IT

ထူးခြားတဲ့ လုပ်ဆောင်ချက်များနဲ့ Samsung Galaxy A6+ စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Samsung Galaxy A Series စမတ်ဖုန်းများထဲမှ စမတ်ဖုန်းသစ် Galaxy A6+ ကို မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံမှာ စတင် မိတ်ဆက် လိုက်ပါတယ်။ အရှေ့ဘက်ကင်မရာ အရည်အသွေး 24 Mega Pixel (F1.9) , Selfie Focus နဲ့ အနောက်ဘက် ကင်မရာ ၂ လုံး 16 MP (F1.7) နဲ့ 5 MP (F1.9), Live Focus ပါဝင်ပြီး Selfie ကင်မရာမှာလည်း LED Flash ပါဝင်တာကြောင့် ညဘက် အလင်းအားနည်းတဲ့ အချိန်မျိုးတွေမှာ ပုံကောင်းကောင်းတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Galaxy A6+ မှာပါဝင်တဲ့ Dual ကင်မရာမှာ Live Focus mode ကိုအသုံးပြုပြီး ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ အမှတ်တရ အခိုက်အတန့် Moment များကို ဓာတ်ပုံ မရိုက်ခင် ဖြစ်စေ ဒါမှမဟုတ်၊ ရိုက်ယူပြီးဖြစ်စေ depth of field နဲ့ bokeh effect တို့ကို ချိန်ညှိပြီး ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ သုံးစွဲသူများအနေနဲ့လည်း ရိုက်ယူပြီးတဲ့ ဓာတ်ပုံတွေကို နောက်ခံ မှုန်ဝါးတဲ့ လုပ်ဆောင်ချက်များနဲ့ ပြန်လည် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆ လက်မရှိပြီး FHD+ SuperALMOED မျက်နှာပြင်၊ Infinity Display နဲ့ သုံးစွဲသူကို ကြည်လင် ပြတ်သားတဲ့ မြင်ကွင်းအတွေ့အကြုံများ ပေးစွမ်းနိုင်မယ့်ပုံပါပဲ။ A6+ မှာဆိုရင် Samsung ရဲ့ အမှတ်အသား ဘောင်မဲ့ မျက်နှာပြင်ကို အသုံးပြုထားတာ တွေ့ရပြီး မျက်နှာပြင်ခုံးနဲ့ Metal Body (သတ္တုကိုယ်ထည်) ဒီဇိုင်းတို့ကြောင့် သုံးစွဲသူတွေအတွက် ကိုင်ရတာ စမတ်ကျတဲ့ စမတ်ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် Galaxy A6+ စမတ်ဖုန်းမှာ Bixby Vision, Home နဲ့ Reminder စတဲ့ လုပ်ဆောင်ချက်များ ပါဝင်ပြီး Bixby လုပ်ဆောင်ချက်ဟာဆိုရင် သုံးစွဲသူများရဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာများကို ကူညီ ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ဆောင်မှု တခုလို့လည်း သိရပါတယ်။ Processor အရည်အသွေး Octa Core 1.8 GHz ပါဝင်ပြီး Android Os 8.0 နဲ့ RAM 3GB, Internal Memory 32 GB ပါဝင်ကာ 256GB အထိ Memory တိုးချဲ့နိုင်တယ်လို့ သိရပါတယ်။

Samsung Galaxy A6+ စမတ်ဖုန်း

“Galaxy A6+ မှာဆိုရင် Samsung ရဲ့ flagship ဖုန်းတွေမှာ ပါဝင်တဲ့ လွယ်ကူလျင်မြန်စွာ ဖုန်းကိုလော့ခ်ဖွင့်နိုင်တဲ့ မျက်နှာ အသိအမှတ်ပြု လုံခြုံရေးစနစ် (Face Unlock) ပါဝင်ပါတယ်။ Always on Display လုပ်ဆောင်ချက်ကလည်း သုံးစွဲသူတွေ အတွက် အချက်အလက်တွေကို ဖုန်းဖွင့်နေစရာ မလိုဘဲ ဖုန်းကို တချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တာကြောင့် အချိန်နဲ့ ဘက်ထရီ နှစ်ခုစလုံးကို တပြိုင်တည်း သက်သာစေပါတယ်” လို့ Samsung Myanmar ရဲ့ Head of Mobile and IT ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

လက်ဗွေ လုံခြုံရေးစနစ် ပါဝင်ပြီး Sensor များအနေနဲ့ Gyro Sensor, Geomagnetic Sensor, Hall Sensor, Proximity Sensor, RGB Light Sensor စတဲ့ Sensor စနစ်များ ပါဝင်တာ တွေ့ရပါတယ်။ ဘက်ထရီအား ပမာဏက 3500 mAh ပါဝင်ပြီး အသံပိုင်း စနစ်အနေနဲ့ကတော့ သုံးစွဲသူများအတွက် Dolby Atoms optimized audio စနစ် ပါဝင်တဲ့အတွက် စပီကာနဲ့ ရုပ်ရှင်များ၊ သီချင်းများကို အသံထွက်နှုန်း ကောင်းကောင်းနဲ့ နားဆင် ခံစားနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy A6+ စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ အနက်ရောင်၊ ရွှေရောင်နဲ့ အပြာရောင်စတဲ့ အရောင် ၃ မျိုး ရွေးချယ် နိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေ ၄၉၉,၀၀၀ ကျပ်နဲ့ မေလ ၃၁ ရက်နေ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading