SAP ရဲ့ Gold Partner ဖြစ်တဲ့ Vanguard Myanmar ကုမ္ပဏီမှ ကမ္ဘာ့ထိပ်တန်း Cloud ERP Soultion ဖြစ်တဲ့ SAP Business ByDesign ဆော့ဖ်ဝဲကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပထမဆုံး စတင် မိတ်ဆက်လိုက်ပါတယ်။
ERP Software တခုဖြစ်တဲ့ SAP Business ByDesign ဆော့ဖ်ဝဲဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ အတွက် အိုင်တီနည်းပညာဆိုင်ရာ Infrastructure များ မပါဝင်စေဘဲ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ Cloud-Based, Software as a Service (SaaS) Solution တခု ဖြစ်တယ်လို့ သိရပါတယ်။
အလတ်စားလုပ်ငန်းများအနေနဲ့ SAP Business ByDesign ကို အသုံးပြုခြင်းဖြင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများစွာမှာ အသုံးပြုနေတဲ့ SAP ရဲ့ အကောင်းဆုံး စီးပွားရေး လုပ်ငန်းဆိုင်ရာ ဖြစ်စဉ်များကို ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
SAP Business ByDesign ဆော့ဖ်ဝဲမှာ ငွေကြေးနှင့် စာရင်းအင်း စီမံခန့်ခွဲမှု၊ သုံးစွဲသူများနှင့် ဆက်ဆံရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ဝယ်ယူမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ကုန်စည် စီးဆင်းလည်ပတ်ခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု၊ စီမံကိန်းများ စီမံခန့်ခွဲမှု၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုနှင့် အထောက်အပံ့ပေးမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အချက်အလက်များ သုံးသပ်ခြင်း ဆိုင်ရာ Tool များ (Analytics Tool) စသည့် လုပ်ဆောင်ချက်များ ပါဝင်တယ်လို့ သိရပါတယ်။

“ByDesign က အဓိကဈေးကွက်ကိုလည်း ရည်ရွယ်တယ်။ လုပ်ငန်းက တိုးရင်တိုးသလို လျော့ရင်လျော့သလို Adapt (လိုက်လျောညီထွေမှု ရှိအောင်) လုပ်နိုင်ရမယ်။ နောက်တခုက Solution က ရိုးရှင်းရမယ်။ ရိုးရှင်းရမယ်ဆိုတဲ့ သဘောက ကျမတို့ Facebook ကို သုံးဖို့ အတွက် သုံးရင်းနဲ့ တတ်သွားတာ သင်စရာမလိုဘူး။ Google Search အတွက်လည်း သင်စရာ မလိုဘူး။ Tools တွေက မြင်လိုက်တာနဲ့ ဒါလေးက ဘာသုံးဖို့ဆိုတာ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းဝင်ဝင် သင်နိုင်တယ်” လို့ SAP Business ByDesign မှာ ပါဝင်တဲ့ Tools တွေနဲ့ ပတ်သက်ပြီး Vanguard Myanmar ကုမ္ပဏီမှ Consulting Director မကြည်သာမောင်ဝင်းက ပြောပါတယ်။
ဆက်လက်ပြီး သူက “၂၀၁၇ နဲ့ ၂၀၁၈ က မတူဘူး။ လုပ်ငန်းရှင်တွေ အတွက် Cloud Soultion က ပိုအဆင်ပြေ လာတယ်” လို့ ဆိုပါတယ်။ အသင့် အသုံးပြုနိုင်ရန် ရေးဆွဲထားတဲ့ ERP ဆော့ဖ်ဝဲဟာ အသုံးပြုသူများကို ၎င်းတို့ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ လုပ်ငန်း လုပ်ဆောင်ချက်များကို လျင်မြန်စွာနဲ့ တနေရာတည်းမှာ ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
SAP Business ByDesign Solution ဟာ အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ Tool များ ၊ အသင့်အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်များ ပါဝင်ရုံသာမက လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ Solution တခုဖြစ်တာကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ လုပ်ငန်း တိုးတက်အောင် နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ငွေကြေးသက်သာစွာဖြင့် လုပ်နိုင်မယ်လို့ သိရပါတယ်။
Vanguard Myanmar ကုမ္ပဏီမှ အသစ်မိတ်ဆက်လိုက်တဲ့ SAP Business ByDesign ဆော့ဖ်ဝဲဟာ အလယ်အလတ်တန်းစား ဆော့ဖ်ဝဲတခု ဖြစ်တယ်လို့ သိရပါတယ်။