IT

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုပြီး အသစ်ထွက်လာတဲ့ အူရီဒူးရဲ့ “နွေ၊ မိုး၊ ဆောင်း” Voice Packs

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ Ooredoo Myanmar မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့မှာ ကျရောက်မယ့် “မြန်မာနိုင်ငံ (၇၁) ကြိမ်မြောက် ပြည်ထောင်စုနေ့” ကို ဂုဏ်ပြုသောအားဖြင့် တနှစ် သက်တမ်းရှိတဲ့ Voice Packs တမျိုးကို ယနေ့၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Voice Packs ကတော့ “နွေ၊ မိုး၊ ဆောင်း” လို့ အမည်ရတဲ့ Voice Packs ဖြစ်ပြီး Ooredoo ဆင်းမ်ကတ် အသုံးပြုသူအချင်းချင်း အူရီဒူးမိုဘိုင်းဖုန်း နံပါတ်များကို ဖုန်းခေါ်ဆိုတိုင်း ပိုမိုသက်သာတဲ့ ဈေးနှုန်း Package များကို ရက်ပေါင်း ၃၆၅ ရက် (တနှစ်) သက်တမ်းကြာ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုလို့ သိရပါတယ်။ အဆိုပါ “နွေ၊ မိုး၊ ဆောင်း” Voice Packs ကို အနည်းဆုံးဈေးနှုန်း ၂၄၉ ကျပ်မှ စတင်ပြီး ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ooredoo Myanmar ရဲ့ “နွေ၊ မိုး၊ ဆောင်း” Vioce Packs

“*170# ကို ဖုန်းခေါ်လိုက်တာနဲ့ သုံးစွဲသူတယောက်ချင်းစီရဲ့ အသုံးပြုမှု အပေါ်မူတည်ပြီး Packs ၃ မျိုးကျလာပါမယ်၊ အဲဒီကနေမှ ကိုယ်နှစ်သက်ရာကို ရွေးဝယ်ရမှာပါ။ သုံးစွဲမှု သက်တမ်းက တနှစ်ရှိတဲ့အတွက် သက်တမ်းကုန်မှာလည်း မပူရတော့ပါဘူး။ အူရီဒူးဖုန်း အသုံးပြုသူ တဦးချင်းစီရဲ့ အသုံးပြုမှုပုံစံ အပေါ်မူတည်ပြီး နွေ၊ မိုး၊ ဆောင်း Packs မှာ ကြိုက်နှစ်သက်ရာ packs တွေကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ *170# ကို ခေါ်ဆိုလိုက်တာနဲ့ ကိုယ်အသုံးပြုတဲ့ အပေါ်မူတည်ပြီး USSD Code ကျလာမှာ ဖြစ်ပါတယ်” လို့ Ooredoo Myanmar မှာ တာဝန်ရှိသူက ပြောပါတယ်။

Ooredoo Myanmar ရဲ့ “နွေ၊ မိုး၊ ဆောင်း” Vioce Packs

“Ooreoo ရဲ့ကွန်ရက်က တနိုင်ငံလုံးအနှံ့အပြားကို လွှမ်းခြုံထားတာကြောင့် ကျမတို့ အနေနဲ့ နိုင်ငံတဝှမ်းမှာ ရှိကြတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူတွေကို အစီအစဉ် သက်တမ်းကုန်ဆုံးရက်နဲ့ ပတ်သက်ပြီး စိတ်ပူစရာမလိုဘဲ မိမိတို့ရဲ့ ချစ်ခင် သူတွေ၊ စီးပွားရေးမိတ်ဖက်တွေကို ဘယ်အချိန်မှာမဆို အခုမိတ်ဆက်လိုက်တဲ့ “နွေ၊ မိုး၊ ဆောင်း” Voice Packs နဲ့ ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Marketing and Communication Director မပွင့်ဦးဆွေက ပြောပါတယ်။

“နွေ၊ မိုး၊ ဆောင်း Ooredoo အချင်းချင်း ဖုန်ခေါ်ရန် ဆိုတဲ့ အစီစဉ်ကို ကြိုက်ပါတယ်။ သက်တမ်းက တနှစ်သက်တမ်း ဆိုတော့ ကိုယ်ဖုန်းမပြောဖြစ်ခဲ့ဘူး ဆိုရင်တောင် သက်တမ်းအချိန် အကြာကြီးအထိ ရှိနေလို့ အချိန်မရွေး ဖုန်းပြောစရာ ရှိရင် အသုံးဝင်ပါတယ်” လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ Ooredoo အသုံးပြုသူ တဦး ကိုရဲလင်းအောင်က ပြောပါတယ်။

“နွေ၊ မိုး၊ ဆောင်း” Voice Packs ကို ဝယ်ယူလိုသူများအနေနဲ့ စာရင်းသွင်းရန် *170# ကို ဖုန်းခေါ်ဆိုပြီး ယနေ့၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ Ooredoo ဆင်းမ်ကတ် အသုံးပြုသူများ ဝယ်ယူ အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Loading