IT

တချောင်းတည်းနဲ့ အလုပ်သုံးမျိုး လုပ်ပေးနိုင်တဲ့ HDMI 2.1 ချိတ်ဆက် ကြိုးသစ်လာတော့မည်

Want create site? Find Free WordPress Themes and plugins.

အရင်က DVD စက်တွေနဲ့ TV နဲ့ ချိတ်ဆက်တော့ အနီ၊ အဝါ၊ အစိမ်း စတဲ့ ကြိုး ၃ ချောင်းတွဲ (A/V) တွေကို သုံးရပါ တယ်၊ တကြိုးက အပ်၊ တကြိုးက အသံ၊ တကြိုးက ရုပ်၊ ဒီလို ခွဲခြား ထားပြီး ကြိုး ၃ ချောင်းတွဲ ပုံစံနဲ့ ထုတ်လုပ်ထား တာပါ။ ဒါပေမယ့် နောက်တော့ အဆိုပါ ၃ ချောင်းတွဲထက် ပိုပြီး အသံထွက်ရော ရုပ်ထွက်ပါ ပိုကောင်းစေတဲ့ HDMI တွေ ထွက်လာပါတယ်။

နောက်ပိုင်းမှာတော့ A/V ခေါင်းတွေ အသုံးပြုမှု လုံး၀ ရပ်နားသွားနိုင်ပြီး TV-DVD လို ဖျော်ဖြေရေးစနစ် ချိတ်ဆက်မှု တွေမှာ အားလုံးက HDMI နဲ့ ဖြစ်လာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ အခု ပြောမှာကတော့ အဆိုပါ HDMI ရဲ့ နောက်ဆုံး ထွက်ရှိလာမယ့် Version 2.1 အကြောင်းပဲ ဖြစ်ပါတယ်။

 

ဒီ Version မှာ ဘယ်လောက်ထိအောင် အဆင့်မြှင့်တင်မှု လုပ်ဆောင်ထားပါသလဲ။ HDMI က နည်းပညာပစ္စည်း တွေကို ဘယ်လို အဆင့်မြှင်ထားပါသလဲ။

အသစ်ထုတ်မယ့် HDMI 2.1 က USB ခေါင်းတွေ ပုံစံ အပြား ဖြစ်ပြီး သူက အသံရော ရုပ်ရော ပိုကောင်းလာစေ ပါတယ်။ DVD လို ဖျော်ဖြေရေး စက်တွေ၊ TV တွေနဲ့ နောက်ဆုံး ကွန်ပျူတာတွေ ကနေ ပရိုဂျက်တာတွေ အထိ HDMI ပေါက်တွေ ထားရှိ ပါလာပါတယ်။

သိသာလောက်အောင် အဆင့်မြှင့်ထားတာကတော့ အခု 2.1 မှာ ရုပ်ထွက်ပိုင်း ဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် အတွက် ထုတ်လုပ်လာတဲ့ TV တိုင်းမှာ 2.1 ပါရှိလာဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ တပ်ဆင်မှု အပေါ် မူတည်ပြီး တချို့လည်း နည်းပညာ အားနည်းသေးတာကြောင့် ၂၀၁၉ ကျမှ ပါရှိလာဖို့လည်း ရှိတယ် လို့လည်း ဆိုပါတယ်။

10K ရုပ်ထွက်ထိအောင် ကောင်းလာမယ်

အခု အသစ် ထွက်လာမယ့် 2.1 မှာ ရုပ်ထွက်က 10K ထိအောင် ကြည်လင် ပြတ်သားလာပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်ထိ 10K ရုပ်ထွက် ပြသပေးနိုင်တဲ့ TV မရှိသေးလို့ အခု 2.1 အနေနဲ့ အနာဂါတ် TV တွေ အထိအောင်ပါ သုံးနိုင်မယ့် စနစ် ဖြစ်လာစေပါတယ်။ ဒါပေမယ့် VR စနစ်နဲ့ ကြည့်နိုင်မယ့် သယ်ဆောင်နိုင်တဲ့ စမတ် ပစ္စည်းတွေ၊ ကွန်ပျူတာ မော်နီတာ အကောင်းစားတွေနဲ့ TV တွေကို ထုတ်လုပ်သူတွေက ရုပ်ထွက် ကောင်းအောင် အဆင့်မြှင့် လုပ်ဆောင်နေပြီး မကြာခင်မှာတော့ 2.1 နဲ့ အဆင်ပြေတဲ့ TV တွေ ထွက်လာဖို့ လည်း ရှိနေပါတယ်။ လက်ရှိမှာတော့ 4K ရုပ်ထွက်ထိ ပြသပေးနိုင်တဲ့ TV တွေ အကောင်းဆုံး အနေအထားနဲ့ ခေတ်စားနေတာလည်း ဖြစ်ပါတယ်။


Frame နှုန်း ပိုများလာတယ်

Frame ဆိုတာကတော့ ရုပ်သံတွေကို ရိုက်ကူးတဲ့ နေရာမှာ မိမိ အသုံးပြုတဲ့ ကင်မရာ အပေါ် မူတည်ပြီးတော့ တစက္ကန့်ကို Frame (ရိုက်ချက်) ဘယ်လောက်ထိ များများ ရိုက်နိုင်သလဲ ဆိုတာ ဖြစ်ပါတယ်။ Frame တခုဟာ ဟိုအရင် ဖလင်တကွက်နဲ့ တူပါတယ်။ လက်ရှိ ရိုက်ကူးနိုင်မှု ရိုက်ချက်နှုန်းက တစက္ကန့်ကို ၂၄၊ ၃၀ နဲ့ တခါတစ်လေ ၆၀ လောက်ဆိုတာ အများဆုံး ဖြစ်ပါတယ်။

ဒီတော့ တစက္ကန့်မှာ ရိုက်ချက် ၃၀ နဲ့ ရိုက်ထားတယ်၊ ပြန်ကြည့်ရင် ကြည့်ရှုသူက မရေလိုက်နိုင်ပေမယ့် အဆိုပါ တစက္ကန့်အတွင်း ပုံရိပ် ၃၀ လုံးကို ပြန်ပြသွားပါတယ်၊ ဒီတော့ ရုပ်ထွက်ပီပြင်ပြီး ဓာတ်ပုံ မဟုတ်တဲ့ ရုပ်ရှင် ဖြစ်လာစေတာပါ။

ဒါပေမယ့် ကင်မရာတွေမှာ တစက္ကန့်ကို ပျမ်းမျှ ၂၄ ရိုက်ချက်ကနေ ၆၀ အတွင်း ရိုက်နိုင်နေပေမယ့် ပြန်လည် ပြသတဲ့ TV ကတော့ အဆိုပါ ရိုက်ချက်လောက်ထိ ပြသမပေးနိုင်တာ ရှိပါတယ်။ အထူးသဖြင့် ချိတ်ဆက် ကြိုးကြောင့်ပါ။ အခု 2.1 မှာတော့ အဆိုပါ အားနည်းချက်ကို ပြင်ဆင်ထားပြီး တစက္ကန့်ကို ရိုက်ချက် ၆၀ နဲ့ ရိုက်ထားတဲ့ ရုပ်သံကို အောက်စက် (DVD) ကနေ TV ကို ပေးပို့ ပြသစေရာမှာ ရိုက်ချက်နှုန်း အတိုင်း ပြန်လည် ပြသပေးစေနိုင်မှာ ဖြစ်ပါတယ်။

ကြိုးအသစ်လိုလာမယ်

2.1 ကို သုံးမယ် ဆိုရင် ကြိုးအသစ် လိုအပ်လာပါလိမ့်မယ်၊ အခု လက်ရှိ ကြိုးအသစ်ကို အမည်ပေးထားတာက Ultra High Speed ဖြစ်ပါတယ်။ လက်ရှိ HDMI တွေမှာ သုံးနေတဲ့ High Speed ကြိုးတွေကတော့ နေရာ ပျောက်သွားဖို့ ရှိပါတယ်။ အခု ကြိုးအသစ် UHS ကတော့ Bandwidth (လှိုင်းအလျား) ပိုကောင်းပြီး အချက်အလက် ပေးပို့နိုင်မှု ပိုမို မြန်ဆန် စေတာလည်း ဖြစ်ပါတယ်။ ဒီကြိုးကို ဈေးနှုန်းအနေနဲ့ ထုတ်လုပ်သူတွေက ၅ ဒေါ်လာလောက်နဲ့ ရောင်းချလာဖို့ ရှိနေပါတယ်။

