၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 8 စမတ်ဖုန်းကို ယခုလအတွင်း မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်တော့မယ်လို့ သိရပါတယ်။
“ကျနော်တို့ ၂၀၁၁ ခုနှစ်မှာ Note Series ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Note Series စမတ်ဖုန်းများဟာဆိုရင် တခြား စမတ်ဖုန်းတွေနဲ့ သုံးစွဲရတာ မတူညီဘဲ သုံးစွဲသူတွေအနေနဲ့ကလည်း Note Series ရဲ့တီထွင်ဆန်းသစ်မှုတွေကို အမြဲမျှော်လင့်နေတဲ့အတွက် အခုလိုမျိုး Note Series ချစ်သူတွေအတွက် Samsung က ပိုမိုကြီးမားတဲ့ Big Screen နဲ့ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်တဲ့ Galaxy Note 8 ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
ဆက်လက်ပြီး သူက “Note 8 စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး ၂၇ ရက်နေ့အတွင်း Pre-Order မှာယူနိုင်ပါတယ်။ ကြိုတင်မှာယူထားသူတွေအနေနဲ့ Note 8 စမတ်ဖုန်းများကို စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁ ရက်နေ့များမှာ ရန်ကုန်မြို့၊City Mall မန္တလေးမြို့Skywalk နဲ့ အခြားမြို့ကြီးတွေမှာရှိတဲ့ သတ်မှတ်ထားတဲ့ အရောင်းဆိုင်များမှာ သွားရောက် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
Galaxy Note 8 စမတ်ဖုန်းရဲ့ ၆.၃ လက်မအကျယ်ရှိတဲ့ Quad HD+ Super AMOLED, Infinity Display မျက်နှာပြင်ဟာ မျက်နှာပြင်ကျယ်ကျယ် အသုံးပြုရတာကြိုက်တဲ့ Note ချစ်သူများအတွက် ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ကြည့်တာပဲ ဖြစ်ဖြစ်၊ စာရေး စာဖတ်တာပဲ ဖြစ်ဖြစ်၊ ပန်းချီဆွဲတာပဲ ဖြစ်ဖြစ် မျက်နှာပြင်ကို ကြိမ်ဖန်များစွာ အထက်အောက် ရွှေ့စရာမလိုဘဲ လုပ်ဆောင်ချက်များစွာကို တပြိုင်နက်တည်း လုပ်ဆောင် အသုံးပြုနိုင်မယ့် ဖုန်းတလုံးဖြစ်ပါတယ်။
“Note 8 မှာ ပါတဲ့ S Pen က ဖုန်းမှာ စာရေးတာ၊ ပုံဆွဲတာ၊ Notes မှတ်တာတွေတင်မကဘဲ S Pen Translate လုပ်ဆောင်ချက် ပါဝင်တာကြောင့် နိုင်ငံခြားကို အလည်သွားတာဖြစ်ဖြစ်၊ နိုင်ငံခြား ဝက်ဘ်ဆိုက်တွေမှာ စာဝင်ဖတ်တာပဲ ဖြစ်ဖြစ် ကိုယ်နားမလည်တဲ့ စာကြောင်းတွေကို စာလုံးတလုံးချင်းသာမက စာကြောင်း တကြောင်းလုံးကို ဘာသာစကား ၇၁ မျိုးအထိ ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
Galaxy Note 8 စမတ်ဖုန်းဟာ ကင်မရာအရည်အသွေးအနေနဲ့ အနောက်ဘက်ကင်မရာ 12 Mega Pixel အရည်အသွေးရှိ ကင်မရာ ၂ လုံးပါဝင်ပြီး ကင်မရာတလုံးက မြင်ကွင်းကျယ်ပုံ (Wide-angle Photo) ရိုက်ကူးခြင်းနဲ့ နောက်ကင်မရာ တလုံးက အနီးကပ်ပုံများ ရိုက်ကူးခြင်း (Telephoto Lenes) တို့ ပါဝင်ပြီး ကင်မရာ ၂ လုံးလုံးမှာ Optical Image Stabilization (OIS) ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် Galaxy Note 8 မှာ ပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်ဟာ ဓာတ်ပုံရိုက်ကူးပြီးတဲ့အခါမှာ ပြန်လည် ကြည့်ရှုနိုင်မယ့် Preview Mode မှာ Bokeh Effect ကို ချိန်ညှိနိုင်မှာဖြစ်ပြီး နောက်ခံအရောင်ကိုလည်း လိုသလို ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။
Galaxy Note 8 စမတ်ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်များ အသေးစိတ်ကို နယူးယောက်မြို့မှာ မိတ်ဆက်လိုက်တဲ့ Galaxy Note 8 စမတ်ဖုန်း လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Galaxy Note 8 စမတ်ဖုန်းကို အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ပြီး မြန်မာတနိုင်ငံလုံးမှာ စတင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အရောင်များအနေနဲ့ အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နဲ့ မီးခိုးရောင် (Orchid Gray) အရောင် ၃ ရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်း မြန်မာငွေ ကျပ် ၁,၂၇၀,၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Galaxy Note 8 စမတ်ဖုန်း မိတ်ဆက်ပွဲကို စာနယ်ဇင်းမီဒီယာများ၊ Samsung မှ တာဝန်ရှိသူများနဲ့ Samsung Myanmar Brand Ambassador များဖြစ်ကြတဲ့အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး၊ အေးမြတ်သူ၊ အေးဝတ်ရည်သောင်း၊ မော်ဒယ်လ် ဧရီရယ်သုတ၊ အဆိုတော် Bobby Soxer နဲ့ ပန်းရောင်ခြယ်တို့က တက်ရောက် ခဲ့ကြပါတယ်။
Samsung Galaxy Note 8 စမတ်ဖုန်း မြန်မာနိုင်ငံမှာ မိတ်ဆက်တဲ့ပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်စပ်သတင်းလင့်ခ်များ –
နယူးယောက်မြို့မှာ မိတ်ဆက်လိုက်တဲ့ Galaxy Note 8 စမတ်ဖုန်း
စတင်ရောင်းချနေပြီ ဖြစ်တဲ့ Samsung Galaxy Note 8 နှစ်မျိုး
Samsung Galaxy S8 နဲ့ အသစ်လာမယ့် Note 8 ကွာခြားချက် ၅ ချက်