တောင်ကိုရီးယား အခြေစိုက် Samsung ကနေ မကြာခင် ရက်ပိုင်း အတွင်း ကုမ္ပဏီထုတ် ဈေးကွက်မှာ အအောင်မြင်ဆုံး ဖုန်းမော်ဒယ် ဖြစ်တဲ့ S Series ရဲ့ နောက်ဆက်တွဲ S9 ကို စတင် ရောင်းချဖို့ ရှိနေပြီး အရင်နှစ်ထွက် S8 မော်ဒယ်နဲ့ စာရင် အခု မော်ဒယ်က ဘာတွေ ကွာခြား၊ အဆင့်မြှင့်ထားသလဲ ဆိုတာ သိထားရင်တော့ မော်ဒယ်သစ်ကို ရွေးသင့် မရွေးသင့် ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မော်ဒယ် ၂ ခု အကြား ကွာဟချက်လေးတွေကို လေ့လာကြည့်ရအောင်ပါ။
(၁) ဒီဇိုင်းပိုင်း ။ ။ ဒီ မော်ဒယ်နှစ်ခုက ဆင်တူနီးပါးပါပဲ။ S9 မော်ဒယ်မှာ ဘေးဘောင် ပိုပြီး ကျဉ်း(သေး)သွားတာက လွဲရင် ရုပ်ထွက်ရော ဖန်တီးမှု ဒီဇိုင်းတွေရော အားလုံးက ဆင်တူနီးပါးပါပဲ။
(၂) နည်းပညာပိုင်း ။ ။ နည်းပညာလည်း သိပ်မကွာဘူး။ ကြိုးမဲ့အားသွင်းနိုင်မှု စနစ်၊ အားအမြန်သွင်းစနစ်၊ မျက်နှာဖတ် စနစ်၊ မျက်ကြည်လွှာဖတ် စနစ်၊ လက်ဗွေဖတ် စနစ်၊ နားကြပ်ပေါက်၊ နှလုံးခုန်နှုန်းပြ စနစ်၊ ရေစိုခံနိုင်မှု အားလုံးက မော်ဒယ် ၂ ခုလုံးမှာ ပါရှိနေလို့ သိပ်မထူးခြားပြန်ပါဘူး။
(၃) မျက်နှာပြင်စနစ် ။ ။ မျက်နှာပြင် စနစ်လည်း ဆင်တယ်။ မော်ဒယ်နှစ်ခုလုံးမှာ ထည့်သွင်းဖန်တီးထားတဲ့ မျက်နှာပြင် စနစ်က အတူတူပါပဲ။ ရုပ်ထွက်၊ အလင်းဖြာနှုန်း၊ ဘက်ထရီစား အားလုံး သိပ်မကွာပါဘူး။
(၄) ကင်မရာပိုင်း ။ ။ ကင်မရာပိုင်း စမ်းသပ်ချက်တွေ အရ S9 ရဲ့ကင်မရာစနစ်က ထူးခြား သိသာလောက်အောင် ကောင်းလာတာ မတွေ့ရဘဲ S8 နဲ့ ဆင်နေဆဲပါ။ အလင်းနည်း အနေအထား ရိုက်ကူးနိုင်မှုနဲ့ အလင်းများ အနေအထားမှာ အပို အလင်း ထိန်းညှိပေးမှု စနစ်လေး နည်းနည်းပဲ ပိုုကောင်းလာပါတယ်။
S8 မော်ဒယ်မှာ f/1.7 ပဲ ရှိရာကနေ အခု မော်ဒယ်သစ်မှာတော့ Aperture က f/1.5 ကနေ f.2.4 အထိ ချိန်ညှိ ရိုက်ကူးနိုင်မှု အားပိုကောင်း လာပါတယ်။ S9+ မှာ ဆိုရင် Dual-Lens ပုံစံ ကင်မရာ ၂ လုံးထိုင်နဲ့ လာပါမယ်။ S8+ ထက် Zoom အား ၂ ဆ လောက် ပိုကောင်းလာပါတယ်။
(၅) သိသိသာသာကွာခြားသလား ။ ။ S9 က သိသာလောက်အောင် မြန်ဆန်တဲ့ မော်ဒယ်သစ် မဟုတ် လို့ ဆိုရမှာပါ။ S9 မော်ဒယ်မှာ သုံးထားမယ့် Chip အထိုင်က Snapdragon 845 ပါ။ S8 မှာ ထိုင်ထားတဲ့ 835 ရဲ့ နောက်ဆက်တွဲပါ။ ဒါပေမယ့် ဒီစနစ် ၂ ခု အကြားမှာ သိသာလောက်အောာင် မြန်ဆန်မှု သိပ်မကွာပါဘူး။ ဒီတော့ S9 ရဲ့ အသုံးပြုနိုင်မှုနှုန်းက S8 ထက် သိသာလောက်အောင် မမြန်ပါဘူး။ နောက်နှစ်မှာ ထွက်လာနိုင်မယ့် S10 ကျမှပဲ သိသာလောက် မြန်ဆန်လာ မလား စောင့်ကြည့်ရပါမယ်။
(၆) ဘက်ထရီပိုင်း ။ ။ ဒီအပိုင်းမှာလည်း သိပ်ထူးမှာ မဟုတ်ပါ။ သိရသလောာက် S9 မော်ဒယ် အတွက် Samsung က ဘက်ထရီ စနစ်သစ်ကို သုံးထားမှာ မဟုတ်ပါဘူး။ S8 က ဘက်ထရီနဲ့ အတူတူ 3000 mAh အားထိန်း ဘက်ထရီပဲ ထည့်ထားမှာ ပါ။ S8 Plus မှာ 3500 mAh ဘက်ထရီပါသလိုပဲ S9 Plus မှာလည်း ရွယ်တူပဲ ဖြစ်နေမှာပါ။ သတင်းတွေ အရ ဘက်ထရီက စနစ်သစ် မဟုတ်လို့ ဘက်ထရီစားလည်း သိပ်မထူးနိုင်ပါဘူး။ S8 နဲ့ S9 က ဘက်ထရီ အသုံးခံနိုင်မှုချင်း ကွာခြားမှု သိပ်မရှိနိုင်ပါဘူး။
(၇) Android စနစ် ။ ။ ဘာထူးမှာလဲ…၊ S8 မှာ သုံးထားတာက Android v7.0 ပါ။ v8.0 ကို Upgrade လုပ် သုံးလို့လည်း ရနိုင်အောင် ဖန်တီးထားပါတယ်။ S9 မှာတော့ v8.0 ကို ထည့်ထားမှာ ဖြစ်ပေမယ့် တချို့ S8 သမားတွေ လည်း v8.0 နဲ့ သုံးနေလို့ ဒီအပိုင်းမှာလည်း သိပ်ပြီး ကွာဟချက် မရှိနိုင်တာပါ။
(၈) အသံထွက်စနစ် ။ ။ S9 မှာ အသံထွက် စနစ်တော့ ကောင်းလာတယ်။ S9 မော်ဒယ်မှာ စပီကာ အသံထွက် စနစ်က ၂ လုံးထိုင် ဖြစ်လာပါတယ်။ Stereo အသံထွက် ဖြစ်အောာင် စပီကာ ၂ လုံး ထည့်ထားတာာပါ။ စပီကာ အရေအတွက် ပိုလာတာက လွဲရင် နည်းပညာပိုုင်းကတော့ S8 နဲ့ သိပ်မကွာသေးပါဘူး။ ဒါပေမယ့် အသံတည်ငြိမ်မှု အားကောင်းလာလို့ ဒီအပိုင်းမှာတော့ S9 က သာပါတယ်။
(၉) Emoji စနစ်သစ် သုံးနိုင်လာတယ် ။ ။ S8 မှာ မပါတဲ့ Emoji စနစ်သစ် AR ကို S9 မှာ ထည့်သွင်း ဖန်တီးထား ပါတယ်။ မိမိ မျက်နှာနဲ့ ဆင်တူတဲ့ Emoji ပုံစံကို ဖန်တီး အသုံးပြုနိုင်မယ့် စနစ်ပါ။ ဒါပေမယ့် ဒီစနစ် AR က Samsung ပိုင် စနစ် ဖြစ်ပေမယ့် သူနဲ့ ဆင်တူ Bitmoji လို့ ဆိုတဲ့ App ရှိနေတော့ S8 မှာ AR စနစ် မပါပေမယ့် Bitmoji ကို ထည့်သုံးနိုင် လိုု့ ထူးခြားချက် အနေနဲ့တော့ မဖြစ်တော့ပါဘူး။ ဒါပေမယ့် သင့် အနေနဲ့ S9 ကို ဝယ်မယ် ဆိုရင် S8 ထက် အခုု အချက်လေးတွေတော့ ပိုကောင်းလာပါလိမ့်မယ်။
– ကင်မရာပိုင်းမှာ Zoom အား ကောင်းလာမယ်၊
– S8 မော်ဒယ်ထက် လက်ဗွေဖတ်စနစ် ပိုကောင်းလာတယ်၊
– S8 က မျက်နှာဖတ်စနစ် ထက် ပိုကောင်းလာပြန်တယ်၊
– S8 မော်ဒယ်ထက် မျက်ကြည်လွှာဖတ် စနစ်လည်း ပိုကောင်းလာပါလိမ့်မယ်။ ။
ဆက်စပ်ဖတ်ရှုရန် – Samsung ဖုန်းမော်ဒယ်သစ် Galaxy S9 မှာ ဘာတွေ ထူးခြားလာမလဲ
Ref : www.businessinsider.com