ဂိမ်းသမားတွေ အတွက်

Variable Frame Rate ဆိုတဲ့ ရိုက်ချက် ပို့လွှတ်နှုန်းကို အလိုက်သင့် ပြောင်းလဲမယ့် စနစ် အခု 2.1 မှာ ပါလာပါတယ်။ ဂိမ်းတွေမှာ Frame နှုန်းက TVတွေမှာ ကင်မရာနဲ့ ရိုက်ထားတဲ့ Frame လောက် မများပါဘူး။ ဒီတော့ 2.1 ကို သုံးလိုက်တာနဲ့ ပုံသေ စွမ်းဆောင်ရည် အတိုင်း ရုပ်ထွက်တွေ ပြသပေးနေမှာ မဟုတ်ဘဲ ရိုက်ချက် များတဲ့ ဂိမ်းတွေ ဆိုရင်လည်း အဆိုပါ ပိုများတဲ့ ရိုက်ချက် အတိုင်း 2.1 က ပေးပို့ ပြသပေးမယ်၊ ရိုက်ချက်နည်းတဲ့ ဂိမ်းအနိမ့်တွေမှာ ဆိုရင်လည်း အဆိုပါ နှုန်း အတိုင်း ပြောင်းလဲပြီး ရိုက်ချက် နည်းနည်းကိုပဲ ပေးပို့ ပြသပေးမှာ ဖြစ်ပါတယ်။ ဒါဟာ 2.1 အနေနဲ့ ချိတ်ဆက်ခေါင်းနဲ့ ကြိုး စနစ် ဖြစ်ပေမယ့် အာရုံခံစနစ် ထည့်သွင်း ဖန်တီးထားတာကြောင့် ပိုမို ကောင်းမွန်လာတာ ဖြစ်ပါတယ်။

HDR, QMS, DFT, ALLM နဲ့ အခြား စနစ်တွေကိုပါ သုံးနိုင်လာစေမယ်

လက်ရှိ အသုံးပြုနေတဲ့ 2.0 တွေမှာ ဆိုရင် HDR စနစ်ကိုပဲ သုံးနိုင်တယ်၊ ဒါပေမယ့် Dolby Vision တွေနဲ့ ဖန်တီး ထားတဲ့ ရုပ်ထွက်တွေမှာ ဆိုရင် HDR10+ လောက်ထိ ရုပ်ထွက်ရှိပါတယ်။ ဒါဆိုရင် 2.0 က မနိုင်တော့ပါဘူး။ အခု အသစ် ထွက်လာမယ့် 2.1 ကတော့ အဆိုပါ HDR10+ ထိအောင် သုံးနိုင်မှာပါ။

QMS ဆိုတဲ့ Quick Media Switching စနစ်ဟာ ဆိုရင်လည်း ရိုက်ချက်နှုန်း မတူတဲ့ ရုပ်သံတွေကို TV ကို အလွယ် တကူ ချိတ်ဆက် ပေးပို့မှု အတွက် မြန်ဆန်ကောင်းမွန်လာစေမှာပါ။ QFT ဖြစ်တဲ့ Quick Frame Transport မှာ ဆိုရင်တော့ ရုပ်သံပေးပို့လိုက်တဲ့ စက် (DVD) ကနေ ပြသစက် (TV) ဆီကို ပေးပို့မှု အတွင်း ကြားကာလ ကြာချိန်ကို အမြန်ဆုံး ဖြစ်အောင် လျော့ချပစ်လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။ ALLM ကတော့ Auto Low Latency Mode ဖြစ်ပြီး သူက အထက်မှာ ပြောခဲ့တဲ့ HDR, QMS, QFT စတဲ့ စနစ်တွေကို တပြိုင်နက်တည်း သုံးနိုင်အောင် ထိန်းထားပေးမယ့် စနစ် ဖြစ်ပါတယ်။

eARC ပါလာတယ်

သူကတော့ A/Vကြိုးတွေမှာထက် အသံထွက် ပိုကောင်းအောင် ဆောင်ရွက်ပေးမယ့် စနစ် ဖြစ်ပြီး သူက အသံထွက် အရည်အသွေး 5.1 ကနေ 7.1 အကြား အဆင့်ရှိ အသံထွက်တွေကို ပေးစွမ်းမှာပါ။ အသံလိုင်း ချိတ်ဆက် စနစ်က အသွား၊ အပြန် ပုံစံ ဖြစ်လာပါတယ်။ A/V တွေမှာက DVD ကနေ အသံကို TV ဆီ ပေးပို့မှုပဲ ဖြစ်ပြီး 2.1 မှာတော့ DVD ကနေ TV ကိုလည်း အသံပို့တယ်၊ TV က အသံထွက်စနစ် (Speaker) ဆီကိုလည်း အသံလိုင်း သီးသန့်ပို့မယ်၊ ရလဒ်ကတော့ DVD ကနေ ပို့လိုက်တဲ့ အသံစနစ် အတိုင်း စပီကာကနေ အသံထွက်လာခြင်း ဖြစ်ပြီး အရင်က တဆင့်ခိုင်းတဲ့ TV စနစ်ကနေ အသံပြန်ခိုင်းတာ မဟုတ်လို့ TV က အသံပိုင်း စနစ် အားနည်း နေရင်တောင် အခု 2.1 သုံးလိုက်ရင် အသံထွက် အရည်အသွေး ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။

ချိတ်ဆက်နိုင်မှု အားကောင်းလာမယ်

အခု လက်ရှိ အောက်စက် အနေနဲ့ PS3 ဂိမ်းစက်လည်း ရှိမယ်၊ Blu-ray လို ဖျော်ဖြေရေးစက်လည်း ရှိမယ် ဆိုပါတော့၊ စက် နှစ်လုံး ဖြစ်နေလို့ 2.1 ကြိုး နှစ်ချောင်း ဝယ်တပ်ရမှာ မဟုတ်ပါဘူး။ စက် ၂ လုံးစလုံးနဲ့ 2.1 နဲ့က အဆင်ပြေ ပါတယ်။ ကြိုးတချောင်းတည်းနဲ့ သင့်ရဲ့ TV နဲ့အောက်စက် ၂ လုံးကို ချိတ်ဆက်နိုင်စေပါလိမ့်မယ်။

2.1 ရဲ့ အသေးစိပ် အချက်အလက်တွေကိုတော့ လာမယ့် ၂၀၁၈ ဇန်နဝါရီလထဲမှာ ထပ်မံ မိတ်ဆက်လာဖို့ ရှိနေပြီး နောက်ထပ် ၁ နှစ်လောက်တော့ ဖန်တီးမှု ပြီးပြည်စုံဖို့ အချိန် လိုဦးမယ် လို့ ခန့်မှန်တာတွေ ရှိပါတယ်။ ၂၀၁၉ လောက်မှာ TV တွေ အားလုံးမှာ 2.1 စနစ် ပါလာနိုင်မယ်လို့ ယူဆနေကြပါတယ်။

ဒါပေမယ့် ဂိမ်းစက် ထုတ်လုပ်သူတွေကတော့ Variable Frame Rate စနစ်က အကောင်းဆုံး ရုပ်ထွက်နဲ့ ကစားနိုင်မှု ဖြစ်လာလို့ ၂၀၁၈ အတွင်းမှာ 2.1 ကို သုံးပြီး စက်တွေ ထုတ်လုပ်လာနိုင်ပါတယ်။ A/V ကြိုးတွေထက် ရုပ်ထွက်၊ အသံထွက် ကောင်းလို့ သဘောကျစရာ HDMI မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်တဲ့ အကြောင်း စိတ်ဝင်စားစရာ တင်ပြလိုက်ပါတယ်။

Ref: www.cnet.com

Did you find apk for android? You can find new Free Android Games and apps.
Loading