နည်းပညာခေတ်မှာ စမတ်ဖုန်းတွေက အစ အားလုံးသော နည်းပညာပစ္စည်း ထုတ်လုပ်သူတွေ၊ ဖန်တီးတဲ့ ကုမ္ပဏီ တွေဟာ ကမ္ဘာ့အကြီးဆုံးသော ကုမ္ပဏီတွေနဲ့ အချမ်းသာဆုံးသော ပုဂ္ဂိုလ်တွေ အဖြစ် သတ်မှတ်ခံရလောက်အောင် နေရာရ အောင်မြင်လာကြပါတယ်။ ဒီလို ကုမ္ပဏီကြီးတွေထဲကမှ အခု ၂၀၁၇ ခုနှစ် အတွက် အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတွေ အကြောင်း ပြောပြပါမယ်။
(၁၀) IBM ။ ။ လက်ရှိမှာ အိုင်ဘီအမ် ကုမ္ပဏီက တန်ဖိုးဒေါ်လာ ၁၆၀ ဒသမ ၂ ဘီလီယံလောက်ထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းက ဆိုရင် တနှစ်တည်းမှာတင် ဝင်ငွေ ၉၂ ဒသမ ၈ ဘီလီယံလောက် ရခဲ့တာပါ။ ဒါဟာ ရှယ်ယာတခုအတွက် ၁၆ ဒသမ ၅၃ ဒေါ်လာလောက် အမြန် ရသွားစေခဲ့ပါတယ်။ ဂျပန် အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ SoftBank နဲ့ တွဲဖက်ပြီး စက်ရုပ်တီထွင်မှုတွေလည်း လုပ်ဆောင်နေပါတယ်။ ပြီးတော့ Cloud လို ဝန်ဆောင်မှု လုပ်ငန်း နယ်ပယ်ကိုလည်း အခုနှစ်ထဲမှာ စတင် အခြေချလာတာတွေ့ရပါတယ်။
(၉) Cisco Systems ။ ။ သူက ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၁၃၉ ဘီလီယံလောက်ပဲ ရှိပေမယ့် အင်တာနက် ဝန်ဆောင်မှု ပိုင်းဆိုင်ရာ နည်းပညာကောင်းကောင်း ဖန်တီးလာနိုင်တာနဲ့ အတူ အမြတ်အစွန်းရရှိမှု မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က နောက်ဆုံး ရှင်းတမ်းတွေ အရ အမြတ်ကျန်နှုန်းက ၄ ရာခိုင်နှုန်းလောက်ထိ တက်လာခဲ့ပြီး တနှစ် အတွင်း ၄၉ ဒသမ ၂ ဘီင်္လီယံ အသားတင် မြတ်ခဲ့ပါတယ်။ Microsoft နဲ့ အတူတူ Cisco ကလည်း Software ဖန်တီးမှုတွေ ကောင်းကောင်း လုပ်ဆောင်နိုင်ပြီး နေရာရလာတာပဲ ဖြစ်ပါတယ်။
(၈) Intel ။ ။ ယခင် ကမ္ဘာပေါ်က အကြီးဆုံး Chip ထုတ်လုပ်သူက အခုနှစ် အတွင်းမှာမှ Samsung ကို နေရာလွှဲပေး လိုက်ရပြီး လက်ရှိဒုတိယ အင်အားအကြီးဆုံး Chip ထုတ်လုပ်သူ ဖြစ်နေပါတယ်။ Cloudဝန် ဆောင်မှု လုပ်ငန်းကိုပါ ခြေချလာတဲ့ အင်တဲလ်ကုမ္ပဏီက တန်ဖိုးဒေါ်လာ ၁၄၇ ဒသမ ၂ ဘီလီယံလောက် ရှိပါတယ်။ အမေရိကန်မှာ America Movil ဆိုတဲ့ သတင်း အချက်အလက် ထုတ်လွှင့်မှု လုပ်ငန်းကိုလည်း ထူထောင် လုပ်ကိုင်နေသေးတာ တွေ့ရပါတယ်။
(၇) Tencent ။ ။ ၁၉၉၈ ခုနှစ်က တရုတ်နိုင်ငံမှာ တည်ထောင်လုပ်ကိုင်လာခဲ့တဲ့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းစုက တန်ဖိုး ၁၈၁ ဒသမ ၁ ဘီလီယံလောက်ထိ ရှိနေပါပြီ။ QQ ကို ဝန်ဆောင်မှုက အစ WeChat, SoSo, PaiPai နဲ့ Tenpay လို ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ် ၂ နှစ်လုံးမှာ အမြတ်ကျန်ရှိမှု နှုန်း ၃၄ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ တရုတ်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေနဲ့ ပတ်သတ်ပြီး အွန်လိုင်းထိန်းချုပ်မှုတွေကို MGM နဲ့ သဘောတူညီမှု ရထားသလို Star Wars ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သတ်ပြီး အွန်လိုင်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကိုလည်း Disney နဲ့ သဘောတူညီချက် ရယူ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
(၆) Oracle ။ ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ Oracle က ကွန်ပျူတာဆိုင်ရာ Hardware ရော Programming ပိုင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး သူ့ရဲ့ တန်ဖိုးက ဒေါ်လာ ၁၈၇ ဒသမ ၆ ဘီလီယံလောက်ရှိပါတယ်။ ကမ္ဘာတလွှားမှာ သူ့ရဲ့ ဖောက်သည်ပေါင်း ၄ ဒသမ ၂ သိန်းလောက် ရှိနေပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း ဝင်ငွေရော အမြတ် ကျန်နှုန်းပါ ၂ ရာခိုင်နှုန်းလောက် ကျသွားပေမယ့် ကုမ္ပဏီက အခုအထိတော့ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီစာရင်းမှာ ထိပ်ပိုင်းက ရှိနေဆဲ ဖြစ်ပါတယ်။
(၅) Samsung ။ ။ ဖုန်းထုတ်လုပ်မှုတင် မဟုတ်ပဲ Chip ထုတ်လုပ်မှု နယ်ပယ်မှာပါ အင်အားကြီးလာတဲ့ တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီက တန်ဖိုး ၁၉၉ ဒသမ ၄၆ ဘီလီယံလောက် ရှိပါတယ်။ အဓိကလုပ်ငန်း ၃ ခုကို လုပ်ကိုင်နေပြီး Gadgets အသုံးအဆောင် ထုတ်လုပ်မှု အပိုင်းရယ်၊ တီထွင်ဖန်တီးမှု အပိုင်းနဲ့ သယ်ဆောင်နိုင်သော နည်းပညာပစ္စည်း ထုတ်လုပ်ရောင်းချမှု အပိုင်းတွေ ဖြစ်ပါတယ်။ ကုမ္ပဏီက တနှစ်ကိုအသားတင် ဝင်ငွေ ဒေါ်လာ ၄၀၀ ဘီလီယံဖိုးလောက်ထိ ရနေတာလည်း တွေ့ရပြီး ၂၀၀၉ ခုနှစ်က ရောင်းချရမှုကနေ ဝင်ငွေ ၂၉၄ ဘီလီယံရှိနေရာကနေ ၂၀၁၅ ခုနှစ်မှာ ၅၂၉ ဘီလီယံထိ ရှိလာပါတယ်။ နောက်ထွက် S Series မော်ဒယ်တွေ ရောင်းချရမှုနဲ့ အတူ Gear မော်ဒယ်တွေကို နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာ ရောင်းချလာပြီး ဈေးကွက် အောင်မြင်မှု ရှာဖွေနေတာတွေ့ရပါတယ်။
(၄) Facebook ။ ။ လက်ရှိကုမ္ပဏီရဲ့ တန်ဖိုးကဒေါ်လာ ၂၃၁ ဒသမ ၆ ဘီလီယံလောက် ရှိပါတယ်။ တရက်ကို Facebook သုံးသူ ၁ ဘီလီယံလောက် ရှိနေတာလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ အတွင်းကမှ စတင် တည်ထောင် လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Menlo Park မှာ ရုံးချုပ်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ ရုပ်သံနဲ့ Profile ထားနိုင်အောင် အဆင့်မြှင့်ထားပြီးလူကြိုက်ပိုများလာပါတယ်။ ဒါကြောင့်လည်း အဆိုပါ နှစ်ကနေ စတင်ပြီး တနှစ်ကို Facebook သုံးသူဟာ နှစ်စဉ် ၁၇ ရာခိုင်နှုန်းလောက်ထိ တိုးတက်လာတာ တွေ့ရပါတယ်။
(၃) Microsoft ။ ။ တန်ဖိုးဒေါ်လာ ၃၄၀ ဒသမ ၈ ဘီလီယံလောက်ထိ ရှိတဲ့ ကွန်ပျူတာထုတ်လုပ်မှုရော Software ဖန်တီးမှုပါ လုပ်ဆောင်နေတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ Office စနစ်နဲ့ အတူ လူသိများပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက တည်ထောင် လုပ်ကိုင်နေခဲ့တာ ဖြစ်ပြီး ၁၉၉၀ မှာ Windows 3.0 ကို အောင်မြင်အောင် ဖန်တီးလာနိုင်ခဲ့ပါတယ်။ Surface 3 လို ကွန်ပျူတာ မော်ဒယ်တွေရော Windows Phone 7 လို စမတ်ဖုန်းတွေပါ ထုတ်လုပ်နိုင်သူ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ Wins စနစ်ကို တရားဝင် ရယူအသုံးပြုနေတဲ့ အဖွဲ့အစည်း ၁၁၆၀၀၀ ကျော် ရှိပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာ အမြတ်ကျန်ရှိမှု ၈ ရာခိုင်နှုန်း ထိ တိုးတက်အောင်မြင်လာပြီး တနှစ် အတွင်း လစာ ၁၂ ဒသမ ၁၉ ဘီလီယံသာ ပေးခဲ့ရပေမယ့် ဝင်ငွေ ၉၃ ဒသမ ၅၈ ဘီလီယံ ရှိခဲ့တာ တွေ့ရပါတယ်။
(၂) Alphabet ။ ။ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ Google က Alphabet ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး Google ရဲ့ အဓိက အလုပ်တွေကို ပြန်လည် ပူးပေါင်း လုပ်ကိုင်လာပါတယ်။ နောက်ပိုင်း Google ရဲ့ ဝန်ဆောင်မှု စနစ်တွေ ဖြစ်တဲ့ Calico, Google X, Fiber နဲ့ Nest လို ဝန်ဆောင်မှုတွေကို Alphabet က တာဝန်ယူ ကိုင်တွယ်နေခဲ့တာ တွေ့ရပါတယ်။ လက်ရှိတန်ဖိုး ၃၆၇ ဒသမ ၆ ဘီလီယံလောက်ထိ တန်ဖိုးရှိတဲ့ အခုကုမ္ပဏီက CEO အဖြစ် Larry Page က တာဝန်ယူနေပြီး ဥက္ကဌရာထူးကိုတော့ ပူးပေါင်း တည်ထောင်သူ Sergey Brin က ကိုင်တွယ်နေပါတယ်။ လက်ရှိ ဝန်ထမ်းပေါင်း ၈ သောင်းလောက်နဲ့ လည်ပတ်နေတာ လည်း ဖြစ်ပါတယ်။
(၁) Apple ။ ။ iPhone ထုတ်လုပ်မှုနဲ့ အတူနာမည်ကြီးတဲ့ အခုကုမ္ပဏီက လက်ရှိကမ္ဘာမှာ တန်ဖိုးအကြီးဆုံး နည်းပညာ ကုမ္ပဏီကြီး ဖြစ်နေပြီးတန်ဖိုး ၇၄၁ ဒသမ ၈ ဘီလီယံလောက် တန်နေပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းက Swift စနစ်ကို ဖန်တီးခဲ့ပြီး အခမဲ့ ပုံစံနဲ့ အခြား iOS စနစ်သုံး မဟုတ်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်အောင် အခမဲ့ပေးခဲ့တာလည်း တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာအတွင်း iPhone 6 နဲ့ 6 Plus ရောင်းချရမှုမှာ စံချိန်တင်ခဲ့ပြီး ၃ ရက်အတွင်း အမှာစာ ၁၃ သန်းထိ ရခဲ့တာလည်း ဖြစ်ပါတယ်။ iPhone တွေ အပြင် iPad, Mac PC, iPod, Apple Watch, Apple TV တွေလည်း ထုတ်လုပ် ရောင်းချတာတွေ့ရပါတယ်။
Ref: www.trendingtopmost.com