IT

ကင်မရာ အကောင်းဆုံး ဖုန်း ၅ လုံးက ဘယ်အမျိုးအစားတွေ ဖြစ်မလဲ

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ် စမတ်ဖုန်း အသုံးပြုသူ အများစုရဲ့ ရည်ရွယ်ချက် တခု ဖြစ်တဲ့ Selfie ကောင်းကောင်း ရိုက်ချင်သူတွေ၊ မှတ်တမ်း တင်ထားချင်သူတွေ အတွက် ဖုန်းကင်မရာ ကောင်းကောင်း ရှိမှ အဆင်ပြေမယ်၊ လူလည်း ကြိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်မရာ ကောင်းကောင်း လိုချင်သူတွေ များတဲ့ ခေတ်ထဲမှာ ဈေးကွက်ထဲက ကင်မရာ အကောင်းဆုံး ဖုန်း ၅ လုံး အကြောင်းကို ပြောပြပါမယ်။

 

(၁) Apple iPhone 8 Plus ။ ။ 64GB မော်ဒယ်ဆိုရင် ဈေးနှုန်း ၇၃၀၀၀ ရူပီးလောက် (မြန်မာငွေ ကျပ် ၁၅ သိန်းကျော် ခန့်) ထိ ရှိပါတယ်။ အလင်းနည်းတဲ့ အနေအထားမှာတောင် ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးပေးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ 12 MP ရှိတဲ့ ကင်မရာစနစ်ကို ထည့်ထားတယ်၊ Portrait Mode ပါတယ်၊ သူက အလင်းချိန်နည်းကို Auto အနေနဲ့ အကောင်းဆုံး ချိန်ပေးတယ်၊ အထူးသဖြင့် Portrait ပုံတွေ ရိုက်ချိန်မှာ အလင်းချိန်နည်း ၅ နည်းကို အသင့်ပါပြီး ဖြစ်သလို အဆိုပါ ပုံစံ ၅ ခုထဲက မိမိ နှစ်သက်ရာ အလင်းဆ အနေအထားနဲ့ စိတ်ကြိုက် ပုံရိပ်ကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၂) Samsung Galaxy Note 8 ။ ။ သူလည်း 64GB မော်ဒယ်ကို ရူပီး ၆၇၉၀၀ (မြန်မာငွေ ကျပ် ၁၄ သိန်းကျော်ခန့် )ထိ ဈေးရှိပါတယ်။ ကင်မရာ တလုံးရဲ့ အားလုံးသော စွမ်းဆောင်ရည်တွေကို ပျမ်းမျှ ပြန်တွက်လိုက်ရင် ဈေးကွက်ထဲမှာ Note 8 က အကောင်းဆုံး ဖုန်းကင်မရာနဲ့ မော်ဒယ်ပါ။ Dual ဆိုတဲ့ ကင်မရာ နှစ်လုံးထိုင် စနစ်ကို သုံးထားတယ်၊ အထူးသဖြင့် လှုပ်ရှား ပုံရိပ်တွေကို ရိုက်ကူးရာမှာ အထူး တည်ငြိမ်ကောင်းမွန်ပြီး မြင်ကွင်းကျယ် ပုံရိပ်တွေကိုပါ အကောင်းဆုံး ဖမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာကတော့ 12MP ပါ။ ဒီကင်မရာ နှစ်လုံးမှာ တခုရဲ့ Aperture က f/1.7 ရှိတယ်၊ နေက်တခုက f/2.4 ရှိတယ်။ ရှေ့ဖက် Selfie ကင်မရာ အတွက်လည်း 8MP အားရှိတဲ့ ကင်မရာကို ထည့်ထားတယ်။ ရှေ့ရော နောက်ဖက် ကင်မရာ နှစ်နေရာလုံးက ပုံရိပ် တည်ငြိမ်မှု အထူးကောင်းပြီး လှိုင်းထတာမျိုးတွေ မရှိသလောက် ကောင်းမွန်တာ ဖြစ်ပါတယ်။

(၃) Samsung Galaxy S8 ။ ။ ဈေးနှုန်း ရူပီး ၅၃၉၀၀ (မြန်မာငွေ ကျပ် ၁၁ သိန်းကျော်ခန့် ) ရှိပါတယ်။ နောက်ဖက် ကင်မရာက 12MP ကင်မရာ စနစ်ကို ထည့်ထားတယ်၊ Dual Pixel ဆိုတဲ့ နည်းပညာကို သုံးထားတယ်၊ Aperture က f/1.7 ရှိတယ်၊ လှုပ်ရှား ပုံရိပ်ကို တည်ငြိမ်အောင် လုပ်ဆောင်ပေးတဲ့ Image Stabilization စနစ်လည်း ပါတယ်။ ရှေ့ဖက် Selfie ကင်မရာ ဆိုရင်လည်း 8MP ပဲ ရှိတယ် ဆိုပေမယ့် ထူးခြားချက်က အခြား ပင်မ နောက်ဘက် ကင်မရာတွေမှာပဲ ထည့်ထားတတ်တဲ့ Autofocus စနစ်ကို ရှေ့ဘက် ကင်မရာမှာပါ သုံးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ပုံထွက်က S7 မော်ဒယ်ရဲ့ ပုံထွက်နဲ့ ဆင်ပါတယ်။ ဈေးနှုန်းနဲ့ ပုံထွက် အရည်အသွေး အရတော့ အကောင်းဆုံး ဆိုတဲ့ စာရင်းမှာ မဖြစ်အနေ ထည့်ရမယ့် မော်ဒယ် တခုပါ။

(၄) Sony Xperia XZ Premium ။ ။ ဈေးနှုန်း ရူပီး ၅၆၀၀၀ (မြန်မာငွေ ကျပ် ၁၁ သိန်းကျော်ခန့် ) ထိ ရှိပါတယ်။ အားလုံး သိတဲ့ အတိုင်း ဆိုနီဆိုတာက ကင်မရာပိုင်း အထူးကောင်းမွန်တဲ့ ဖုန်းတွေကို ထုတ်လုပ်နိုင်နေတဲ့ အမှတ်တံဆိပ် တခုပါ။ Exmor RS အမည်ရှိ အာရုံခံစနစ် ပါတယ်၊ ပင်မ နောက်ဘက် ကင်မရာက 19MP ထိ ရှိတယ်၊ ရှေ့ဘက် ကင်မရာကတော့ 13 MP ဖြစ်ပါတယ်။

Sony Xperia XZ Premium ထူးခြားချက်ကတော့ Slow-motion ဆိုတဲ့ အနှေးကွက် ရိုက်ကူးမှုထက် ပိုပြီး တိကျ ပြတ်သားတဲ့ Super-slow Motion စနစ်နဲ့ ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ ဒီစနစ်က တစက္ကန့်ကို Frame ပေါင်း ၉၆၀ နှုန်းနဲ့ထိ ရိုက်ပေးနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ပုံရိပ် ရိုက်ကူးဖို့ ထိန်းချုပ်ခလုတ်က ဖုန်းရဲ့ ညာဘက် အောက်ထောင့်မှာ ရှိပြီး လက်နဲ့ အသားကျနေပြီးသား နေရာ ဖြစ်လို့ ခလုတ် အထိုင်နေရာကလည်း သဘောကျစရာပါ။

(၅) Apple iPhone 7 Plus ။ ။ 128 GB မော်ဒယ်ဆိုရင်တောင် ဈေးနှုန်း ရူပီး ၆၃၀၀၀ (မြန်မာငွေ ကျပ် ၁၃ သိန်းကျော်ခန့် ) ပဲ ရှိပါတယ်။ အထက်မှာ ပြောပြခဲ့တဲ့ iPhone 8 Plus ကို ဈေးများတယ် ထင်ရင် အခု မော်ဒယ်က ကင်မရာပိုင်း အားကောင်းပါတယ်။ ပင်မ ကင်မရာ စနစ်မှာ အာရုံခံစနစ် နှစ်ခု ထည့်ထားတာ တွေ့ရပြီး တခုက 1/3’’ ၂၈ မီလီနဲ့ နောက်တခုက 1/3.6’’ ၅၆ မီလီ အာရုံခံစနစ်တွေ ဖြစ်ပါတယ်။

ဒီစနစ်တွေက ပုံရိပ်ကို ရယူလိုက်နိုင်ဖို့ ထိန်းချုပ် ခလုတ်ကို နှိပ်လိုက်ပြီ ဆိုတာနဲ့ ပုံရိပ်တည်ငြိမ်မှု အတွက်ရယ်၊ လှုပ်ရှား ပုံရိပ်တွေရဲ့ ဘေးကနေ လှိုင်းထတာတွေ မရှိအောင် အကောင်းဆုံး ချန်ညှိပေးတာ ဖြစ်ပါတယ်။ နောက်ပြီး ရုပ်သံ ရိုက်ကူးမှုမှာလည်း 2160 Pixel နှုန်းနဲ့ တစက္ကန့်ကို Frame ပေါင်း ၃၀နှုန်းနဲ့ ရိုက်ပေးနိုင်တာကလည်း အားရစရာပါ။

Ref: www.news18.com

Did you find apk for android? You can find new Free Android Games and apps.
Loading