IT

iPhoneများ နှေးကွေးနေခြင်း Apple တောင်းပန်၊ ဘက်ထရီများ ဈေးလျှော့ ရောင်းပေး မည်ဟုဆို

APPle ကုမ္ပဏီက ၎င်းတို့ထုတ်ခဲ့ပြီးဖြစ်သည့် I Phone မော်ဒယ်တချို့ စွမ်းဆောင်ရည် နှေးကွေးနေ ခြင်းနဲ့ ပတ်သက်၍ ဝယ်ယူသုံးစွဲသူများကို တောင်းပန်လိုက်ပြီး၊ အစားထိုးလဲလှယ်နိုင်မည့် ဘက်ထရီကို လျော့ဈေးဖြင့် ရောင်းချပေး မှာဖြစ် တယ်လို့ ဆိုပါတယ်။

iPhone 6 ၊ iPhone 6 Plus ၊ iPhone 6s၊  iPhone 6s Plus ၊ iPhone SE ၊ iPhone 7 နဲ့ iPhone 7 Plus တို့အတွက် ဘက်ထရီများကို မည်သူမဆို အစားထိုး လဲလှယ်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၇၉ ဒေါ်လာမှ ၂၉ဒေါ်လာသို့ လျော့ချခြင်းနဲ့  ဘက်ထရီလဲလှယ်နိုင်ခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ  ဒီဇင်ဘာ နှစ်ကုန်အထိ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါ တယ်။

ဒီသို့ ပြုလုပ်ရခြင်းဟာ iPhone သုံးသူများအကြား အဆင်မပြေမှုများဖြစ်လာတယ်ဆိုတဲ့ အုတ်အော် သောင်းတင်း ဖြစ်နေ သည့် အသံများကို တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့အနေနဲ့ သုံးစွဲသူများရဲ့ တရားစွဲဆိုခြင်းနဲ့လည်း ရင်ဆိုင်နေရကာ Apple အနေနဲ့ သုံးစွဲသူတွေ စိတ်ပျက်အောင် လုပ်မိပြီ ဆိုတာကို သိ၍  တောင်းပန်ကြောင်းကိုလည်း ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှ တဆင့် သတင်းစကားဖြန့်ဝေခဲ့ ပါတယ်။

“ကျနော်တို့ အနေနဲ့ သုံးစွဲသူတွေ i Phone တွေကိုပဲ တတ်နိုင်သမျှ ကြာကြာ သုံးစွဲစေချင်တာပါ၊ တာရှည်အသုံးခံတယ် ဆိုတဲ့ စွမ်းရည်ကြောင်ပဲ Apple ထုတ်ကုန်တွေအတွက် ကျနော်တို့ ဂုဏ်ယူနေရတာပါ၊ Apple ထုတ်ကုန်တွေဟာ ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ရင် ရေရှည် တန်ဖိုးရှိနေတုန်းပါ” လို့လည်း ဆိုထားပါတယ်။

အကယ်၍ အဆိုပါ iPhone မော်ဒယ်များ၏ ဘက်ထရီအဟောင်းများက ကောင်းနေဆဲဖြစ်ပါက ဆော့ဖ်ဝဲ update ကို သုံးစွဲသူများ ပိုမိုအဆင်ပြေလွယ်ကူ စေရန် ဖြန့်ဝေပေးမယ်လို့လည်း ကုမ္ပဏီကဆိုပါတယ်။

iPhone 6 အတွက် ဘက်ထရီများ အားလျော့ကာ စက်ပိတ်သွားခြင်းကို ကာကွယ်ကွယ်ရန် Smoth Out အမည်ပေးထား တဲ့ အားဖြည်ရန် အချက်ပေးစနစ်ကို Apple က ထုတ်ပြန်ပြီးတဲ့နောက်မှာ ထိုသို့ အငြင်းပွားဖွယ်များ ပေါ်ပေါက်လာခြင်းဖြစ် ပါတယ်။

နောက်ဆုံးထုတ်ပြန်တဲ့ Apple ရဲ့ ကြေညာချက်မှာတော့ မည်သည့်ထုတ်ကုန်မဆို Apple အနေနဲ့ သက်တမ်းတိုအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်တုန်းကမှ မထုတ်ခဲ့သလို နောက်ထပ်လည်း ထုတ်မှာ မဟုတ်ကြောင်း၊ သုံးစွဲသူများ အဆင့်မြင့် မြင့် ဖြစ်လာဖို့ ရည်ရွယ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

ထိုင်းနိုင်ငံမှာလည်း iPhone ဘက်ထရီများကို ပုံမှန်ဈေး ဘတ် ၂၉၀၀ မှ ဘတ် ၁၀၀၀ အထိ အထူးလျှောကဈေးနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

Loading