Galaxy Note 8 နဲ့ အတူတူ ဈေးကွက်တင် မိတ်ဆက်လာမယ်လို့ ယူဆခဲ့တာ ဖြစ်ပေ မယ့် ဈေးကွက်ထဲ အနည်းငယ် နောက်ကျနေတာ ဖြစ်ပါတယ်။
ဈေးကွက်အတွင်း အရောင် ရွေးချယ်ဝယ်ယူနိုင်မှုအနေနဲ့ ရွှေရောင်နဲ့ အနက်ရောင်၊ ၂ မျိုးတည်း ဖြန့်ချိနေတာ တွေ့ရသလို အခြား ဈေးကွက်တွေအတွက်တော့ နောက်ထပ်အရောင်တွေ ရွေးချယ်နိုင်စရာ ရှိအောင် ထုတ်လုပ်ဖို့ ရှိတယ်လို့ ကုမ္ပဏီ က ဆိုထားတာကြောင့် ဈေးကွက်အနေအထားအပေါ် မူတည်ပြီးတော့ အရောင် ရွေးချယ်နိုင်မှု ကွဲပြား များပြားလာနိုင်တာ လည်း ဖြစ်ပါတယ်။
Ref: www.financialexpress.com