အခုပြောမယ့် ဖုန်းသစ်တွေကတော့ အခုနှစ်ထဲမှာ ဈေးကွက်တင် ရောင်းချလာဖို့ ရှိပြီး ICES ဆိုတဲ့ နှစ်စဉ်ကျင်းပလေ့ ရှိတဲ့ International Consumer Electronics Show မှာ ထည့်သွင်း မိတ်ဆက်ထားတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းကောင်းကောင်း ကိုင်ချင်သူတွေ အတွက်ကတော့ စိတ်ဝင်စားစရာ ဖြစ်လာတာ အမှန်ပါပဲ။ ဘယ်အမှတ်တံဆိပ်တွေက ၂၀၁၈ နှစ်ဦးကို ဘယ်လို မော်ဒယ်ကောင်းတွေ မိတ်ဆက်လာပါသလဲ။
Vivo – တရုတ် အခြေစိုက် ကုမ္ပဏီက ပထမဆုံး လက်ဗွေဖတ် စနစ်ကို ဖုန်းရဲ့ မျက်နှာပြင်ထဲမှာ ထားရှိ ဖန်တီးထားတဲ့ မော်ဒယ်သစ်ကို မိတ်ဆက်လာပါတယ်။ ပုံမှန် ဆိုရင် လက်ဗွေဖတ် စနစ်က ပြင်ပ Home ခလုတ်မှာ ဖြစ်စေ၊ သီးသန့် ဖြစ်စေ ထားရှိ ထုတ်လုပ်လေ ့ရှိတာပါ။ ကုမ္ပဏီကတော့ X20 UD လို့ မော်ဒယ်ကို အမည်ပေးထားပါတယ်။ အမေရိကန်မှာပါ ရောင်းချမယ့် ဒီဖုန်းက အခုနှစ်ဆန်းပိုင်းမှာ ဈေးကွက် ဝင်လာမှာပါ။ Synaptics ကနေ ဖန်တီးပေးထားတဲ့ ဒီစနစ်ကို ရုပ်သံ အနေနဲ့ ပြသမိတ်ဆက်ထားတာလည်း တွေ့ရပါတယ်။ ဖုန်းရဲ့ ရှေ့မျက်နှာပြင်မှာ ခလုတ်နေရာ မလိုတော့ဘဲ မျက်နှာပြင်က အပြည့်ဖြစ်လာပါတယ်။
Huawei – တရုတ် အခြေစိုက် Huawei က အမေရိကန် ဈေးကွက်မှာပါ အောင်မြင်မှု ရဖို့ ဈေးကွက် ခဲျ့ထွင်နေတာ တွေ့ရပြီး အခု Mate 10 Pro မော်ဒယ်ကို AT&T လို ကိုယ်စားလှယ်တွေဆီကနေ တဆင့် ရောင်ချဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် မော်ဒယ်ကို မိတ်ဆက်ပြီး မကြာခင်မှာ AT&Tက အမေရိကန် အစိုးရရဲ့ ဖုန်းလုံခြုံရေး စနစ်ဆိုင်ရာ လိုအပ်ချက် ကြောင့် ရောင်းချပေးမှု မရှိတော့ပါဘူး။ ဒါပေမယ့် အခုထိတော့ ကုမ္ပဏီက Unlocked မော်ဒယ်တွေကို ဒေါ်လာ ၅၉၉ နဲ့ ရောင်းချနေပါတယ်။ ကင်မရာပိုင်း၊ ဘက်ထရီစား၊ AI နည်းပညာတွေ ကောင်းလို့ သုံးသူတွေကတော့ သဘောကျ နေပါတယ်။ မကြာခင်မှာ Honor 7X, Honor View 10 တွေကိုပါ မိတ်ဆက်ရောင်းချလာဖို့ ရှိနေပါသေးတယ်။
Sony – ဒီပြပွဲမှာ ဂျပန် အခြေစိုက် Sony ကလည်း တန်ဖိုးသင့်ဖုန်း ၃ မျိုးကို မိတ်ဆက်လာပါတယ်။ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 မော်ဒယ်တွေ ဖြစ်ပါတယ်။ ဖုန်း ၃ ခုလုံးမှာတော့ တူညီစွာ ပါဝင်လာတဲ့ စနစ်သစ်ကတော့ နောက်ဘက် မျက်နှာပြင် လက်ဗွေဖတ် စနစ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ခေတ်စားနေတဲ့ ဒီစနစ်ကို Sony က သူ့ ုဖုန်းတွေမှာ မထည့်ဖို့ စဉ်းစားခဲ့ဖူး ပေမယ့် အခုတော့ မော်ဒယ်သစ်တွေမှာ လက်ဗွေဖတ် စနစ် ပါလာပါပြီ။ ဖေဖော်ဝါရီလ ထဲမှာ ရောင်းချလာနိုင်ပေမယ့် ဈေးနှုန်းတော့ တပါတည်း မိတ်ဆက်တာ မတွေ့ရပါဘူး။
