မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ MPT မှ ဝန်ဆောင်ခ တရက်ချင်း ပေးသွင်းပြီး မိုဘိုင်းဂိမ်းများ အကန့်အသတ်မရှိ ဆော့ကစားနိုင်မယ့် APPBOX Application အသစ်ကို နိုဝင်ဘာလ ၉ ရက်နေ့က စတင် မိတ်ဆက်လိုက်ပါတယ်။
အဆိုပါ APPBOX Application မှာ Android မိုဘိုင်းထုတ်ကုန်များအတွက် လိုင်စင်ယူထားတဲ့ နာမည်ကြီး ဂိမ်းများနဲ့ ဖျော်ဖြေရေးဂိမ်းများစွာ ပါဝင်တယ်လို့ သိရပါတယ်။
သုံးစွဲသူများအနေနဲ့ “Cut the Rope 2 ၊ Tag the Frog ၊ 3D Tower Box ၊ Snakes.io နဲ့ Garfield kart” စတဲ့ နာမည်ကြီး ဂိမ်းအများစုကို ဆော့ကစားနိုင်မှာဖြစ်ပြီး အဆိုပါ ဂိမ်းများကို APPBOX မှ ဒေါင်းလော့ဆွဲပြီး အသုံးပြု ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
APPBOX ကနေ ဆော့လိုတဲ့ ဂိမ်းတွေကို Application အမည်၊ အမျိုးအစား ကဏ္ဍအလိုက် Keyword များ အလွယ်တကူ ရှာဖွေနိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် APPBOX မှာ လစဉ် လတိုင်း နောက်ဆုံးပေါ် ဂိမ်းအသစ်များ ထည့်သွင်းပေးသွားမယ်လို့လည်း သိရပါတယ်။
“APPBOX Application ကို မိတ်ဆက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ MPT အသုံးပြုသူတွေအတွက် သင့်တင့်တဲ့ နှုန်းထားနဲ့ ဖျော်ဖြေရေးဂိမ်း အတွေ့အကြုံတွေ ပေးချင်လို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဂိမ်းတွေရဲ့ လောကကို လှုပ်ခတ်သွားစေမယ့် ဒီ Application အသစ်ကို ဂိမ်းဝါသနာရှင်တွေ အသုံးပြုလာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer, Mr. Reizo Umeda က ပြောပါတယ်။
အဆိုပါ APPBOX Application ကို မြန်မာဘာသာစကားနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူများအနေနဲ့ Android OS မိုဘိုင်းထုတ်ကုန်များကို အင်တာနက် အသုံးပြုပြီး Android Version 4.2 အဆင့် မြှင့်တင်ထားပြီး ဂိမ်းများကို Download လုပ် ရယူကာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
APPBOX Application စတင် မိတ်ဆက်တဲ့ အထိမ်းအမှတ်အနေနဲ့ ဝန်ဆောင်မှု မိတ်ဆက်ပြီး ပထမ တပတ်စာ အခမဲ့ သုံးစွဲနိုင်မှာဖြစ်ပြီး ရက်သတ္တပတ် ကျော်လွန်သွားတဲ့အခါမှာ နေ့စဉ်ကြေး တရက်ကို ၂၅၀ ကျပ် ပေးသွင်းပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
APPBOX မှာ စာရင်းပေးသွင်း ဂိမ်းကစားကြသူများအနေနဲ့ မိမိတို့ ကြိုက်နှစ်သက်ရာ ဂိမ်းများကို အမျိုးအစားအလိုက် Online နဲ့ Offline ရွေးချယ်ကစားနိုင်မှာဖြစ်ပြီး အဆိုပါ Application ကို အသုံးပြုလိုပါက Google Play Store မှာ Download ပြုလုပ် ရယူနိုင်မယ်လို့ သိရပါတယ်။