အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေတဲ့ လူငယ်တွေ အတွက် Android ဖုန်းထဲကနေ အလုပ်လျှောက်နိုင်မယ့် Lan Thit App အကြောင်းမိတ်ဆက်ရေးသားပေးချင်ပါတယ်။
အသုံးပြုပုံ အဆင့်ဆင့်ကရိုးရှင်းလွယ်ကူပြီး ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်အမျိုးအစား၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကို လျှင်လျှင်မြန်မြန် ရှာဖွေနိုင်မယ့် App တခုလည်းဖြစ်ပါတယ်။
App ကို စတင် အသုံးပြုနိုင်ဖို့ ကိုယ့်ဖုန်းနံပါတ် ဒါမှမဟုတ် Facebook အကောင့်ကနေလည်း Log in ပြုလုပ်နိုင်ပါတယ်။ ပြီးနောက် ကိုယ်ပိုင် အချက်အလက်တွေကို ဖြည့်စွက်ဖို့လိုပါတယ်။ ဖြည့်သွင်းထားတဲ့ CV ကိုလည်းလုပ်ငန်းရှင်တွေ တိုက်ရိုက်ကြည့်ရှုနိုင်အောင် သိမ်းဆည်းနိုင်ပါသေးတယ်။
အင်တာဗျူး ခေါ်မယ့် အချိန်ကို လမ်းသစ် App ရဲ့ Notification မှာ ဖော်ပြသွား မှာဖြစ်ပြီး Noti တွေ့တာနဲ့ လျှောက်ထား တဲ့ အလုပ်ကို ဖုန်းဆက်ဆက်သွယ်ပြီး အင်တာဗျူးဖြေဆိုနိုင်ပါပြီ ။
ဒီApp ရဲ့ထူးခြားချက် က App အတွင်းမှာ ပဲ ကိုယ်ရေးအချက်အလက် CV ကိုဖြည့်စွက်နိုင်တာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှာဖွေရာမှာလည်း ထိပ်တန်းအလုပ်အကိုင် နဲ့ Update ဖြစ်နေတဲ့ အလုပ်ခေါ်စာတွေ ကို သီးသန့်ရှာဖွေနိုင်ပါတယ်။ ကိုယ် ရှာချင်တဲ့ အလုပ်အကိုင်အမျိုးအစားနဲ့ မြို့နယ် ၊ တည်နေရာတွေ ကို လည်း စိတ်တိုင်းကျ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အလုပ် အကိုင် တည်နေရာ ကို Google Map နဲ့ ပါ ချိတ်ဆက် ညွှန်ပြထားတာကြောင့် ကိုယ့်အရပ်ဒေသ မဟုတ်ဘဲ အလုပ်အကိုင် လျှောက်ထားချင်တဲ့ သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။
ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ့တဲ့အခါ အကြောင်းကြားပေးဖို့လည်း App မှာ မှာကြားထားနိုင်ပါသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေတဲ့ လူငယ်တွေအတွက် အသုံးဝင်နိုင်မယ့် ဒီ App ကို Google Play Store ကနေ အခမဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာ Play Store မရှိတဲ့ သူတွေအတွက်လည်း Lan Thit ရဲ့ Facebook မှာ Download လုပ်ဖို့ Link ပေးထားပါသေးတယ် ။