IT

သင်္ကြန်ကာလမှာ ဖုန်းရေစိုတဲ့အခါ မပြုလုပ်သင့်တဲ့ အကြောင်းအရာ ၅ ခု

Want create site? Find Free WordPress Themes and plugins.

စာရေးသူတို့ နေ့စဉ် ဘဝမှာ ကိုယ်စီ အသုံးပြုနေကြတဲ့ စမတ်ဖုန်းတွေက သင်္ကြန်ကာလမှာ သင်္ကြန်ရေ ဆော့ကစားရင်း အခန့်မသင့်ရင် အကြောင်းကြောင်းကြောင့်  ဖုန်းထဲ အလွယ်တကူ ရေစို ရေဝင်နိုင်ပါတယ်။ သင်္ကြန် ကာလမှာ မိမိတို့ရဲ့ စမတ်ဖုန်း ရေစိုသွားတဲ့အခါ စိုးရိမ်စိတ်နဲ့ ချက်ချင်း မပြုလုပ်သင့်တဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။

ပထမဆုံး ဖုန်း ရေထဲကျသွားတဲ့အခါမျိုးနဲ့ ရေစိုသွားတဲ့အခါမျိုးမှာ ဖြစ်နိုင်ရင် အမြန်ဆုံး ရေထဲကနေ ဆယ်ယူပြီး ရေသုတ် ပေးရပါမယ်။ ရေထဲမှာ ဖုန်းဟာ ကြာရှည် ရှိလေလေ ဖုန်းရဲ့ အပေါက်တွေ၊ အက်ကွဲကြောင်းတွေကနေ တဆင့် ရေတွေနဲ့ တခြားအရည်တွေ ဝင်ရောက်နိုင်လေလေ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် သင်္ကြန် ကာလမှာ ဖုန်းရေစိုတဲ့အခါ မပြုလုပ်သင့်တဲ့ အကြောင်းအရာ ၅ ခုကို ရေးသားဖော်ပြ လိုက်ပါတယ်။

သင်္ကြန်ကာလမှာ ဖုန်းရေစိုပါက မပြုလုပ်သင့်တဲ့ အရာများ

(၁) ဖုန်းကို ပါဝါ မဖွင့်ပါနဲ့။

(၂) ဘယ်ခလုပ်ကိုမှ မနှိပ်ပါနဲ့။

(၃) ဖုန်းကို လှုပ်ယမ်းတာမျိုး၊ ရိုက်ပုတ်တာမျိုး မလုပ်ပါနဲ့။

(၄) လေနဲ့ မမှုတ်ပစ်ပါနဲ့၊ လေနဲ့ မှုတ်လိုက်မယ်ဆိုရင် ရေဟာ ဖုန်းထဲ အတွင်းပိုင်း အစိတ်အပိုင်းတွေထဲ ပိုမို ရောက်ရှိ သွားပြီး ထိခိုက်မှု ပိုမိုဆိုးရွားနိုင်လို့ ဖြစ်ပါတယ်။

(၅) အပူ မပေးပါနဲ့ (ဆံပင်အခြောက်ခံ လေမှုတ်စက်နဲ့ မိုက်ခရိုဝေ့ဗ် မီးဖိုတွေနဲ့ အခြောက် မခံပါနဲ့)

Ref ; androidpit

Did you find apk for android? You can find new Free Android Games and apps.
Loading