နေ့စဉ်ဘဝမှာ စမတ်ဖုန်းတွေဟာ မရှိမဖြစ် အရာတခုဖြစ်လာတာနဲ့အညီ ဖုန်းတွေဟာ နေ့စဉ်အထိတွေ့ရဆုံး အသုံးအဆောင် ပစ္စည်းတမျိုးလည်း ဖြစ်ပါတယ်။ ဖုန်းတွေကို နေရာထားသိုမှု မမှန်ကန်တဲ့အခါ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဖုန်းတွေကို ဘယ်နေရာတွေမှာ မထားသင့်ဘူးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အမျိုးသားတွေအနေနဲ့ ဖုန်းကို ရှေ့ဘောင်းဘီအိတ်ထဲထည့်တဲ့ အကျင့်ဟာ မကောင်းပါဘူး။ ဖုန်းရဲ့ လှိုင်းတချို့ကြောင့့် မျိုးမအောင်ခြင်း အပါအဝင် Sperm ထုတ်လွှတ်မှု လျော့ကျစေခြင်းနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားတဲ့အထိ ဖြစ်စေနိုင်တာ ကြောင့် ဖုန်းကို ဘောင်းဘီအိတ်ထဲ မထားသင့်ပါဘူး။
(၂) စမတ်ဖုန်းတွေကို အိပ်စက်တဲ့အခါ အိပ်ရာနဲ့ ခပ်ဝေးဝေးမှာသာ ထားသင့်ပါတယ်။ ဖုန်းရဲ့လှိုင်းတွေဟာ ဦးနှောက် အတွင်းက သွေးကြောငယ်လေးတွေကို ရောင်ရမ်းစေနိုင်တာကြောင့် ရေရှည်မှာ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်ကို လေးလံထိုင်းမှိုင်းတတ်စေခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်စွမ်းရည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(၃) ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲ ထည့်ခြင်းကြောင့် ဖုန်းထွက်ကျပြီး ပျောက်ဆုံးတတ်တာမျိုးနဲ့ ဖိမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေကို အလိုအလျောက်ခေါ်ဆိုမိတတ်စေပါတယ်။ ဖုန်းကို ဘောင်းဘီ နောက်အိတ်ထဲ ထည့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ခါးနာတာ၊ နောက်ကျောတက်တာနဲ့ အစာအိမ်အောင့်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဖုန်းကို ကလေးတွေဆီ ပေးထားခြင်းဟာ ဖုန်းကထွက်တဲ့ အန္တရာယ်ရှိတဲ့ လှိုင်းတချို့ကြောင့် ရေရှည်မှာ ကလေး တွေရဲ့ နုနယ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်တာကြောင့် ကလေးငယ်လေးတွေကို ဖုန်းမပေးထား သင့်ပါဘူး။
(၅) ဖုန်းကြာကြာ ပြောဆိုတတ်သူတွေအနေနဲ့ ဖုန်းအသုံးပြုမှု ကြာလာတာနဲ့အမျှ ဖုန်းကထွက်တဲ့ လှိုင်းတွေနဲ့ ထိတွေ့မှု များခြင်းကြောင့် နားရွက်နဲ့ ပါးတဝိုက်က သွေးကြောငယ်လေးတွေကို ထိခိုက်စေနိုင်တဲ့အပြင် အရေပြားကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဖုန်းကြာကြာ ပြောရသူတွေအနေနဲ့ နားကြပ်ဆောင်ထားပြီး ဖုန်းပြောသင့်ပါတယ်။
Ref. http://www.ba-bamail.com