IT

ယနေ့ခေတ် လူနေမှုဘဝပုံစံကို “Digital Lifestyle” လိုအပ်ချက်များအတွက် ထုတ်ဖော်ပြသခဲ့တဲ့ SCG

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ အခြေစိုက် SCG ကုမ္ပဏီမှ ဆောက်လုပ်ရေး ပစ္စည်းထုတ်ကုန်များနဲ့ လူနေမှု နည်းပညာများရဲ့ တီထွင် ဆန်းသစ်မှုကို ပြသရန်အတွက် “Passion for Better Living” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Architect’18 ပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဒီပြပွဲအတွင်းမှာ SCG မှ အိမ်ပိုင်ရှင်များအတွက် “Digital Lifestyle” (ဒီဂျစ်တယ် လူနေမှုဘဝပုံစံ) လိုအပ်ချက်ကို ဖြည့်သွင်းပေးနိုင်မယ့် နည်းပညာများကို ထည့်သွင်း ပြသခဲ့ပါတယ်။

SCG မှ မိတ်ဆက်ပြသခဲ့တဲ့ နည်းပညာများကတော့ “Hom Budd Application” ၊ “Cool Home Innovations” ၊ SCG Roof, SCG သက်ကြီးစောင့်ရှောက်မှု နည်းလမ်းများ (SCG Eldercare Solution)၊ SCG ဆောက်လုပ်ရေး နည်းပညာ (SCG Building Tech) နဲ့ SCG မှ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာ အသစ်များကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။

SCG မှ မိတ်ဆက်ပြသခဲ့တဲ့ “Hom Budd Application” (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

SCG ရဲ့ “Hom Budd Application” ဆိုတဲ့ Application ကတော့ အိမ်သစ်ဆောက်ခြင်းနဲ့ အိမ်ဟောင်း ပြုပြင်ခြင်းများ အတွက် အဆင်ပြေချောမွေ့စေအောင် အကြံပေးနိုင်တဲ့ Application  ဖြစ်ပြီး အကြံပေးခြင်းသာမက ကန်ထရိုက်တာ ရှာဖွေခြင်း၊ လုပ်ငန်း စီမံခန့်ခွဲခြင်းတို့ကိုပါ အစအဆုံး ဆောင်ရွယ်နိုင်တယ်လို့ သိရပါတယ်။

SCG ရဲ့ သက်ကြီးစောင့်ရှောက်မှု နည်းလမ်းများ (SCG Eldercare Solution) ကတော့ Mini Pencil လို့ နာမည်ပေးထားတဲ့ သက်ကြီးစောင့်ရှောင့်ရေး Robot စက်ရုပ်နဲ့ သက်ကြီးရွယ်အိုများရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမယ့် ထုတ်ကုန် ပစ္စည်းများ (Acitvity of Daily Living Products) များကို ပြပွဲများ ခင်းကျင်း ပြသခဲ့ပါတယ်။

“Ageless Living” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်နဲ့ နည်းပညာများဟာ လူအို (အသက်ကြီးရွယ်အို) များရ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဘေးကင်ပြီး သက်သောင့်သက်သာရှိသော နေ့စဉ်လှုပ်ရှား သွားလာမှုကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။

Mini Pencil စက်ရုပ်မှာ လုပ်ဆောင်ချက် များစွာ ပါဝင်ပါတယ် (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

အဆိုပါ Eldercare Solution ထုတ်ကုန်များကတော့ အိပ်ယာနာ ဝေဒနာရှင်များကို စောင့်ကြည့်ပေးနိုင်တဲ့ Mini Pencil စက်ရုပ်၊ အဆိုပါ စက်ရုပ်မှ တဆင့် လိုအပ်သော ခန္ဓာကိုယ် အနေအထား ပြောင်းရွှေ့မှုများ ပြုလုပ်နိုင်ရန် မိသားစု သို့မဟုတ် ဆရာဝန်ရဲ့ မိုဘိုင်းဖုန်းကို အလိုအလျောက် သတိပေးနိုင်တဲ့ စနစ်များ၊ လူနာရဲ့ Vital Signs ကို စောင့်ကြည့်ခြင်း၊ ဆေးသောက်ရန် သတိပေးခြင်း၊ ဆေးကုသမှု မှတ်တမ်းများ ထိန်းသိမ်းခြင်း စတဲ့ လုပ်ဆောင်ချက် များစွာ လုပ်ဆောင်နိုင်အောင် တီထွင်ထားတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ ကျနော်တို့ရဲ့ SCG Team က မြန်မာနိုင်ငံရဲ့ လူနေမှုဘဝပုံစံ Lifestyle နဲ့ သင့်တော်တဲ့ Digital Platform တခု ဖန်တီးထားပါတယ်။ ကျနော်တို့မှာ SCG နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက် Activity တွေ သိနိုင်ဖို့ Facebook, Website နဲ့ Application လည်း ရှိပါတယ်”

“Digtial Platform က ဒီထက်ပိုပြီး ဖွံ့ဖြိုးလာမယ် ထင်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဖွံ့ဖြိုးနေပါပြီ။ မြန်မာနိုင်ငံက အသုံးပြုသူတွေရဲ့ လူနေမှုပုံစံနဲ့ သင့်တော်တဲ့ ထုတ်ကုန်တွေ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲကို မကြာခင် ဖြန့်သွားမှာ ဖြစ်ပါတယ်” လို့ SCG မှ Brand Management and Communication Director Mr.Anuavt Chalermchai က ပြောပါတယ်။

ပြပွဲအတွင်းမှာ SCG မှ ယနေ့ လူနေမှုဘဝပုံစံ Lifestyle ကို ပိုမိုခေတ်မှီ စမတ်ကျစေတဲ့ အသွင်အပြင် ရောက်အောင် အထူးသဖြင့် Digital Lifestyle (ဒီဂျစ်တယ် လူနေမှုဘဝပုံစံ) များ ရရှိအောင် တီထွင်ဖန်တီးထားတဲ့ နည်းပညာ အသစ်များ၊ ထုတ်ကုန်ပစ္စည်းသစ်များကို မိတ်ဆက် ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။

SCG ရဲ့ “Passion for Better Living” ပြပွဲမြင်ကွင်း (ဓာတ်ပုံ – သီဟတိုး/ဧရာဝတီ)

Architect’18 ပြပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ IMPACT Muang Thong Thani မှာရှိတဲ့ Challenger ခန်းမမှာ မေလ ၁ ရက်နေ့က ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး SCG ကုမ္ပဏီမှ “Passion for Better Living” ခေါင်းစဉ်နဲ့ ဆန်းသစ်သော ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ နည်းပညာများကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading