ဖုန်း ဘက်ထရီအား ခဏခဏသွင်းရလို့ စိတ်ပျက်နေသူတွေ၊ ဓာတ်ပုံကို အမြင်ဆန်းဆန်းနဲ့ ရိုက်လိုသူတွေအတွက် ASUS ရဲ့ Zenfone 4 Max Pro စမတ်ဖုန်း အကြောင်း မိတ်ဆက် ရေးသား လိုက်ပါတယ်။
အခြား စမတ်ဖုန်းများထက် ၂ ဆ နီးပါး အသုံးခံတဲ့ ဘက်ထရီ
ဒီဖုန်းက ASUS Zenfone တွေထဲက အလယ်အလတ်တန်းစား ဖုန်းတလုံးဖြစ်ပြီး ဖုန်းရဲ့ ထူးခြားချက်က ဘက်ထရီကို အကြာကြီး သုံးနိုင်တာပါ။ ဘက်ထရီ ပမာဏအနေနဲ့ 5000mAh ပါဝင်ပြီး ဒီပမာဏက ဖုန်းကို Stand By ထားမယ်ဆိုရင် ၄၆ ရက် အထားခံပြီး 3G စနစ်နဲ့ ဖုန်းပြောဆိုမှုအတွက် နာရီ ၄၀ ၊ ဗီဒီယိုဖိုင်များ ကြည့်ဖို့အတွက် ၂၂ နာရီကြာ အသုံးပြု နိုင်တယ်လို့ သိရပါတယ်။

နေ့စဉ် စမတ်ဖုန်းတွေထက် ၂ဆ နီးနီး ဘက်ထရီသက်တမ်း ပိုခံပြီး ဖုန်းမှာပါတဲ့ OTG စနစ်ကနေ တခြားဖုန်းကိုပါ အားပြန် သွင်းပေးလို့ရတဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ သူ့ရဲ့ အားနည်းချက်က အမြန်အားသွင်းတဲ့စနစ် မပါဝင်တာကြောင့် ဖုန်းအားပမာဏ (0%) ဇီးရိုးရာခိုင်နှုန်းကနေ (100%) ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့် သွင်းနိုင်ဖို့ အချိန် ၄ နာရီခန့် ကြာပါတယ်။
Wide Lens တပ်ထားတဲ့ ကင်မရာ
ဖုန်းရဲ့ ထူးခြားချက်ထဲမှာ ကင်မရာလည်း ပါပါတယ်။ မူလကင်မရာမှာ Lens ၂ လုံး အသုံးပြုထားပြီး တလုံးက 16 Mega Pixel (f 2.0) ရှိပြီး နောက်တလုံးက 5 Mega Pixel (f 2.2) ရှိပါတယ်။ 5 Mega Pixel ရှိတဲ့ Lens ကို Wide lens အဖြစ် အသုံးပြုပေးထားတာတာက အမြင်ဆန်းတဲ့ ဓာတ်ပုံ ရိုက်လိုသူတွေအတွက် အကြိုက်တွေ့စေမှာပါ။

Wide Lens ရဲ့အားသာချက်က Landscape ဓာတ်ပုံတွေ ရိုက်တဲ့အခါ၊ နေရာကျဉ်းကျဉ်းလေးမှာ အားလုံးပါအောင် ရိုက်ရတဲ့ အခါတွေမှာ သိသာစေမှာပါ။ ဓာတ်ပုံသမားတွေတောင် အခုလို မြင်ကွင်းကျယ်ရိုက်ချင်ရင် Wide lens ကို ဈေးကြီးကြီး ပေးဝယ်ရပါတယ်။
အနောက်ဘက် မူလ ကင်မရာမှာလည်း 16 Mega Pixel (f 2.0) ကင်မရာ ပါရှိပြီး Flash ပါ ထည့်သွင်းပေးထားတဲ့ အတွက် အလင်းရောင်အားနည်းတဲ့အခါတွေ ဓာတ်ပုံရိုက်ရတာ အဆင်ပြေစေမှာပါ။ ဖုန်းကင်မရာက အကောင်းကြီး မဟုတ်ပေမယ့်18 mm အကွာအဝေးက စရိုက်လို့ရတဲ့ Wide Lens ပါဝင်တာကြောင့် တခြားဖုန်းတွေထက် အမြင်ဆန်းတဲ့ ဓာတ်ပုံ ရရှိစေမှာ အမှန်ပါပဲ။
Body တည်ဆောက်ပုံ
ဖုန်းရဲ့ Body တည်ဆောက်ပုံက အနောက်ဘက်ကို သတ္တုကိုယ်ထည် အသုံးပြုပေးထားပြီး လက်ဗွေရာထင်တာ၊ အရောင် ပြန်တာမျိုးတွေ မတွေ့ရပါဘူး။ ဖုန်းရဲ့ အပေါ်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ညာဘက်မှာ Power Button နဲ့ Volume အတိုး၊ အလျှော့ ခလုတ်တွေ ထည့်ထားတာ တွေ့ရပါတယ်။ Finger Print ကိုတော့ Home Button မှာပဲ ထည့်ထားတာ တွေ့ရပါတယ်။
ဘယ်ဘက်မှာ Sim Card ထည့်တဲ့ အပေါက် ပါရှိပြီး Dual-Sim နှစ်ကတ်ထိုး အပြင် Exteranl SD ကတ် သီးသန့် ထပ်စိုက်ဖို့ အပေါက်ကိုလည်း ထပ်မံ ထည့်သွင်းထားတာ တွေ့ရပါတယ်။
Perfomance & Display
ဖုန်းရဲ့ Perfomance အနေနဲ့ Sapdragon 430 Ram 3gb ၊ Internal 32gb (SD ထပ်ထည့်လို့ရ)၊ Android Version 7.0 အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီ Perfomance က ဖုန်းကို ပုံမှန်အသုံးပြုသူတွေအတွက် အဆင်ပြေနိုင်ပေမယ့် File Size ကြီးတဲ့ Game တွေ ၊ Graphic အရမ်းများတဲ့ Game ဆော့သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ ရှိပြီး Resolution က 720p ရှိပါတယ်။ Display အနေနဲ့ အလယ်အလတ်တန်း အဆင့်မှာရှိပြီး ဖုန်း Screen ရဲ့ အရောင်ထုတ်လွှင့်မှုကတော့ မဆိုးဘူးလို့ ဆိုရမှာပါ။
ဖုန်းဘက်ထရီနဲ့ ဓာတ်ပုံကို အမြင်ဆန်းဆန်း ရိုက်လိုသူတွေအတွက် ဒီဖုန်းက အံဝင်ဂွင်ကျ ဖြစ်စေနိုင်ပေမယ့် Performance ဦးစားပေးတဲ့ သူတွေအတွက်တော့ ကောင်းကောင်း အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒီဖုန်းရဲ့တန်ဖိုးက မြန်မာငွေ ကျပ် ၃၀၀,၀၀၀ (၃သိန်း) ဝန်းကျင် ရှိပါတယ်။
ယခု “Asus Zenfone 4 max pro” Review အတွက် TBH Labs က ကူညီပေးထားတာဖြစ်ပါတယ်။ TBH Labs ဟာ အနှောင်အဖွဲ့၊ အမှီအခို ကင်းကင်းနဲ့ ဖုန်း ၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွေအကြောင်း ဝေဖန်သုံးသပ်လေ့ရှိတဲ့ Facebook Page တခုဖြစ်ပြီး သူ့ Page ရဲ့ Link က https://web.facebook.com/tbhlabs/ ဖြစ်ပါတယ်။