OPPO စမတ်ဖုန်းကုမ္ပဏီမှ Oppo F5 ရဲ့ အခွဲ Version ဖြစ်တဲ့ F5 Youth စမတ်ဖုန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က အသစ်ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
OPPO F5 Youth စမတ်ဖုန်းဟာ လူငယ်များအတွက် အထူးဖန်တီးထားတဲ့ စမတ်ဖုန်းတလုံးဖြစ်ပြီး ထူးခြားချက်အနေနဲ့ Facial Unlock လုပ်ဆောင်ချက်၊ ၆ လက်မ မျက်နှာပြည့် FHD+Screen နဲ့ အရှေ့ဘက် Selfie ကင်မရာမှာ A.I (Artificial Intelligent) စနစ်တို့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။
ကင်မရာ အရည်အသွေးအနေနဲ့ Selfie ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ (f/2.0) ရှိတဲ့ 16 Megapixel အရည်အသွေးရှိ Selfie ကင်မရာနဲ့ အနောက်ကင်မရာ 13 Megapixel ကင်မရာတို့ ပါဝင်တယ်လို့ သိရပါတယ်။
F5 Youth စမတ်ဖုန်းဟာ တဦးချင်း Selfie သို့မဟုတ် အုပ်စုလိုက် Group Selfie ပုံများ ရိုက်ကူးတဲ့အခါ သဘာဝအလှကို ဦးစားပေးတဲ့ Selfie ပုံများ ရိုက်ကူးနိုင်အောင် A.I Beauty Recognition နည်းပညာနဲ့ ဓာတ်ပုံများကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပြီး သဘာဝဆန်အောင် ပုံများကို ပြုပြင်ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။
“ကျနော်တို့ စစ်တမ်းတွေအရ OPPO စမတ်ဖုန်းကို အသုံးပြုသူ ၈၀ ရာခိုင်နှုန်းဟာ လူငယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ OPPO က လူငယ်တွေ ကြိုက်နှစ်သက်တဲ့ လုပ်ဆောင်ချက်၊ စနစ်တွေ ထည့်သွင်းပြီး F5 Youth ကို ဖန်တီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Selfie ပုံတွေရိုက်တဲ့အခါ Selfie ပုံတွေကို တဦးချင်းစီ အသေးစိတ် ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်” လို့ OPPO Myanmar ရဲ့ Product Manager ကိုသန်းအောင်က ပြောပါတယ်။
Selfie ဓာတ်ပုံများကို တဦးချင်းစီရဲ့ အသားအရောင်၊ အမျိုးအစား၊ ကျား၊မ၊ အသက်အရွယ်၊ ရှုခင်း၊ အလင်းရောင် အခြေအနေများအပေါ် မူတည်ပြီး ခွဲခြားပြုပြင်ပေးနိုင်မှာဖြစ်ပြီး ဓာတ်ပုံများမှာ နောက်ခံ ဝါးပေးနိုင်တဲ့ Bokeh effect များနဲ့ နောက်ခံအလင်းဖြည့်ပေးတဲ့ HDR Backlight Optimization လုပ်ဆောင်ချက်များ ပါဝင်တယ်လို့ သိရပါတယ်။
OPPO မှ မူပိုင်ဒီဇိုင်းနဲ့အတူ F5 Youth မှာ ရိုးရှင်းလွယ်ကူတဲ့ Color OS 3.2 အသုံးပြုထားတာဖြစ်ပြီး ဖုန်းစွမ်းဆောင်ရည် အပိုင်းကိုတော့ 16nm Octa-core CPU processor အသုံးပြုထားတာ တွေ့ရပါတယ်။
Storage အနေနဲ့ 3GB RAM, 32GB ROM တို့ ပါဝင်ပြီး microSD တကတ်၊ nano SIM ကတ် ၂ ကတ် ထည့်သွင်းနိုင်တဲ့ ၃ ကတ်ထိုး Card Tray ၃ ခု F5 Youth မှာ ပါဝင်တာ တွေ့ရပါတယ်။
ဒါ့အပြင် Bluetooth 4.2 ထက် အဆ ၁၀၀ နီးပါး မြန်ဆန်တဲ့ O-Share လုပ်ဆာင်ချက်နဲ့အတူ OPPO ဖုန်းအချင်းချင်း ၁ စက္ကန့်အတွင်း ဓာတ်ပုံ ၁ဝ ပုံခန့်၊ တကြိမ်လျှင် 3 MB အထိ မျှဝေပေးနိုင်တယ်လို့ သိရပါတယ်။
OPPO F5 Youth မှာ ဘက်ထရီအားပမာဏ 3200Ah နဲ့ ဖုန်းအတွင်း လုပ်ဆောင်နေတဲ့ Application များရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးထားနိုင်တဲ့ ColorOS နည်းပညာကြောင့် F5 Youth ဖုန်းကို ၁၂ နာရီ ကြာအောင် တဆက်တည်း သုံးစွဲနိုင်တယ်လို့ OPPO Myanmar ရဲ့ Product Manager ကိုသန်းအောင်က ဆိုပါတယ်။
OPPO F3 စမတ်ဖုန်းကို ဈေးနှုန်းအားဖြင့် မြန်မာငွေ ၃၁၉၀၀၀ ကျပ်၊ အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်တို့နဲ့ ရရှိနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ Pre-order များ ကြိုတင်မှာယူနိုင်ပြီလို့ သိရပါတယ်။
OPPO F5 Youth စမတ်ဖုန်း မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ LOTTE ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။