IT

ကင်မရာ ၄ လုံးနဲ့ ဈေးနှုန်းသင့်တဲ့ Huawei Nova 2i စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Huawei မှ ၂၀၁၇ ခုနှစ်အတွင်း မိတ်ဆက်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းသင့်ပြီး ကင်မရာ အရည်အသွေးကောင်းတဲ့ Huawei Nova 2i စမတ်ဖုန်းအကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။

Huawei Nova 2i စမတ်ဖုန်းက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလအတွင်းမှာ စတင်ရောင်းချခဲ့တာပါ။ ပထမရောင်းချစဉ်က အနက်ရောင်နဲ့ ရွှေရောင် နှစ်မျိုး စတင်ရောင်းချခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ အပြာရောင်ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Nova 2i စမတ်ဖုန်း အပြာရောင်က ဈေးကွက်ထဲမှာ လူကြိုက်များပြီး လူငယ်ဆန်တဲ့ အရောင်ဖြစ်တာကြောင့် အသုံးပြုသူ လူငယ်တွေကြားမှာလည်း ရေပန်းစားနေတာ တွေ့ရပါတယ်။

Nova 2i စမတ်ဖုန်းက မျက်နှာပြင်အရွယ်အစား ၅.၉ လက်မရှိပြီး မျက်နှာပြင်အပြည့် FullView Display နည်းပညာနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပထမဦးဆုံး အရှေ့၊ အနောက် ကင်မရာ မှန်ဘီလူး ၄ ခု ပါဝင်တဲ့ စမတ်ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။

ကင်မရာ အရည်အသွေးအနေနဲ့ အရှေ့ဘက် Selfie ကင်မရာ 13 Mega pixel, 2 Mega pixel မှန်ဘီလူး ၂ ခု၊ အနောက်ဘက် Original ကင်မရာ 16 Mega pixel, 2 Mega pixel မှန်ဘီလူး ၂ ခု၊ စုစုပေါင်း ကင်မရာ ၄ လုံး ပါဝင်တာ တွေ့ရပါတယ်။

CPU အနေနဲ့ Nova 2i စမတ်ဖုန်းမှာ 1.7GHz Octa-core HiSilicon Kririn 659 Processor အသုံးပြုထားပြီး RAM အနေနဲ့လည်း 4GB ပါဝင်တာ တွေ့ရပါတယ်။ Internal Storage အနေနဲ့ 64GB ပါဝင်ပြီး microSD card 256GB အထိ တိုးချဲ့ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ အရှေ့ဘက်ကင်မရာမှာ Selfie Toning Flash လုပ်ဆောင်ချက်အသစ် ပါဝင်တာကြောင့် Portrait ပုံများ ရိုက်တဲ့အခါ ကြည်လင်ပြတ်သားစေတဲ့ Bokeh လုပ်ဆောင်ချက်တို့ ပါဝင်တာ တွေ့ရပါတယ်။

Huawei Nova 2i စမတ်ဖုန်း အပြာရောင်
lowyet.net

Nova 2i စမတ်ဖုန်းမှာ အစိတ်အပိုင်း တခုချင်းစီဖြစ်တဲ့ ကင်မရာ၊ လက်ဗွေစနစ်၊ USB Socket၊ ဆင်ဆာစနစ်နဲ့ Flash တို့ကို စေ့စပ်သေချာစွာ ဖုန်းကိုယ်ထည်ရဲ့ အရှေ့နဲ့အနောက်ဘက်တို့မှာ စနစ်တကျ တပ်ဆင်ထားတာတွေ့ရပါတယ်။

Os version အနေနဲ့ Android version 7.0 (Nougat) အသုံးပြုထားပြီး ဘက်ထရီအားပမာဏ 3340 mAh ပါဝင်ပါတယ်။ Nova 2i စမတ်ဖုန်းက ဆင်းမ်ကတ် ၂ ကတ်ထိုး၊ Dual SIM စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး 3G, 4G Network များကို Support ပေးပါတယ်။

အသံပိုင်းစနစ်ကို Nova 2i မှာ Huawei Histen Audio စနစ် အသုံးပြုတပ်ဆင်ထားတာကြောင့် ဗီဒီယိုကြည့်ခြင်းများ၊ ဂိမ်းကစားခြင်းများပြုလုပ်တဲ့အခါ ထူးခြားတဲ့ ရုပ်သံစနစ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Huawei Nova 2i စမတ်ဖုန်းကို နိုဝင်ဘာလအတွင်းက ဈေးနှုန်း ကျပ် ၃၆၉၀၀၀ နဲ့ စတင်ရောင်းချခဲ့ပြီး ယခုအခါ ဈေးနှုန်း ၃၃၉၀၀၀ ကျပ်ဖြင့် အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင်၊ အပြာရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းလင့်ခ် – Huawei Nova 2i စမတ်ဖုန်းသစ် Brand Endorser အဖြစ် အဆိုတော် Mary ကိုခန့်အပ်

Did you find apk for android? You can find new Free Android Games and apps.
Loading