IT

Huawei Nova 2i စမတ်ဖုန်းသစ် Brand Endorser အဖြစ် အဆိုတော် Mary ကိုခန့်အပ်

Want create site? Find Free WordPress Themes and plugins.

Huawei စမတ်ဖုန်းကုမ္ပဏီမှ ယနေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အသစ် မိတ်ဆက်လိုက်တဲ့ Huawei Nova 2i စမတ်ဖုန်းသစ် မိတ်ဆက်ပွဲမှာ Huawei ကိုယ်စားပြု Brand Endorser အဖြစ် Facebook မှာ “ဝဲ” သီချင်းနဲ့ လူသိများခဲ့တဲ့ အဆိုတော် Mary ကို ခန့်အပ်လိုက်ပါတယ်။

“Huawei Brand Endorser အဖြစ် အတူလက်တွဲ လုပ်သွားဖို့ Mary ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းရင်းက Believe (ယုံကြည်မှု) ပေါ့နော်။ Mary ယုံကြည်တယ်။ ဘာလို့ ယုံကြည်လဲဆိုတော့ ဒီ Huawei Brand က မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်ကတည်းက ရောက်ရှိလာပြီးတော့ အခုထက်ထိ နှစ်အကြာကြီး ရှိတဲ့ Brand တခုလည်း ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အရှိန်အဝါ ကြီးမားတဲ့ Brand တခုလည်း ဖြစ်တယ်။ အဲဒါကြောင့် Mary လက်ခံဖြစ်တာပါ” လို့ အဆိုတော် Mary က ဆိုပါတယ်။

Huawei Nova 2i စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅.၉ လက်မနဲ့ မျက်နှာပြင်အပြည့် FullView Display နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပထမဦးဆုံး အရှေ့ အနောက် ကင်မရာ မှန်ဘီလူး ၄ ခု ပါဝင်တဲ့ စမတ်ဖုန်းသစ် တလုံး ဖြစ်ပါတယ်။

ကင်မရာ အရည်အသွေးအနေနဲ့ အရှေ့ဘက်ကင်မရာ 13 Mega pixel, 2 Mega pixel မှန်ဘီလူး ၂ လုံးနဲ့ အနောက်ဘက် ကင်မရာ 16 Mega pixel, 2 Mega pixel မှန်ဘီလူး ၂ လုံးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အရှေ့ဘက် Selfie ကင်မရာမှာ Selfie Toning Flash လုပ်ဆောင်ချက် အသစ်ပါဝင်ပြီး Portrait ဓာတ်ပုံများ ရိုက်ကူးတဲ့အခါမှာလည်း ကြည်လင်ပြတ်သားတဲ့ Bokeh လုပ်ဆောင်ချက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

 

Huawei Nova 2i စမတ်ဖုန်းသစ် Brand Endorser ခန့်အပ်ပွဲ မြင်ကွင်း
သီဟတိုး/ဧရာဝတီ

Nova 2i စမတ်ဖုန်းမှာ အစိတ်အပိုင်း တခုချင်းစီဖြစ်တဲ့ ကင်မရာများ၊ လက်ဗွေစနစ်၊ USB Socket၊ ဆင်ဆာစနစ်နဲ့ Flash တို့ကို ဖုန်းကိုယ်ထည်ရဲ့ အရှေ့နဲ့ အနောက်ဘက်တို့မှာ စနစ်တကျ တပ်ဆင်ထားတာတွေ့ရပြီး လုပ်ဆောင်ချက်များအနေနဲ့ CPU Processor ကို 8-core Kirin 659 Chipset တို့ အသုံးပြုထားတာ တွေ့ရပါတယ်။

Storage အနေနဲ့ 4GB RAM နဲ့ 64GB ROM တို့ ပါဝင်ပြီး Application အများအပြားကို တပြိုင်နက် တည်း သုံးနိုင်တဲ့ Multitasking လုပ်ဆောင်ချက် ပါဝင်တယ်လို့ သိရပါတယ်။ ဘက်ထရီအား ပမာဏ 3,340 mAh ဘက်ထရီ ပါဝင်တယ်လို့ သိရပါတယ်။

Nova 2i စမတ်ဖုန်းမှာ အသံပိုင်းစနစ်ကို Huawei Histen Audio စနစ် တပ်ဆင်ထားတာကြောင့် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ရာမှာလည်း ထူးခြားတဲ့ ရုပ်သံစနစ်ကို ခံစားနိုင်တယ်လို့ သိရပါတယ်။

 

Huawei Nova 2i စမတ်ဖုန်းသစ် Brand Endorser ခန့်အပ်ပွဲ မြင်ကွင်း
သီဟတိုး/ဧရာဝတီ

Huawei Nova 2i စမတ်ဖုန်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ ကြိုတင် မှာယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၃၆၉၀၀၀ ကျပ်၊ အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင် ၂ မျိုး ရရှိမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Huawei Nova 2i စမတ်ဖုန်း အသစ် မိတ်ဆက်ပွဲကို ယနေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading