အကန့်အသတ် မရှိ 4G+ အင်တာနက်ဒေတာ ဝန်ဆောင်မှု သုံးနိုင်မယ့် ananda “အနန္တ”
မြန်မာနိုင်ငံအတွက် အကန့်အသတ် မရှိသော 4G+ အင်တာနက်ဒေတာ ဝန်ဆောင်မှုကို “ananda (အနန္တ)” မှ ယနေ့၊ မေလ ၂၅ ရက်နေ့၊ ရန်ကုန်မြို့၊ LOTTE ဟိုတယ်မှာ စတင် မိတ်ဆက် လိုက်ပါတယ်။
ananda 4G+ ဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ တလလျှင် ငွေကျပ် ၃၅၀၀၀ ဖြင့် အကန့်အသတ် မရှိ ဒေတာများကို မြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းနဲ့ သုံးစွဲနိုင်မယ်လို့ သိရပါတယ်။ သုံးစွဲသူများအနေနဲ့ ဈေးနှုန်း မြန်မာငွေကျပ် ၃၅၀၀၀ ကျပ် နဲ့ mifi စက်တခု၊ 4G+ ananda ဆင်းမ်ကတ် တကတ်ဖြင့် ဒေတာများကို တလတာ အကန့်အသတ် မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ananda (အနန္တ) သုံးစွဲသူများအနေနဲ့ အဆိုပါ mifi စက်နဲ့ ananda (အနန္တ) အင်တာနက်လိုင်းကို မိမိတို့သွားလေရာ နေရာများကို ယူဆောင်သွားနိုင်ပြီး သူငယ်ချင်း မိတ်ဆွေများ၊ မိသားစုများနဲ့အတူ အင်တာနက်ကို အကန့်အသတ် မရှိ မျှဝေ သုံးစွဲနိုင်မယ်လို့ သိရပါတယ်။

အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အဆိုပါ mifi စက်နဲ့အတူ ananda (အနန္တ) မှ 4G+ router ကိုလည်း ထပ်မံ မိတ်ဆက်ခဲ့ပြီး အဆိုပါ 4G+ router ကို မိမိတို့ နေအိမ်၊ ရုံးခန်းများမှာ တပ်ဆင်ပြီး မိသားစုများ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနဲ့ အတူ ဒေတာများကို အကန့်အသတ်မရှိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ router ကို wifi ချိတ်ဆက် နိုင်တဲ့ မည်သည့်စက်ပစ္စည်းနဲ့ မဆို အလုံး ၃၀ အထိ တပြိုင်တည်း ချိတ်ဆက် အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
Router ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ ၆၅၀၀၀ ကျပ် ဖြစ်ပြီး ရက်ပေါင်း ၆၀ ဒေတာ အကန့်အသတ် မရှိ အသုံးပြု နိုင်မယ်လို့ သိရပါတယ်။ ananda (အနန္တ) ကို ကုန်ပစ္စည်း စတင်မိတ်ဆက်မှု အစီအစဉ် ကာလအတွင်း အကန့်အသတ်မရှိ (unlimited) Plan ကို ဝယ်ယူသုံးစွဲပြီး အဆိုပါ Plan ကုန်ဆုံးသွားပါက ananda (အနန္တ) ရဲ့ value plan များကိုလည်း ရွေးချယ် ဝယ်ယူ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ananda (အနန္တ) သုံးစွဲသူများဟာ အဆိုပါ value plan ကို မိမိတို့ သုံးစွဲလိုသော ဒေတာပမာဏနဲ့ ကိုက်ညီတဲ့ add-ons Plan များနဲ့ မိမိစိတ်ကြိုက် သီးခြား Application များ (ဥပမာ – YouTube, Facebook , Viber) များအတွက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။