IT

ကမ္ဘာ့အကြီးဆုံးဂိမ်းစက်ပြုလုပ်ပြီး ဂင်းနစ်စံချိန် ဝင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်ကျောင်းသား

ဘယ်လ်ဂျီယမ်နိုင်ငံမှ အီဟမ်အူနယ်လ် ဆိုတဲ့ သိပ္ပံကျောင်းသားလေးတဦးဟာ သူ ငယ်စဉ်ကတည်းက စွဲလမ်းနှစ်ခြိုက်ခဲ့တဲ့ နစ်တန်းတိုးဂိမ်းစက်ကို သူတတ်မြောက်ထားတဲ့ ပညာရပ်ကို အသုံးချကာ ထူးခြားမှု တရပ်ပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ တချိန်က လူငယ်များကြားမှာ နာမည်ကျော်ကြားရေပန်းစားခဲ့တဲ့ လက်တဝါးစားအရွယ်ရှိတဲ့ နစ်တန်းတိုး ဂိမ်းစက်ကို အမြင့် ၃ ပေ ရှိတဲ့ ဂိမ်းစက်အသွင်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဂိမ်းစက်ကို တကယ့် လက်တွေ့မှာလည်း ထိန်းချုပ်ကစားနိုင်အောင် အီဟမ်က ပြုလုပ်ခဲ့တာပါ။

အီဟမ်ရဲ့တီထွင်မူကြောင့် အဆိုပါ ဂိမ်းစက်ဟာ ၂၀၁၈ ခုနှစ်ရဲ့ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ “Gamer’s Edition for the Game Boy XL” ဆိုပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဆိုပါ ဂိမ်းစက်နဲ့ပတ်သက်ပြီး အီဟမ်က “ ဒီ ဂိမ်းစက်တွေဟာ လူငယ်တော်တော်များများကြားမှာ ကြီးကြီးမားမားနေရာယူခဲ့ကြပါတယ်။ ကျနော်လည်း တဦးအပါအဝင်ပါ။ ဒါကြောင့်မို့ ဒီစက်နဲ့ ရင်းနှီးခဲ့ကြသူတွေ ပြန်လည်ပြုံးပျော်နိုင်ဖို့ရည်ရွယ်ပြီး ကျနော်တခုခုလုပ်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ” လို့ ပြောဆိုခဲ့ကြောင်း သတင်းက ဆိုပါတယ်။

အလျား ၂ ပေရှိတဲ့ အဆိုပါ ဂိမ်းစက်ဟာ မူလဂိမ်းစက်ထက် ၇ ဆ နီးပါးကြီးမားကြောင်း၊ ဂိမ်းကစားရတာ အဆင်ပြေသော်လည်း အချိန်တစ်နာရီကြာအောင် ကစားပြီးတဲ့အခါမှာတော့ အီဟမ်ဟာ ခလုတ်တွေကို အားစိုက်နှိပ်ရတဲ့အတွက် သူရဲ့လက်တွေထုံကျဉ်နေကြောင်းကိုလည်း ပြောဆိုထားပါသေးတယ်။

www.upi.com တွင်ဖော်ပြထားတဲ့ Belgian student builds world’s largest working Game Boy ဆိုတဲ့ သတင်းကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading