IT

Samsung ဖုန်းမော်ဒယ်သစ် Galaxy S9 မှာ ဘာတွေ ထူးခြားလာမလဲ

၂၀၁၇ ခုနှစ် အစောပိုင်း အချိန်က Galaxy S8 ဈေးကွက်ထဲ ရောက်လာခဲ့တာပါ။ ဒါဆိုရင် နောက်ထွက်လာမယ့် မော်ဒယ်သစ် S9 ရော လာမယ့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဈေးကွက် ဝင်မလာနိုင်ဘူးလား။ သေချာတာကတော့ မကြာသေးခင်ကမှ iPhone အသစ် ထွက်ထားလို့ အဆိုပါ မော်ဒယ်ထက် လူကြိုက်များအောင် ထုတ်လုပ်လာဖို့တော့ ရှိနေပါတယ်။ အခု အသစ် ထွက်လာဖို့ ရှိနေတဲ့ S9 နဲ့ ပတ်သတ်တဲ့ သိကောင်းစရာလေးတွေ ပြောပြပါမယ်။

အသိသာဆုံး ဖြစ်မယ့် ထူးခြားချက်ကတော့ အခု မော်ဒယ်သစ်မှာ In-Screen ဆိုတဲ့ ခလုတ် သီးသန့် မဟုတ်ပဲ ဖုန်းရဲ့ မျက်နှာပြင် Touch နဲ့ အသုံးပြုနိုင်မယ့် မျက်နှာပြင် နေရာမှာ လက်ဗွေဖတ်စနစ် ပါရှလာဖို့ပဲ ဖြစ်ပါတယ်။ အရင်က HTC ရဲ့ မော်ဒယ်တွေမှာ လက်ဗွေဖတ်စနစ် ပါခြင်းမျိုး မဟုတ်ပေမယ့် In-screen ပုံစံနဲ့ ခလုတ် စနစ် ထည့်သွင်းဖန်တီးထားတာ တွေ့ဖူးပါတယ်။

Galaxy S9 က ဈေးနှုန်း အနေနဲ့ စတာလင်ပေါင် ၆၃၉၊ အမေရိကန် ဒေါ်လာ ၇၂၅ လောက်နဲ့ ရောင်းချလာနိုင်ဖွယ် ရှိပါတယ်။ ဒါဆိုရင်တော့ ဈေးနှုန်းက ရှေ့ထွက် မော်ဒယ်နဲ့ သိပ်မကွာဘူးပေါ့။ ဒါကလည်း သိသာတဲ့ ဖန်တီးမှု ပြောင်းလဲ လာဖို့ မရှိလို့ ဈေးနှုန်း သိပ်မများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

မော်ဒယ်သစ်ကို လာမယ့် မတ်လ အတွင်း ရောင်းချလာမယ် လို့ ယူဆရပြီး ဇန်နဝါရီ အတွင်းမှာ မိတ်ဆက်မှု လုပ်လာနိုင်ပါ တယ်။ ဒါပေမယ့် တချို့ Samsung ကနေ ပေါက်ကြားသတင်းတွေ အရ ဇန်နဝါရီထဲမှာတင် မိတ်ဆက်ဖို့ရော ရောင်းချမှုပါ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် S8 မော်ဒယ်က မတ်လထဲမှာ ရောင်းခဲ့လို့ ၁ နှစ်အကြာ မတ်လမှာပဲ ရောင်းလာနိုင်မယ်လိ့ု ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။

မျက်နှာပြင်စနစ်က OLED နဲ့ပဲ လာမယ်လို့ ယူဆရတယ်၊ ဒါပေမယ့် Samsung ရဲ့ ဖောက်သည်တွေကတော့ အခုထက် ပိုကောင်းတဲ့ စနစ်နဲ့ လိုချင်နေတာ အမှန်ပါ။ အထူးသဖြင့် မျက်နှာပြင်စနစ်မှာ မျက်နှာပြင်အတွင်း လက်ဗွေဖတ်စနစ် ပါလာနိုင်တာက ဖုန်းရဲ့ အပေါ် မျက်နှာပြင်မှာ ခလုတ် အတွက် နေရာပေးရမှု နည်းလာနိုင်မယ်၊ ပြီးတော့ ရေစိုခံနိုင်မယ့် အလွှာပါးစနစ် ပါလာဖို့လည်း ရှိနေပါတယ်။ The Bell ရဲ့ ဖော်ပြချက်မှာတော့ AMOLED စနစ်နဲ့ ဖြစ်လာနိုင်သလို မျက်နှာပြင် အရွယ် ၅ ဒသမ ၈ လက်မ ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Tech Radar ကတော့ ဖုန်းသစ် အနေနဲ့ S8 နဲ့ မျက်နှာပြင် အကျယ်အဝန်း အတူတူ ဖြစ်မယ်၊ အတွင်းဘက် Chip အထိုင်မှာပဲ Qualcomm ရဲ့ စနစ်သစ်ကို သုံးထားမယ် လို့ ယူဆမိပါတယ်။ အခု နောက်ပိုင်း တန်းမြင့် ဖုန်းတွေက Smaller-Bezel လို့ ဆိုတဲ့ ဘေးဘောင် အသေးစား၊ နေရာယူမှု အနည်းငယ်ပဲ ရှိအောင် ဖန်တီးလာပြီး နောက်ပိုင်းမှာ Less-Bezel ဆိုတဲ့ ဘေးဘောင်မဲ့ ပုံစံ ထွက်လာဖို့ ဦးတည်းနေပါတယ်။ Samsung လည်း ဘေးဘောင်မဲ့ ပုံစံ ထုတ်လုပ်ဖို့ ကြိုးစားနေပေမယ့် အခု S9 မှာတော့ ဘေးဘောင်ကျဉ်း (Smaller-Bezel) အနေနဲ့ပဲ လာနိုင်ဖို့ ရှိပါသေးတယ်။ ဖုန်းရဲ့ မျက်နှာပြင်စနစ်နဲ့ လက်ဗွေဖတ်စနစ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသစ်ထွက်ရှိထားတဲ့ Essential One နဲ့ ဆင်တူနိုင်ပါတယ်။

ပြီးတော့ ဖုန်းရဲ့ အရောင်နဲ့ ပတ်သတ်ပြီး ရွေးချယ်နိုင်မှု အသစ် ရလာနိုင်ပါတယ်။ အဲဒါကတော့ ခရမ်းနုရောင် အနေနဲ့ပါ ရနိုင်လာဖို့ ရှိနေတာပါ။ ကင်မရာပိုင်းမှာ အဆင့်မြှင့်တင်မှု အဖြစ် ရုပ်သံ ရိုက်ကူးနိုင်မှု အပိုင်းမှာ တစက္ကန့်ကို Frame (ရိုက်ချက်) ၁၀၀၀ နှုန်းထိ ရိုက်ကူးလာနိုင်မယ်၊ 3D စနစ်နဲ့ မျက်နှာဖတ် စနစ်ကို သုံးနိုင်လာမယ်၊ Lens အပိုင်းမှုာ အခု နောက်ပိုင်း Dual-Lens တွေ ခေတ်စားလာ ပေမယ့် S9 မှာတော့ Single-Lens ပုံစံပဲ လာမယ် လို့ ယူဆရပါတယ်။

