တယ်လီနောမှ အွန်လိုင်း ရုပ်ရှင်များနဲ့ သီချင်းများကို အသက်သာဆုံး နှုန်းထားနဲ့ ကြည့်ရ ှုနားဆင်နိုင်မယ့် ဖျော်ဖြေရေး ဒေတာ အစီအစဉ်သစ် “Telenor Music & Video” ကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာ အသုံးပြုနိုင်ပြီလို့ သိရပါတယ်။
တယ်လီနော အသုံးပြုသူများအနေနဲ့ အဆိုပါ အစီအစဉ်ကို ရယူထားပြီး တယ်လီနောရဲ့ မိတ်ဖက် Application များမှ တဆင့် သီချင်းများ၊ ရုပ်ရှင်များစွာကို ဈေးနှုန်း အသက်သာဆုံးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ မိတ်ဖက် Application များဖြစ်ကြတဲ့ YouTube, Pyone Play, iflix , JOOX တို့နဲ့ လက်တွဲပူးပေါင်းပြီး အကောင်းဆုံး ဖျော်ဖြေရေး ဝန်ဆောင်မှု တခုကို အသုံးပြုသူတွေ အပန်းဖြေနိုင်စေဖို့ အသက်သာဆုံး ဈေးနှုန်းနဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ “Telenor Music & Video” အစီအစဉ်ကနေ တဆင့် ၄၅ မိနစ်ကြာ အွန်လိုင်းဗီဒီယို ဒါမှမဟုတ် ၆ နာရီကြာ သီချင်းတွေကို ငွေကျပ် ၄၅၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောပါတယ်။
တယ်လီနော Prepaid အသုံးပြုသူများ အနေနဲ့လည်း “Telenor Music & Video” ဒေတာ အစီအစဉ်ကို တကြိမ်လျှင် ပရိုမိုးရှင်း ဈေးနှုန်း ၄၅၀ ကျပ်နဲ့ ၄၅ မိနစ်ကြာ ဗီဒီယိုကြည့်ရှုခြင်း (သို့မဟုတ်) ၆ နာရီကြာ သီချင်း နားထောင်ခြင်းတို့ အတွက် ဒေတာပမာဏ 300 MB ရရှိမယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်ဟာ တကြိမ် ရယူပြီးပါက ၇ ရက်ကြာ သက်တမ်း ရှိမှာဖြစ်ပြီး ရရှိတဲ့ ဒေတာပမာဏ ကုန်ဆုံးသွားတဲ့ အချိန်မှာ ပုံမှန် နှုန်းထားများအတိုင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အသုံးပြုလိုသူများ အနေနဲ့ *979*2*7# (သို့မဟုတ်) အော်ပရေတာနံပါတ် 500 သို့ “MVP” စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ အစီအစဉ်ကို သုံးစွဲနိုင်မယ်လို့ သိရပါတယ်။
YouTube ဝန်ဆောင်မှုဟာ အွန်လိုင်းဗီဒီယိုများ ကြည့်ရှုနိုင်တဲ့ ကမ္ဘာ့ အကြီးမားဆုံးသော ဝန်ဆောင်မှုတခု ဖြစ်ပြီး သန်းပေါင်းများစွာသော ဗီဒီယိုများကို ရှာဖွေ၊ ကြည့်ရှု၊ မျှဝေနိုင်တဲ့ လူမှုကွန်ရက် ဝန်ဆောင်မှု ဖြစ်ပါတယ်။ YouTube မှာ တမိနစ်လျှင် ဗီဒီယို အသစ်ပေါင်း ၄၀၀ ခန့် ပုံမှန်ထွက်ရှိနေပါတယ်။
iflix ကတော့ အရှေ့တောင် အာရှ ဒေသတွင်းမှာ နာမည်ကြီးတဲ့ ဝန်ဆောင်မှုတခုဖြစ်ပြီး ifilx မှာ ပြည်တွင်းပြည်ပမှ နာမည်ကျော် တီဗီ ဇာတ်လမ်းတွဲများ၊ ဇာတ်လမ်းတွဲ အစအဆုံး ပေါင်းချုပ်များ၊ iflix သီးသန့် ဇာတ်လမ်းတွဲများ၊ ရုပ်သံလိုင်းများမှ ၂၄ နာရီအတွင်း ပြသပြီး ဇာတ်လမ်းတွဲများ၊ လူကြိုက်များ ထင်ရှားတဲ့ ရုပ်ရှင်များ၊ ပြည်တွင်းမှ နာမည်ကျော် ရုပ်ရှင်များနဲ့ ကိုရီးယား ရုပ်ရှင်များ ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှု တခုဖြစ်ပါတယ်။
“Pyone Play” Application ကတော့ ပြည်တွင်း အခမဲ့ တီဗီရုပ်သံလိုင်းတွေ ဖြစ်ကြတဲ့ MRTV-4 နဲ့ Channel 7 တို့ရဲ့ ရုပ်သံလိုင်းတွေမှာ ပြသသွားတဲ့ တီဗီအစီအစဉ်တွေကို Live Streaming သို့မဟုတ် အချိန်နေရာ မရွေး Replay ပြန်လည် ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှု တခု ဖြစ်ပါတယ်။
“JOOX” Application ဆိုတာကတော့ အွန်လိုင်းမှ အခမဲ့ သီချင်းများ နားထောင်နိုင်တဲ့ အာရှရဲ့ အကြီးမားဆုံးသော Application တခုဖြစ်ပြီး အဆိုပါ Application ကနေ တဆင့် ပြည်တွင်း၊ ပြည်ပမှ နာမည်ကြီး တေးသီချင်းများကို ဂီတ အမျိုးအစား စုံလင်စွာ အွန်လိုင်းမှ တိုက်ရိုက်နားထောင်နိုင်ပြီး သီချင်းများကိုလည်း ဒေါင်းလော့ဆွဲ ရယူကာ နားထောင် နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ “Telenor Music & Video” အစီအစဉ်ကို သုံးပြီး “Pyone Play, YouTube နဲ့ JOOX Application” တို့မှာ ရှိတဲ့ အခမဲ့ ရယူနိုင်တဲ့ အစီအစဉ်တွေကို အသုံးပြုခ တစုံတရာ ထပ်မံ ပေးဆောင်စရာ မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး “JOOX VIP နဲ့ iflix ဝန်ဆောင်မှု” တို့ကို စတင် အသုံးပြုသူများအနေနဲ့ အခမဲ့ အစမ်း အသုံးပြုခွင့် ရက် ၃၀ အသုံးပြုပြီးနောက် အခကြေးငွေ ထပ်မံ ပေးဆောင်ရမယ်လို့ သိရပါတယ်။