• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

၂၀၁၈ နှစ်ဆန်းမှာ စတင်ရောင်းချမယ့် Huawei P11

by သက်နိုင်ဦး (UCSL)
29 October 2017
in IT
A A
၂၀၁၈ နှစ်ဆန်းမှာ စတင်ရောင်းချမယ့် Huawei P11
13k
VIEWS
Share on FacebookShare on Twitter

Huawei က အစောပိုင်းမှာ တန်ဖိုးနည်း ဖုန်းတွေနဲ့ ဈေးကွက်မှာ အောင်မြင်မှု ရှာတယ်၊ နောက်တော့ အဆင့်မြင့် ဖုန်းတွေ ထုတ်လုပ်လာတယ်၊ လူကြိုက်များလာတာကြောင့် လာမယ့် ၃ နှစ်တာ ကာလအတွင်းမှ နာမည်ကျော် Samsung လို ကုမ္ပဏီကို ကျော်တက်ပြီး ကမ္ဘာမှာ အရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ အခုလည်း တန်းမြင့်ဖုန်း အနေနဲ့ လာမယ့် Huawei P11 မော်ဒယ်သစ်ကို လာမယ့် ၂၀၁၈ ခုနှစ် နှစ်ဦးမှာ ဈေးကွက်တင်ဖို့ ရှိနေတာကြောင့် ရောင်းချလာမယ့် မော်ဒယ် အကြောင်း ပြောပြပါတယ်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.8k
ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

4 May 2025
2.9k
တရုတ် DeepSeek က အသုံးပြုသူ အချက်အလက်တွေ ခွင့်ပြုချက် မရှိဘဲ လွှဲပြောင်းလို့ ဆို

တရုတ် DeepSeek က အသုံးပြုသူ အချက်အလက်တွေ ခွင့်ပြုချက် မရှိဘဲ လွှဲပြောင်းလို့ ဆို

27 April 2025
1.5k

Huawei ရဲ့ P Series အနေနဲ့ ထုတ်လုပ်မှုကနေ လူကြိုက် များနေခြင်းက အခုလို P11 ဆိုတဲ့ မော်ဒယ်အထိ ထွက်ရှိဖို့ ဖြစ်လာတာပါ။ ရှေ့ထွက် P10 မော်ဒယ်လိုပဲ ဈေးနှုန်းက ဒေါ်လာ ၆၀၀ (မြန်မာငွေ ) လောက်နဲ့ ရောင်းချလာဖို့လည်း ရှိနေတာပါ။ လာမယ့် နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ တပါတည်း မိတ်ဆက်ဖို့ ပြင်ဆင်ထားတယ်လို့ Huawei ရဲ့ ဖုန်းထုတ်လုပ်မှု အပိုင်းက လက်ထောက် ဥက္ကဌ ဖြစ်သူ Bruce Lee က Android Central ကို ပြောပါတယ်။

အဆိုပါ MWC ပွဲကို ဖေဖော်ဝါရီလ အတွင်း ကျင်းပဖို့ ရှိနေပြီး အဆိုပါ ပွဲမှာ အခု မော်ဒယ် P11 အပြင် Mate 10 နဲ့ Mate 10 Pro လို မော်ဒယ်တွေပါ တပါတည်း မိတ်ဆက်လာဖို့ ရှိနေပါတယ်။ အခု မော်ဒယ်ကို အမေရိကန် ဈေးကွက်မှာတော့ ရောင်းချမှု ရှိမှာ မဟုတ်ဘူး လို့လည်း သိရပါတယ်။ အရင်က P10 နဲ့ Honor 8 တွေက ဒီဇိုင်းပိုင်းမှာ တော်တော်လေး တူခဲ့တယ်၊ ဒါကြောင့် ဆင်တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အခု မော်ဒယ်မှာ ရှောင်နိုင်အောင် Honor 9 နဲ့ အခု P11 ကို မတူအောင် ဖန်တီးထားဖို့လည်း ရှိနေတာပါ။

တရုတ် အခြေစိုက် သတင်းတရပ်ရဲ့ ဖော်ပြချက်မှာတော့ အခု မော်ဒယ်မှာ Chip အထိုင် အနေနဲ့ Kirin 970 ကို သုံးထားမယ် လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ရှေ့ထွက် P10 မှာတော့ Kirin 960 စနစ်ကို သုံးထားတာပါ။ ဒါဆိုရင်တော့ Kirin 970 စနစ်ကို Mate 10 နဲ့ အတူတူ အသစ် သုံးလာဖို့လည်း ရှိနေတာပါ။ Huawei ရဲ့ အကျင့် တခုက Chip စနစ်အသစ်ကို Mate မော်ဒယ်တွေမှာပဲ အရင် အသုံးပြု ရောင်းချနေကျ ဖြစ်တာမို့ တကယ်လို့ အခု Kirin 970 ကို အသစ် အနေနဲ့ သုံးလာမယ် ဆိုရင် ဈေးကွက် အတွင်း Mate 10 ရောင်းချပြီးမှပဲ အခု P11 ကို ရောင်းလာဖို့လည်း ရှိနိုင်တယ် လို့ ခန့်မှန်းရပါတယ်။

မော်ဒယ်ရဲ့ RAM ကတော့ 8 GB ထိအောင် ရှိနိုင်ပြီး အခုနှစ် အတွင်း လူကြိုက်များ မော်ဒယ် အဖြစ် ရပ်တည်နေတဲ့ OnePlus 5 မော်ဒယ်ရဲ့ RAM အတိုင်း ဖန်တီးထားဖို့ ရှိနေတာပါ။ ပြီးတော့ ရုပ်ထွက်မှာလည်း 4K ရုပ်ထွက်ထိ ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဈေးကွက် အတွင်းက Sony Xperia XZ Premium ရဲ့ မျက်နှာပြင်ကို အကောင်းဆုံး ပြိုင်ဆိုင် နိုင်အောင် ဖန်တီးထားဖို့ ရှိနေတာပါ။

 

မော်ဒယ်သစ်မှာ အသစ် သုံးနိုင်လာဖို့ ရှိနေတဲ့ နည်းပညာတွေက ရှေ့ထွက် P10 မော်ဒယ်မှာ မရတဲ့ Voice Assistant အသံနဲ့ အတူ ထိန်းချုပ်မှုတွေ လုပ်ဆောင်လာနိုင်မယ်။ ပြီးတော့ ဘက်ထရီ သက်တမ်းက P10 မှာ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပြီး အခု မော်ဒယ်မှာပါ ဘက်ထရီက စွမ်းဆောင်ရည် မကောင်းရင် Huawei အနေနဲ့ တန်းမြင့်ဖုန်း ဈေးကွက်မှာ အောင်မြင်မှု ရဖို့ ခက်သွားနိုင်တာကြောင့် ဘက်ထရီကို အကောင်းဆုံး မဟုတ်ရင်တောင် တန်းတူ မော်ဒယ်တွေထက် မနိမ့်အောင် ဖန်တီးလာဖို့ ရှိနေပါတယ်။

ပြီးတော့ အမေရိကန် ဈေးကွက်မှာ အခု မော်ဒယ်ကို မရောင်းဖြစ်လောက်ဘူး ဆိုတာက Amazon နဲ့ AT & T လို အရောင်းသမားတွေနဲ့ ချိတ်ဆက်ထားနိုင်မှု အားနည်းတာကြောင့် ဖြစ်ပြီး အခု မော်ဒယ်ကို ပိုမို ကျယ်ပြန့်ပြီး နေရာစုံမှာ ရောင်းပေးနိုင်မယ့် Apple နဲ့ Samsung တို့လို ချိတ်ဆက်ရောင်းချမှုတွေ လုပ်ဆောင်လာဖို့လည်း ရှိနေပါတယ်။

နောက်ထပ် မော်ဒယ်ကို လူကြိုက်များအောင် လုပ်ဆောင်လာမယ့် အချက်ကတော့ ဈေးနှုန်း ချိုချိုနဲ့ ရောင်းချလာမှာ ဖြစ်ပြီး ပြိုင်ဘက် တန်းမြင့် မော်ဒယ်တွေထက် ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်ထိအောင် ချိုသာဖို့ ရှိနေပါတယ်။ Googleရဲ့ Daydream စနစ်ကိုလည်း အခု မော်ဒယ်မှာ သုံးနိုင်အောင် ထည့်သွင်းလာဖို့ ရှိနေပါသေးတယ်။ Android ရဲ့ အသုံးပြုနိုင်မှု အပိုင်းအားလုံးကို အခု မော်ဒယ်မှာ စုထည့်ထားဖို့ ရှိနေတာပါ။

P10 မော်ဒယ်ကတည်းက အမေရိကန်မှာ မရောင်းခဲ့တဲ့ Huawei က အခု မော်ဒယ်ကိုလည်း အမေရိကန် အတွက် ရောင်းဖို့ မစီစဉ်ထားဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေ အတွင်းက အွန်လိုင်း အရောင်း ဝန်ဆောင်သူ AT & T နဲ့ Huawei ရဲ့ မော်ဒယ် တချို့ကို အမေရိကန်မှာ ရောင်းချပေးဖို့ သဘောတူညီချက် ရထားတယ် လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီ သဘောတူညီချက်ထဲမှာ P11 လည်း ပါကောင်း ပါလာနိုင်တာမို့ အမေရိကန် ဈေးကွက်မှာလည်း P11 ကို ရနိုင်မလား စောင့်ကြည့်ရမှာပါ။ ပြီးတော့ Chip စနစ်သစ်ကြောင့် Mate 10 ထက် ဈေးကွက် ဝင်တာ နောက်ကျမယ် ဆိုရင်တော့ အခု P11 က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လကုန် ဒါမှ မဟုတ် မတ်လဆန်းမှာမှ ဈေးကွက်ထဲ ရောက်လာမယ်လိ့ု ယူဆရပါတယ်။

Ref: www.techradar.com

Your Thoughts …
Tags: Huawei P 11
သက်နိုင်ဦး (UCSL)

သက်နိုင်ဦး (UCSL)

Similar Picks:

No Content Available
Next Post
ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ) စာအုပ်မျက်နှာ ဖုံး

ကချင်တို့၏အစ ကချင်တို့၏တည်ရှိရာ

အမေရိကန်တိုက်လေယာဉ်F-22 Raptor

သင် သိထားသင့်တဲ့အမေရိကန်တိုက်လေယာဉ် F-22 Raptor အကြောင်း

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate