IT

TECNO Mobile မှ အသစ် ထုတ်လုပ်တဲ့ ဈေးနှုန်းသင့် CAMON CM နဲ့ SPARK CM စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Transsion Holdings ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တခု ဖြစ်တဲ့ Techno Mobile မှ နောက်ဆုံးထုတ် စမတ်ဖုန်းသစ်များ CAMON CM နဲ့ SPARK CM စမတ်ဖုန်း တို့ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။

CAMON CM စမတ်ဖုန်း

CAMON CM စမတ်ဖုန်းအကြောင်းပြောရမယ် ဆိုရင်တော့ သူက ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် (Bezel-Less Full-Screen) ဒီဇိုင်းပုံစံနဲ့ ဖန်တီးထားပြီး ရုပ်ရှင်နှင့် ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ အင်တာနက် အသုံးပြုခြင်း စတဲ့ လုပ်ဆောင်ချက်တွေမှာ မျက်နှာပြည့် Screen နဲ့မို့လို့ သုံးစွဲသူအတွက် ထူးခြားတဲ့ အတွေ့အကြုံ ရရှိစေမှာပါ။

ဒါ့အပြင် ဘေးဘောင်မဲ့ ပုံစံဒီဇိုင်းကြောင့် လုပ်ဆောင်ချက်များ ပြိုင်တူ ပြုလုပ်ခြင်း (Multi-tasking) နဲ့ 18:9 အချိုး မျက်နှာပြင်ကို ခလုတ်တချက် နှိပ်ပြီး 1:1 အချိုး Split-Screen ပြုလုပ်ကာ လုပ်ဆောင်ချက်များကို ပြိုင်တူ ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။

ကင်မရာ အရည်အသွေး

CAMON CM စမတ်ဖုန်းရဲ့ ကင်မရာ အရည်အသွေးကို ပြောရမယ်ဆိုရင်တော့ အရှေ့ဘက် Selfie ကင်မရာဟာ ပုံထွက်နှုန်း 13 Mega Pixel အရည်အသွေးရှိတဲ့ HDR ကင်မရာဖြစ်ပြီး Single Frame တွေမှာ Noise ဝင်မှုကို လျှော့ချပေးနိုင်တဲ့ လုပ်ဆောင်ချက်နဲ့အတူ ညအချိန် အလင်းရောင် နည်းပါးရာ နေရာများမှာလည်း ဓာတ်ပုံများကို ကြည်လင်စွာ ရိုက်ကူးနိုင်တာ တွေ့ရပါတယ်။

SPARK CM စမတ်ဖုန်း

SPARK CM စမတ်ဖုန်းကတော့ ကင်မရာအရည်အသွေး အနေနဲ့ 13 Mega Pixel Auto Focus ကင်မရာ၊ မြန်ဆန်တဲ့ လက်ဗွေလုံခြုံရေး စနစ်၊ ၅.၇ လက်မ အရွယ် HD 400 nits Bright Screen မျက်နှာပြင်တို့ ပါဝင်ပြီး သူ့ရဲ့ ထူးခြားချက် ကတော့ Mix Flash လုပ်ဆောင်ချက် ပါဝင်တာ ဖြစ်ပါတယ်။

TECNO Mobile မှ အသစ် မိတ်ဆက်တဲ့ စမတ်ဖုန်းများ မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

Mix Flash လုပ်ဆောင်ချက်

Mix Flash ဆိုတာကတော့ ဓာတ်ပုံများ ရိုက်ကူးရာမှာ အလင်းရောင် အကောင်းဆုံး ရရှိနိုင်ဖို့ ကင်မရာရဲ့ Flash နဲ့ မျက်နှာပြင်မှာ အလင်းရောင်ကို ပြိုင်တူပေးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အဲဒီလိုမျိုး Mix Flash လုပ်ဆောင်ချက်နဲ့ အလင်းမြှင့်ပေးခြင်းကြောင့် ရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ အရည်အသွေး ပိုမိုကောင်းစေပြီး “Vision Dynamic Brightness Recognition HDR” စနစ် ပါဝင်တာကြောင့် ပတ်ဝန်းကျင်မှာ အလင်းနည်းနေချိန် ဒါမှမဟုတ် အလင်း မရှိချိန်မှာလည်း အလင်းပိုမို ရရှိအောင် လုပ်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။

Video Chat Flash လုပ်ဆောင်ချက်

SPARK CM စမတ်ဖုန်းရဲ့ နောက်ထပ် အားသာချက် တခုကတော့ ဗီဒီယိုဖုန်းခေါ်ဆိုမှု (Video Chat) ပြုလုပ်မှာလည်း Video Chat Flash ပါရှိခြင်း ဖြစ်ပါတယ်။ Video Chat Flash ပါရှိတာကြောင့် ဗီဒီယို ဖုန်းခေါ်ဆိုမှုများ အတွက် မျက်နှာကို အလင်းရောင် ကောင်းစွာ ရရှိစေပြီး ရုပ်ပုံတွေကိုလည်း ပိုပြီး လှပစေပါတယ်။ ဒီအချက်က လူငယ်တွေ အကြိုက် ဖြစ်မှာပါ။

LED Ring Flash

ဓာတ်ပုံများ ရိုက်ရာမှာ အလင်းအားကောင်းကောင်းနဲ့ ပုံထွက်နှုန်း လှပစေတဲ့ ဓာတ်ပုံများအတွက် CAMON CM နဲ့ SPARK CM စမတ်ဖုန်းတို့မှာ အရှေ့ဘက်မှာ LED Ring Flash ၁ လုံး၊ နောက်ကျောဘက်မှာ LED Ring Flash ၄ လုံး တို့ ပါဝင်ပြီး ကင်မရာများမှာ Night Shot Algorithm ပါဝင်တာကြောင့် အလင်းရောင် နည်းပါးသည့် အချိန်တွေမှာတောင် ထူးခြားကောင်းမွန်တဲ့ HDR Portrait ဓာတ်ပုံများ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

“ကင်မရာအသာပေး စမတ်ဖုန်းများဖက်ကို ဦးတည်နေကြတဲ့ ခေတ်ရေစီးကြောင်းနဲ့ သုံးစွဲသူတွေရဲ့ အကြိုက်နဲ့ ထပ်တူ ကျအောင် ကျနော်တို့ အနေနဲ့ အခုလိုမျိုး စွမ်းရည်မြင့် ကင်မရာများ တပ်ဆင်ထားတဲ့ စမတ်ဖုန်းများကို ထုတ်လုပ် ရောင်းချခြင်း ဖြစ်ပါတယ်”

“Think Globally, Act Locally” ဆိုတဲ့ ကျနော်တို့ရဲ့ မဟာဗျူဟာ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေ အကြိုက်ကို နားလည် သဘောပေါက်ထားပြီး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကြိုးစားနေပါတယ်” လို့ Techno Mobile ရဲ့ General Manager, Mr. Stephen Ha က ပြောပါတယ်။

TECNO Mobile မှ အသစ် မိတ်ဆက်တဲ့ စမတ်ဖုန်းများ မိတ်ဆက်ပွဲ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

ဈေးနှုန်းနှင့် ရောင်းချပေးမည့်ရက်

TECNO Mobile မှ CAMON CM နဲ့ SPARK CM စမတ်ဖုန်းများကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း လာမယ့် မတ်လဆန်းမှာ စတင် ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းများအနေနဲ့ CAMON CM စမတ်ဖုန်းကို မြန်မာငွေကျပ် ၁၉၉,၀၀၀ ၊ SPARK CM စမတ်ဖုန်းကို မြန်မာငွေ ကျပ် ၁၆၉,၀၀၀ အသီးသီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

TECNO Mobile အမှတ်တံဆိပ်ဟာ Transsion R&D ကုမ္ပဏီ လက်အောက်မှာ ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ လက်ရှိ အာဖရိကရဲ့ ထိပ်ဆုံးမိုဘိုင်းဖုန်း တံဆိပ် ၃ ခုမှာ တခု ပါဝင်တဲ့ မိုဘိုင်းဖုန်း အမှတ်တံဆိပ်ဖြစ်ပြီး ကမ္ဘာတဝန်းမှာ စက်ရုံပေါင်း ၅ ခုနဲ့ တနေ့ကို ဟန်းဆက် အလုံးပေါင်း ၃၀၀,၀၀၀ ကျော် ထုတ်လုပ် ရောင်းချနေတယ်လို့ သိရပါတယ်။

CAMON CM နဲ့ SPARK CM စမတ်ဖုန်းသစ်များ မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading