Samsung မှ အရှေ့ဘက် ကင်မရာ ၂ လုံး၊ ကြီးမားကျယ်ပြန့်တဲ့ ဘေးဘောင်မဲ့ Infinity Display မျက်နှာပြင်နဲ့ ရေစိုခံတဲ့ Galaxy A Series မျိုးဆက်သစ် စမတ်ဖုန်း Galaxy A8 (2018) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။
Samsung Galaxy A8 စမတ်ဖုန်းဟာ Samsung Flagship စမတ်ဖုန်းများ ဒီဇိုင်းကို အခြေခံထားတဲ့ Galaxy A Series မျိုးဆက်သစ် စမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။
ထူးခြားတဲ့ ကင်မရာ အရည်အသွေးအနေနဲ့ အနောက်ဘက် ကင်မရာ 16 Mega pixel၊ အရှေ့ဘက် Selfie ကင်မရာ 16 Mega Pixel + 8 Mega pixel အရည်အသွေးရှိ F 1.9 ကင်မရာ ၂ လုံး ပါဝင်ပြီး အရည်သွေးမြင့် Selfie ကင်မရာ ၂ လုံး ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ Selfie ပုံများ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။
ထည့်သွင်းပေးထားတဲ့ အရှေ့ကင်မရာ ၂ လုံးဟာဆိုရင် Selfie ဓာတ်ပုံများကို ဓာတ်ပုံ အနေအထား အပေါ် မူတည်ပြီး အနီးကပ်ပုံနဲ့ ကြည်လင်ပြတ်သားတဲ့ Portrait ပုံများကို ပြောင်းလဲ ရွေးချယ် ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။
Galaxy A8 စမတ်ဖုန်းမှာ အသစ် ထည့်သွင်းပေးထားတဲ့ Live Focus လုပ်ဆောင်ချက် ပါဝင်ပြီး အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန်အတွက် ဓာတ်ပုံရိုက်နေစဉ် ဖြစ်စေ၊ မရိုက်ခင် ဖြစ်စေ Bokeh Effect အသုံးပြုပြီး အလွယ်တကူ ချိန်ညှိပေးနိုင်မယ့် လုပ်ဆောင်ချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဘေးဘောင်မဲ့ Infinity Display ဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ချိန်နဲ့ ဂိမ်းကစားချိန်တို့မှာ ကောင်းမွန်တဲ့ မြင်ကွင်းကျယ် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Always On Display လုပ်ဆောင်ချက် ပါဝင်တာကြောင့် သုံးစွဲသူများအနေနဲ့ ဖုန်း Lock ဖြည်စရာ မလိုဘဲ အချက်အလက်များကို အလွယ်တကူ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Galaxy A8 စမတ်ဖုန်းမှာ ရေဒဏ်၊ ဖုန်ဒဏ်တို့ကို ကာကွယ်ပေးတဲ့ IP68 စနစ်ပါဝင်ပြီး ချွေးဒဏ်၊ မိုးဒဏ်၊ ဖုန်ဒဏ် တို့ကို ကာကွယ်ပေးနိုင်တဲ့ ခံနိုင်ရည်ရှိတဲ့ ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။
CPU အရည်အသွေး Octa Core (2.2 GHz Dual + 1.6 GHz Hexa) အသုံးပြုထားပြီး Memory အနေနဲ့ 4GB RAM, 32/64 GB ROM တို့ ပါဝင်ပါတယ်။ Micro SD Card ထပ်မံ ဖြည့်သွင်းပြီး 256 GB အထိ တိုးမြှင့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ဘက်ထရီအားပမာဏ 3000 mAh ပါဝင်ပြီး Android Version အနေနဲ့ 7.1.1 အသုံးပြုထားတာ တွေ့ရပါတယ်။ Galaxy A Series စမတ်ဖုန်းများအနက် Galaxy A8 ဟာ Samsung Gear VR နဲ့ ပထမဆုံး တွဲဖက် အသုံးပြုနိုင်မယ့် စမတ်ဖုန်းတလုံး ဖြစ်ပါတယ်။
Galaxy A8 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနဲ့အတူ Samsung Myanmar မှ Telenor Myanmar နဲ့ ပူးပေါင်းပြီး Galaxy A8 ဖုန်းဝယ်ယူသူများကို လစဉ် ဖုန်းငွေဖြည့်ကဒ် တသောင်းကျပ် ဖြည့်သွင်းရုံနဲ့ အင်တာနက် လက်ဆောင် 5GB (၆) လ ဆက်တိုက် ရရှိနိုင်မယ်လို့ သိရပါတယ်။
Galaxy A8 စမတ်ဖုန်း ဝယ်ယူလိုသူများအနေနဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ Samsung အရောင်းပြခန်းများမှာ စရံငွေ ကျပ် ၃ သောင်းပေးသွင်းကာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင် ၂ မျိုး၊ ဈေးနှုန်းအနေနဲ့ မြန်မာငွေ ကျပ် ၆၁၅,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ။