IT

iPhone X ရောင်းအားကျတာက Samsung ကို ဘာကြောင့် ထိခိုက်ရတာလဲ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကမ္ဘာမှာ ဖုန်းအများဆုံး ရောင်းချနေရတာက Samsung၊ ဒါပေမယ့် လူတိုင်းလိုချင်ကြတဲ့ ဖုန်းက iPhone၊ သို့သော် Samsung ဆိုတာ ဖုန်းတွေပဲ ထုတ်လုပ်ရောင်းချတာတော့ မဟုတ်။ ဖုန်းတွေမှာ တပ်ဆင် ထုတ်လုပ်တဲ့ OLED လို စနစ်တွေ၊ Chip တွေကို ထုတ်လုပ်ရောင်းချတယ်။

အခု လက်ရှိ ဈေးကွက်အတွင်း ၁၀ နှစ်ပြည့် iPhone X ထွက်ရှိလာတဲ့ အနေအထားမှာ လူတွေက ထင်မှတ်ထား သလောက် မကောင်းဘူး၊ စိတ်ကြိုက် မဖြစ်ဘူး ဆိုတဲ့ ဝေဖန်မှုတွေနဲ့ အတူ ဈေးကွက်ထဲမှာ iPhone X ရောင်းအားက ထင်သလောက် မပေါက်ခဲ့ပါဘူး။

ဒီတော့ Apple ရဲ့ ပြိုင်ဘက် Samsung အတွက် လက်ခမောင်းခတ်စရာ အနေအထား ရောက်လာမယ် လို့ ယူဆနိုင်ပေမယ့် တကယ်တော့ iPhone X ရောင်းအား လျော့ကျတဲ့ အနေအထားဟာ Samsung ကိုလည်း အကျပ်ရိုက်စေတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဒေါ်လာ ၁၀၀၀ လောက်ထိ ဈေးကြီးတယ်၊ ထင်သလောက် မကောင်းဘူး၊ ဒီတော့ တချို့ လူတွေက iPhone X ကို မဝယ်ကြတော့ပါဘူး။ ဒါကြောင့် Apple ကလည်း iPhone X အလုံးအရေ အတွက် ခန့်မှန်း ထားသလောက် မထုတ်လုပ် တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဖုန်းအလုံးရေ များများစားစား မထုတ်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အတူ iPhone X အတွက် လိုအပ်တဲ အစိတ်အပိုင်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Samsung လည်း ပစ္စည်း မရောင်းရတော့ဘူး ပေါ့။ ဒါက Nikkei ရဲ့ ဖော်ပြချက် အရ သိရတာပါ။

အထူးသဖြင့်တော့ iPhone X မှာ သုံးတဲ့ မျက်နှာပြင်စနစ် ဖြစ်တဲ့ OLED တွေဟာ Samsung ကနေ ထုတ်လုပ်ပေးတာ ဖြစ်ပြီး အခုလို ဖုန်းထုတ်လုုပ်မှု အရေအတွက် လျော့ချလိုက်မှုက Samsung လည်း OLED စနစ်တွေ ရောင်းချရမှု လျော့နည်း သွားတာပါ။ သိရသလောက် Apple က အခုနှစ် ပထမ ၃ လတာ ကာလအတွက် iPhone X ထုတ်လုပ်မှုကို အရေအတွက် လျော့ချလိုက်ပြီး Samsung ဆီကနေ OLED စနစ် မှာယူမှုလည်း လျော့ချလိုက်တယ်လို့ Nikkei ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ဇန်နဝါရီလ အတွင်း သတင်းဖော်ပြချက်ပေါင်း များစွာ အရ Apple အနေနဲ့ အခုနှစ် ပထမ လေးလပတ် အတွက် iPhone X ထုတ်လုပ်မှုကို အလုံးရေ သန်း ၂၀ ပဲ ထုတ်လုပ်တော့မှာ ဖြစ်ပြီး ဈေးကွက် အတွင်း iPhone X ရောင်းအား ကျဆင်းမှုနဲ့ အတူ အခုလို ဖုန်းထုတ်လုပ်မှု လျော့ချလိုက်တာ ဖြစ်သလို အစပိုင်းမှာ iPhone X အတွက် လိုအပ်တဲ့ OLED စနစ်ပေါင်း များစွာကို Samsung က ကြိုတင် ထုတ်လုုပ်ထားမှုတွေ ရှိနေပြီး အခုတော့ Apple ကနေ မှာယူမှု လျော့ချလိုက်တဲ့ အတွက် Samsung လက်ထဲမှာ OLED သန်းပေါင်းများစွာ သောင်တင်နေနိုင်တာလည်း ဖြစ်ပါတယ်။

Nikkie ရဲ့ အဆိုအရ Samsung အနေနဲ့ ၁၀ နှစ်ပြည့် iPhone X ရောင်းအား အထူးကောင်းလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး မထင်မှတ်ဘဲ အခုလို ထုတ်လုပ်မှုပါ လျော့ချလိုက်တာကြောင့် ဖန်တီးပြီး OLED တွေ သောင်တင်နေလိမ့်မယ်လို့ ဆိုပါတယ်။

အဓိက အနေနဲ့တော့ ဈေးနှုန်း ဖြစ်ပြီး OLED စနစ် တခု အတွက် Samsung က ထုတ်လုုပ်မှု စရိတ် ဒေါ်လာ ၁၀၀ (ပေါင် ၇၁) လောက် ကုန်ကျတာလည်း ဖြစ်ပါတယ်။ ပြီးတော့ အခု iPhone X မှာ ထည့်သွင်း ဖန်တီးထားတဲ့ OLED စနစ်က ရှေ့ထွက် iPhone တွေရဲ့ စနစ်ထက် သာလွန် ကောင်းမွန်မှု ရှိနေပြီး အကောင်းဆုံးစနစ် လို့တောင် ဆိုနိုင်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း iPhone X က ဒေါ်လာ ၁၀၀၀ လောက်ထိ ဈေးတက်သွားတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သတင်းတွေ အရတော့ Samsung လက်ထဲမှာ OLED ပေါင်း သန်းဂဏန်းလောက်ထိ ထုတ်လုပ်ထားပြီး ရှိနေနိုင်တယ် လို့ ဆိုပါတယ်။ ပြီးတော့ အဆိုပါ ပိုနေတဲ့ OLED တွေကို တခြား လိုအပ်သူတွေဆီ ရောင်းမယ် ဆိုရင်လည်း အရင်ကနဲ့ စာရင် Samsung အနေနဲ့ ပြိုင်ဘက်တွေ များနေပြီး အထူးသဖြင့် တရုတ်က ဈေးချိုချိုနဲ့ OLED စနစ်တွေ ထုတ်လုပ် ရောင်းချလာမှုက Samsung လက်ထဲက OLED တွေ ထုတ်ရောင်းဖို့ ခက်ခဲစေတော့မှာပါ။

Apple ဘက် ကလည်း iPhone ကို ဈေးနှုန်း လျော့ချနိုင်အောင် ပိုပြီး ဈေးချိုတဲ့ OLED စနစ်တွေကို သုံးလာနိုင်လို့ Samsung ဆီက နောက်ထပ် ပစ္စည်း ထပ်မမှာတော့ရင် OLED တွေ ရောင်းရဖို့ မသေချာတော့ပါဘူး။ The Wall Street ဂျာနယ်မှာ ဖော်ပြချက် တခု အရဆိုရင် Samsung အနေနဲ့ လူကြိုက်များ Galaxy S8 ထုတ်လုပ်မှုကနေ ဝင်ငွေရရှိမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံပဲ ရှိခဲ့ပေမယ့် iPhone X အတွက် OLED စနစ်ရောင်းချရမှုကနေ ဒေါ်လာ ၄ ဘီလီယံလောက် ထိ ရှိနိုင်တယ် လို့ခန့်မှန်းထားတာ တွေ့ရပြီး အခုလို OLEDတွေ မရောင်းချရတော့ဘူး ဆိုရင်တော့ Samsung လည်း ဒေါ်လာ ၄ ဘီလီယံ လောက်ထိ နစ်နာမှုတွေ ရှိသွားနိုင်တာလည်း ဖြစ်ပါတယ်။ ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading