Android ဖုန်း အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ Android ဖုန်းမှာ တပါတည်း ပါဝင်လာတဲ့ Launcher ကို မကြိုက်လို့၊ ကောင်းမွန်တဲ့ Android Launcher Application တခု ရှာနေသူတွေအတွက် အကောင်းဆုံး Third-Party Launcher App တွေကို ရွေးချယ်ပေးလိုက်ပါတယ်။
အသစ်ထွက်ရှိလာတဲ့ Microsoft Launcher လိုမျိုး App အသစ်တွေကလည်း တော်တော်လေး ထူးခြားလာတာတွေ့ရပြီး နာမည်ရပြီးသား Launcher App တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ပိုကောင်းအောင်လုပ်လာကြတော့ သုံးစွဲသူတွေ အတွက် ရွေးချယ်စရာတွေ ပိုများလာပြီ ဖြစ်ပါတယ်။
(၁) Microsoft Launcher
မိုဘိုင်း OS လောကထဲကနေ အချိန်အတော်ကြာ ပျောက်နေခဲ့တဲ့ Microsoft ဟာ ကိုယ်ပိုင် Microsoft Launcher နဲ့Mobile OS ကဏ္ဍထဲ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ Android အတွက် ထုတ်ပေးထားတဲ့ Microsoft Launcher ဟာ Microsoft က ထုတ်ထားသမျှ Android Apps တွေနဲ့ဆက်စပ် အသုံးပြုတဲ့အခါ ပိုမိုကောင်းမွန်တဲ့ Performance ကို ပေးစွမ်းနိုင်မယ့် Launcher တခု ဖြစ်ပါတယ်။ တချို့Launcher တွေလို ကြော်ငြာတွေ၊ Premium Version တွေလည်း မရှိဘဲ စိတ်အေးလက်အေး သုံးစွဲနိုင်ပါတယ်။ Themes တွေ Personalization တွေ ပြုလုပ်နိုင်သလို၊ လက်ဟန်နဲ့ ထိန်းချုပ်နိုင်တဲ့ Gestures တွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။ ဒါ့အပြင် Microsoft Account ရှိရင်၊ Log-in ဝင်ပြီး Microsoft ရဲ့ Digital Assistant “Cortana” ကို အသုံးပြုပြီးလည်း ဖုန်းလုပ်ဆောင်ချက် တော်တော်များများကို အသံနဲ့စေခိုင်းနိုင်ပါတယ်။
(၂) Nova Launcher
ရိုးရှင်းသေသပ်တဲ့ Launcher တစ်ခုကို ရှာဖွေနေသူတွေအတွက် Nova Launcher ရှိပါတယ်။ Android Version အသစ်မှာ ပါဝင်လာမယ့် တချို့သော Features အသစ်လေးတွေကို Nova Launcher မှာ အရင်ရတတ်တာကြောင့် Feature အသစ်အသစ်တွေကို စမ်းသပ်ချင်သူတွေ အကြိုက်တွေ့မှာပါ။ Google ရဲ့ Material Design စံနှုန်းတွေကို လိုက်နာထားတဲ့ Launcher တခုဖြစ်ပြီး၊ ဖုန်းတခုလုံးကို စိတ်ကြိုက်ပြုပြင်နိုင်လောက်အောင် Feature တွေ စုံလင်ပါတယ်။ Microsoft Launcher မှာ မရသေးတဲ့ App တွေကို Long Press ဖိပြီး၊ Quick Actions တွေ အသုံးပြုနိုင်တဲ့ Feature တွေ ပါဝင်ပါတယ်။ Force Touch ပုံစံမျိုးဖြစ်ပြီး Google Pixel ဖုန်းတွေနဲ့ OnePlus ရဲ့ Oxygen OS တို့မှာ ပါဝင်တဲ့ Feature တခု ဖြစ်ပါတယ်။ Nova ရဲ့ လုပ်ဆောင်နိုင်စွမ်း အကုန်လိုချင်ရင်တော့ တသက်တာ အသုံးပြုကြေး ကန် ဒေါ်လာ ၄ ဒဿမ ၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။
(၃) CM Launcher
ကိုယ့်ဖုန်း Home Screen ကို လှလှလေး ဆင်ချင်သူတွေ အကြိုက်တွေ့မယ့် Launcher တခုပါ။ 3D Wallpapers တွေ၊ သောင်းချီတဲ့ Themes, Effects, Icon pack တွေနဲ့Animations တွေ အစုံပါတော့ ကိုယ့်ဖုန်းကို ဘယ်သူနဲ့မှ မတူအောင် အလှဆင်ထားလို့ ရပါတယ်။ Apps နဲ့Folders တွေကို Hide လုပ်ထားနိုင်တဲ့ feature တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် Effects တွေ၊ Animations တွေအကုန်သုံးထားရင် ဖုန်းဘက်ထရီ နည်းနည်းစားမှာနဲ့တန်ဖိုးနည်း ဖုန်းတချို့မှာ Perfomance ကျနိုင်တာကို သတိပြုသင့်ပါတယ်။
(၄) Buzz Launcher
ဖုန်းမှာ Icon Packs တွေ၊ Animations တွေ၊ Skins တွေ အကုန်လျှောက်ထည့်ပြီး Performance ကိုလည်း မကျသွားအောင် လုပ်နိုင်တဲ့နေရာမှာတော့ Buzz Launcher က ဆရာ တဆူပါပဲ။ Buzz Launcher ရဲ့ ထင်ရှားတဲ့ Feature တခုက အသုံးပြုတဲ့သူတွေ ကိုယ်တိုင် Themes တွေ ဖန်တီးနိုင်ပြီး တခြားသူတွေကို ကိုယ့် Themes သုံးအောင် ပြန်တင်ပေးနိုင်ခြင်းပါ။
(၅) C Launcher
Android အစောပိုင်း ကာလလောက်ကတည်းက ရှိခဲ့တဲ့ C Launcher ဟာ သုံးစွဲသူ အနည်းငယ် ကျသွားပေမယ့် အကောင်းဆုံး Android Launcher စာရင်းမှာ မေ့မထားသင့်တဲ့ Launcher တခု ဖြစ်နေဆဲပါပဲ။ ကိုယ့်ဖုန်းဘက်ထရီ သက်တမ်းကို ပိုအသုံးခံအောင် လုပ်ချင်လား၊ ဒါမှမဟုတ် ဖုန်းကို ဆန်းသစ်တဲ့ အမြင်အသစ် ဖန်တီးချင်လား။ C Launcher ရဲ့ များပြားစုံလင်တဲ့ Feature တွေက အေးဆေးပါပဲ။ စိတ်မချရတဲ့ Third-Pary Apps တွေက ဖုန်းဒေတာတွေ မရယူ နိုင်အောင် ကာကွယ်ပေးနိုင်တဲ့ Feature နဲ့ဖုန်း Storage ကို Clean လုပ်ပေးတဲ့ Tool တွေလည်း ပါဝင်ပါတယ်။ ကြော်ငြာ တချို့တလေ ပါဝင်တာက လွဲရင် တခြား အားနည်းချက် သိပ်မရှိပါဘူး။