စာဖတ်သူတွေ၊ ဂိမ်းကစားသူတွေ စိတ်ကြိုက် ဖြစ်တဲ့ Tablet တွေက ဖုန်းတွေ ပြီးရင် အသုံးအများဆုံး နည်းပညာ ပစ္စည်းအဖြစ် ပါရှိလာနေတာ ဖြစ်လို့ ဘယ်မော်ဒယ်က ကောင်းတယ် ဆိုတာ ရွေးချယ်နိုင်ဖို့ အတွက် အခုနှစ် အတွင်း ဈေးကွက်ဝင်ထားတဲ့ Tablet တွေထဲက အကောင်းဆုံး မော်ဒယ်တွေ အကြောင်း ပြောပြပါမယ်။
10.5 iPad Pro ။ ။ အသုံးပြုရတာ မြန်တယ်၊ ပြသမျက်နှာပြင် စနစ် ကောင်းတယ်၊ မျက်နှာပြင် အရွယ် အစားက ၁၀ ဒသမ ၅ လက်မ ဖြစ်လို့ အနေတော်လောက်ပါပဲ။ အထူးသဖြင့်တော့ ဘက်ထရီစား နည်းတယ်၊ မျက်နှာပြင်က 2224×1668 pixel နှုန်းနဲ့ ရုပ်ထွက်တွေ ပြသပေးနိုင်တာ တွေ့ရပါတယ်။ ပြီးတော့ ကွန်ပျူတာ တလုံးလိုပဲ သုံးချင်သေးရင် Keyboard နဲ့လည်း ချိတ်ဆက် နိုင်တယ်။ Bluetooth ချိတ်ဆက်နိုင်တယ်၊ နောက်ဘက် ပင်မ ကင်မရာ ဆိုရင် 12 MP ထိ ရှိပြီး 4K ရုပ်ထွက် ဗီဒီယိုလည်း ရိုက်ပေးနိုင်ပါတယ်။ ရှေ့ဘက် ကင်မရာကလည်း 7 MP ပဲ ရှိပေမယ့် HD ရုပ်ထွက် ရိုက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၁၀ နာရီကျော်ထိ သုံးနိုင်တယ်၊ Storage က 256GB နဲ့ လာပါတယ်။
Amazon Fire HD 10 ။ ။ Amazon ထုတ် မော်ဒယ်တွေထဲမှာ နောက်ဆုံးထွက်လည်း ဖြစ်တယ်၊ အကောင်းဆုံး မော်ဒယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဈေးချိုတယ်၊ အရောင်က အနက်၊ အပြာ၊ အနီတွေ ရနိုင်မယ်၊ Storage က 32 GB နဲ့ 64 GB လာမယ်၊ မျက်နှာပြင်က ၁၀ လက်မ၊ Pixel သိပ်သည်းနှုန်းက ၁၀၈၀ နှုန်း၊ HD ရုပ်ထွက်တွေ ကြည့်နိုင်မယ်၊ Quad-core ကို ထိုင်ထားတယ်၊ ဘက်ထရီကလည်း ၁၀ နာရီကျော် သုံးနိုင်တယ်။ ကင်မရာပိုင်းမှာတော့ အားနည်းပြီး နောက်ဘက် ကင်မရာပဲ ပါသလို 2 MP ကင်မရာစနစ် ဖြစ်ပါတယ်။
Samsung Galaxy Tab S2 ။ ။ Android 5.0 ကို သုံးထားတယ်၊ မော်ဒယ်ရဲ့ မျက်နှာပြင်က ၉ ဒသမ ၇ လက်မပါ။ 2048×1536 Pixel နှုန်းနဲ့ ပြသပေးနိုင်မယ့် စနစ်လည်း ဖြစ်ပါတယ်။ RAM ကိုလည်း 3GB ထိအောင် ထည့်ထားတယ်၊ နောက်ဘက် အဖုံးက ပလက်စတစ်သား ကိုယ်ထည်နဲ့ ဖြစ်ပေမယ့် ပတ်လည်ကိုတော့ သတ္တုနဲ့ ကွပ်ထားသလို အကြမ်းခံနိုင် အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ဘက်ထရီကလည်း ၁၀ နာရီ ဝန်းကျင်လောက် သုံးနိုင်ပါတယ်။ 32 GB ပါရှိပြီး SD ကတ်စိုက်မယ် ဆိုရင် 128 GB ထိအောင် ထပ်ထည့်နိုင်မှာပါ။
Amazon Fire HD 8 ။ ။ မော်ဒယ်က ၈ လက်မတည်းပါ၊ သေးတယ်၊ ပေါ့တယ်၊ သယ်ဆောင်ရလွယ်တယ်၊ 1280×800 pixel နှုန်းနဲ့ ပြသပေးနိုင်တယ်။ Amazon ရဲ့ ပင်မ App ကို သုံးနိုင်တယ်၊ အားသာချက်က ဗီဒီယိုတွေ၊ စာတွေ၊ TV အစီအစဉ်တွေ အားလုံးကို စိတ်ကြိုက် ကြည့်နိုင်ပါတယ်။ RAM ကတော့ 1.5GB ပဲ ပါပါတယ်။ နောက်ဘက် ကင်မရာက 2 MP ပဲ ရှိတယ်၊ ရှေ့ဘက် ကင်မရာစနစ်က VGA စနစ်ပါ။ ဈေးနှုန်း ချိုသာမှုကတော့ တခြား မော်ဒယ်တွေရဲ့ ဈေးနှုန်းထက် ထက်ဝက် လောက်ပဲ ရှိနေတာလည်း ဖြစ်ပါတယ်။
HP X360 ။ ။ မော်ဒယ်က Laptop အနေနဲ့လည်း သုံးနိုင်မယ်၊ တက်ဘလက် အနေနဲ့လည်း ရတယ်၊ ကွန်ပျူတာ တလုံးဆိုရင်လည်း မမှားပါဘူး။ Intel ထုတ် မျိုးဆက် ၇ ဆက်မြောက် i5 ကို ထိုင်ထားတယ်၊ Memory က 8GB ရှိတယ်၊ မျက်နှာပြင်က အရွယ်ကြီးတယ်၊ ၁၅ လက်မခွဲ ထိတယ်၊ Storage အတွက် 1TB ထိ ပါရှိလို့ သဘောကျစရာပါ။ မျက်နှာပြင် စနစ်ကလည်း Touch စနစ်နဲ့လည်း ရမယ်၊ Mouse နဲ့လည်း ချိတ်သုံးနိုင်မယ်။ Webcam လည်း ပါတယ်၊ Bluetooth လည်း ချိတ်ဆက် သုံးနိုင်မှာပါ။
ASUS ZenPad 10.1 ။ ။ ဈေးနှုန်း အပိုင်းမှာ Amazon ရဲ့ မော်ဒယ်လောက် မချိုလို့ အခု မော်ဒယ်ကို ဒုတိယ အကောင်းဆုံး အဖြစ် ရွေးချယ်လိုက်တာပါ။ HD ရုပ်ထွက်ထိ ပြသပေးနိုင်မယ့် ၁၀ ဒသမ ၁ လက်မ အရွယ် မျက်နှာပြင် ပါမယ်။ အလေးချိန်က ၁ ဒသမ ၁ ပေါင်ပဲ လေးတယ်၊ အထူကလည်း သုည ဒသမ ၄ လက်မပဲ ရှိပါတယ်။ Storage အဖြစ် 16 GB ပါရှိပါတယ်။ RAM က 2GB ဖြစ်ပါတယ်။ နောက်ဘက် ကင်မရာက 5MP ရှိပြီး ရှေ့ဘက် ကင်မရာကတော့ 2MP ရှိမှာ ဖြစ်ပါတယ်။ Amazon ရဲ့ မော်ဒယ်တွေထက် ပိုမြန်ပေမယ့် ဈေးနည်းနည်းများလို့ အခု မော်ဒယ်ကို ဒုတိယ အကောင်းဆုံးပဲ ရွေးပေးလိုက်ပါတယ်။
Samsung Tab A ။ ။ အရွယ်နည်းနည်း ငယ်တယ် ဆိုပေမယ့် စွမ်းဆောင်ရည်၊ အရည်အသွေး၊ ဈေးနှုန်းတွေနဲ့ ပြန်တွက်ရင် တန်ပါတယ်။ RAM က 2GB ပဲ ပါတယ်။ Octa-core ကို ထိုင်ထားတယ်၊ Memory က 16GB ထိ ပါတယ်။ SDကတ်ပေါက်လည်း ပါတယ်၊ 200 GBထိအောင် ကတ်စိုက်သုံးနိုင်ဦးမှာပါ။ ဘက်ထရီကတော့ သဘောကျစရာ အကောင်းဆုံးလို့ ဆိုနိုင်ပြီး ၁၃ နာရီ အထိအောင် အသုံးခံပါတယ်။ အလေးချိန်လည်း ပေါ့ပါတယ်။ ပြသမျက်နှာပြင်စနစ်က ၁၀.၁လက်မ ဖြစ်ပြီး စာဖတ်ဖို့ရော ရုပ်သံကြည့်ဖို့ပါ သင့်တော်ပါတယ်။
Microsoft Surface Pro 4 Anniversary Edition ။ ။ Windows 10 ကိုပါ သုံးနိုင်အောင် အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ Excel လို အသုံးတွေတင် မဟုတ်ပဲ Adobe Creative Cloud တွေ AutoCAD တွေပါ သုံးနိုင်ပါတယ်။ Intel က ထုတ်လုပ်ထားတဲ့ i5 နဲ့ရော i7 နဲ့ပါ နှစ်မျိုး ရနိုင်ပါတယ်။ RAM လည်း ၂ မျိုးရတယ်၊ 4GB နဲ့ 16GB တွေ ဖြစ်ပါ
Huawei MediaPad M3 ။ ။ မော်ဒယ်က ၈ ဒသမ ၄ လက်မ အရွယ် မျက်နှာပြင်စနစ်နဲ့ပါ၊ ဈေးကွက် ပြိုင်ဖက် iPad Mini နဲ့ ဆင်ပါတယ်။ အလေးချိန် ၁၁ ဒသမ ၃၅ အောင်စပဲ လေးပါတယ်။ အထူကလည်း သုည ဒသမ ၃ လက်မပဲ ရှိပါတယ်။ မျက်နှာပြင် စနစ် Pixel သိပ်သည်းဆ 2560×1600 နှုန်းနဲ့တောင် ပြသပေးနိုင်တာ ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ မျက်လုံးကို ထိခိုက်မှု နည်းအောင် အလင်းကို Auto လျော့နိုင်တယ်။ Android 6.0 သုံးထားတာ ဖြစ်ပြီး RAM က 4GB ဖြစ်ပါတယ်။ ဘက်ထရီကတော့ ၉ နာရီ ဝန်းကျင်လောက် ခံပါတယ်။
Lenovo Yoga Tab 3 ။ ။ မျက်နှာပြင် အကျယ် ၁၀ ဒသမ ၁ လက်မတောင် ရှိမယ့် Android စနစ်သုံး မော်ဒယ်ပါ။ ဘက်ထရီ သက်တမ်း အကောင်းဆုံး သုံးနိုင်လာပြီး ၁၅ နာရီ ဝန်းကျင်လောက်ထိ ခံပါတယ်။ Full HD ရုပ်ထွက်ထိ ပြပေးနိုင်မယ့် စနစ်ပါ။ စပီကာ ၂ လုံး ထည့်ထားပါတယ်။ အသံထွက်လည်း ပိုကောင်းပါတယ်။ RAM က 3GB ပါရှိပါတယ်။ SD ကတ်လည်း စိုက်နိုင် သလို Memory ကတော့ 32GB ပါပါတယ်။ အလေးချိန် ၂ ပေါင် လေးပါတယ်၊ Processor က Snapdragon 625 ပါ။ ကောင်းပါတယ်။
Lenovo TAB 2 A10 ။ ။ Android 4.4 ကိုပဲ ထည့်ထားလို့ Version တော့ နိမ့်ချင်ပါတယ်။ ဒါပေမယ့် 5.01ကို Upgrade လုပ်နိုင်ပါတယ်။ မျက်နှာပြင်က ၁၀ ဒသမ ၁ လက်မ ရှိပါတယ်။ LCD စနစ်နဲ့ ဖြစ်ပါတယ်။ ဘက်ထရီက အသေတပ်စနစ်နဲ့ ဖြစ်ပြီး 7000 mAh ထိ အားထိန်းနိုင်ပါတယ်။ RAM က 2GB ပါ၊ ကင်မရာပိုင်းမှာ နောက်ဘက် ကင်မရာက 8MPဘရှိပြီး ရှေ့ဘက် ကင်မရာက 5MP ရှိပါတယ်။ အသံစနစ်က Dolby Atmos Cinematic Moving Audio စနစ်နဲ့ ဖြစ်ပြီး အသံထွက် တည်ငြိမ်လွန်း ပါတယ်။ ရုပ်ထွက်ရော အသံပါ ကောင်းမွန်ပြီး ဂိမ်းကစားလို့ အကောင်းဆုံးပါပဲ။
Ref: www.lifewire.com