ဘက်ထရီပိုင်းမှာတော့ ရှေ့ထွက် S Series အတွင်း ပြစ်ချက် ရှိထားတာကြောင့် အကောင်းဆုံး ပြင်ဆင်လာဖို့ ရှိနေပြီး စွမ်းအင်စား သက်သာဖို့ရော အချိန်ကြာ အသုံးခံနိုင်အောင် ဖန်တီးလာဖို့ ရှိနေပါတယ်။ PCB-Tech လို နည်းပညာ ကုမ္ပဏီတွေရဲ့ ခန့်မှန်းချက်ကတော့ Samsung အနေနဲ့ Exynos လို Chip အထိုင်စနစ်ကို အကောင်းဆုံး ပြင်ဆင်စေပြီး ဘက်ထရီစား သက်သာအောင် ဖန်တီးလာစေဖို့ ရှိနေတယ် လို့ ဆိုပါတယ်။ ဘက်ထရီ အရွယ်လည်း အရင်ကထက် နည်းနည်းပိုကြီးမားအောင် ထည့်သွင်းထားနိုင်ပြီး ဘက်ထရီ သက်တမ်း အကောင်းဆုံး တန်းမြင့် ဖုန်းတလုံး ဖြစ်အောင် ဖန်တီးထားနိုင်ပါတယ်။

Chip အထိုင်မှာ Snapdragon 845 ဒါမှမဟုတ် Exynos 9810 ကို သုံးလာနိုင်ပြီး ဘက်ထရီ ပိုခံမယ့် Chip ကို သုံးလာနိုင်ပါ တယ်။ RAM ကတော့ 4GB လောက်ပဲ ရှိနိုင်ပါတယ်။ Octa-core စနစ်နဲ့ ဖြစ်နိုင်ပြီး မြန်နှုန်း 2.8GHz နဲ့ လည်ပတ် လိမ့်မယ်။ ရှေ့ထွက် S8 ထက် အသုံးပြုရမI ၃၀ ရာခိုင်နှုန်းလောက် ပိုမြန်လာနိုင်တာလည်း ဖြစ်ပါတယ်။ 4K ရုပ်ထွက်ရှိတဲ့ ရုပ်သံ မှတ်သားမှုတွေ အထိ လုပ်ဆောင်ပေးလာနိုင်ဖို့လည်း ရှိနေတာပါ။ တချို့ကလည်း RAM ကို 6GB နဲ့ လာနိုင်တယ်လို့ ယူဆနေ ပါတယ်။ ဒါပေမယ့် RAM 4GB နဲ့ပဲ လာမယ်၊ Android Oreo ကို သုံးနိုင်လာဖို့ ရှိနေတယ်လို့ အများစုက ခန့်မှန်းပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် S9 အနေနနဲ့ ဘက်ထရီပိုင်းနဲ့ ကင်မရာပိုင်းမှာပဲ အဆင့်မြှင့်မှုတွေ အဓိက လုပ်ဆောင်ပြီး ဈေးကွက်ထဲ ရောက်လာမယ် လို့ ယူဆမိပြီး အရောင်သစ် အနေနဲ့ပါ ရနိုင်လာဖို့ ရှိနေပါတယ်။ လက်ရှိ ခန့်မှန်းချက် အရ S9 ရဲ့ အားသာချက် အနေနဲ့ မျက်နှာပြင် ကျယ်ဝန်းမယ်၊ ရုပ်ထွက် စိတ်ကြိုက် ဖြစ်မယ်၊ လက်ဗွေဖတ်စနစ်က အဆင့်မြင့်ပြီး ကောင်းမွန် တိကျလာ မယ်၊ ဘက်ထရီစား သက်သာပြီး အချိန်ကြာ သုံးလာနိုင်သလို ဖုန်းအသုံးပြုရတာလည်း မြန်ဆန် သွက်လက်လာမှာပါ။

ဒါပေမယ့် ကင်မရာက Single-Lens ပဲ ဖြစ်နေလို့ တခြား Dual-Lens တွေနဲ့ စာရင် လူကြိုက် နည်းစေနိုင်သလို ဘက်ထရီ အရွယ်အစားလည်း ရှေ့ထွက် S8 နဲ့ ရွယ်တူ ဖြစ်နိုင်သလို ပိုပြီး အရွယ်ကြီးတဲ့ ဘက်ထရီကို ထည့်ထားရင်တောင် သိပ်တော့ ဘက်ထရီ သိပ်မကြီးနိုင်လောက်ဘူး လို့ပဲ ခန့်မှန်းရပါတယ်။

Ref: www.techradar.com

Loading