Asus – ကွန်ပျူတာ ထုတ်လုပ်မှုနဲ့ အတူ နာမည်ရလာတဲ့ ကုမ္ပဏီက တန်ဖိုးနည်း ဖုန်းသစ် ZenFone Max Plus ကို မိတ်ဆက်လာပြီး ထူးခြားချက်က အခု ဖုန်းမှာ မျက်နှာဖတ် စနစ်ပါရှိလာပါတယ်။ များသောအားဖြင့် အခုလို မျက်နှာဖတ် စနစ်ဆိုတာ တန်းမြင့်ဖုန်း iPhone X, Samsung Galaxy Note 8 နဲ့ LG V30 လို မော်ဒယ်တွေမှာပဲ ပါရှိတာပါ။ မော်ဒယ်သစ်မှာ အချိန်ကြာကြာ သုံးနိုင်မယ့် ဘက်ထရီရယ်၊ ၁၂၀ ဒီဂရီထိအောင် မြင်ကွင်းကျယ် ရိုက်နိုင်မယ့် ကင်မရာ စနစ်တွေလည်း ပါရှိပြီး ၂၂၉ ဒေါ်လာတည်းနဲ့ ရောင်းချမယ် လို့ ဆိုပါတယ်။
TCL (Alcatel) – လျှပ်စစ်ပစ္စည်း ကုမ္ပဏီကနေ ဖုန်းလောကဘက်ကို ခြေဦးလှည့်လာတဲ့ ကုမ္ပဏီက Alcatel တံဆိပ်နဲ့ ဖုန်း အသစ် ၃ မျိုး မိတ်ဆက်လာပါတယ်။ 5, 3V နဲ့ 1X မော်ဒယ်တွေ ဖြစ်ပါတယ်။ 5 ကတော့ တန်ဖိုးမြင့်ဖုန်းပါ၊ 3V က တန်ဖိုးသင့်၊ 1X ကတော့ တန်ဖိုးနည်း ဖုန်းပါ။ 5 နဲ့ 3V မော်ဒယ်တွေမှာ မျက်နှာပြင်ပြည့် (Edge-to-edge) စနစ်ကို အသုံးပြု ဖန်တီးထားတာ တွေ့ရပါတယ်။ ဖုန်းအားလုံးမှာလည်း မျက်နှာဖတ် စနစ် ပါရှိမယ် လို့ ဆိုပါသေးတယ်။
BlackBerry – အခု မိတ်ဆက်လာတဲ့ KeyOne ဆိုတာက အရင် ဈေးကွက်ထဲ ရောင်းခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အခု မော်ဒယ်ကိုတော့ ကြေးရောင် အထူးထုတ် (Bronze Edition) အနေနဲ့ အသစ် မိတ်ဆက်လာတာပါ။ မူလက ၂၀၁၇ ဧပြီ ကတည်းက အနက်ရောင် အနေနဲ့ ရောင်းချနေတာပါ။ အခု မော်ဒယ်သစ်မှာ ထူးခြားတဲ့ အဆင့်မြှင့်လာမှု များများ မတွေ့ရပေမယ့် Sim ကတ် နှစ်ကတ်သုံးနိုင်အောင် ဖန်တီးထားပါတယ်။
Razer – ဂိမ်း ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီ Razer က သူ့ရဲ့ ပထမဆုံး ဂိမ်းကစားနိုင်မယ့် ကွန်ပျူတာနဲ့ စမတ်ဖုန်း၊ တွဲဖက် စနစ်ကို မိတ်ဆက်လာပါတယ်။ ဒီလို တွဲဖက် ပုံစံကို Project Linda လို့ အမည်ပေးထားပါတယ်။ ပြောရရင် ဖုန်းက လည်ပတ် စနစ်၊ အထိုင် Laptop က Card Reader သဘောမျိုး ဖြစ်ပါတယ်။ ဖုန်းကနေပဲ ရုပ်တွေ၊ အသံတွေ၊ အားလုံးကို ညွှန်ကြား ထိန်းချုပ်မှာပါ၊ Laptop က မျက်နှာပြင်ကျယ် စနစ် အဖြစ် ပြပေးရုံ သဘောလောက်ပါပဲ။ ဒါပေမယ့် ထူးခြားချက်က Android စနစ်သုံး App က လက်တော့စနစ်မှာ သုံးနိုင်လာတာပဲ ဖြစ်ပါတယ်။ Razer ကတော့ လာမယ့် အနာဂါတ်မှာ ဖုန်း+လက်တော့ စနစ် ဖြစ်တည် အသုံးများလာဖို့ အစ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: www.businessinsider.com