• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ယခုနှစ်၊ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှုမှာ ဦးဆောင်နေတဲ့ Samsung

by Nigma
30 May 2018
in IT
A A
၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုမှာ Samsung က ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်

၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုမှာ Samsung က ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်

4.9k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ဟာ ယခု ၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လ ပတ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်းရောင်းချရမှု စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုမှာ Samsung က ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး၊ ဒုတိယနေရာမှာ Apple က ၁၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တတိယနေရမှာ Huawei က ၁၀ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ စတုတ္ထနေရာမှာ Xiaomi က ၇ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ Oppo ကတော့ ၇ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
538
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235

Samsung ဟာ ၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်မှာ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုကို ၂၀ ဒဿမ ၅ ရာခိုင်နှုန်း သိမ်းပိုက် ကြီးစိုးထားနိုင်ပေမယ့်၊ ၂၀၁၇ ခုနှစ်အတွင်းက ပထမ ၃ လပတ်မှာ ဈေးကွက်ဝေစု ၂၀ ဒဿမ ၈ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့တာကြောင့် Samsung ရဲ့ ရောင်းအားဟာ မနှစ်ကထက်စာရင် အနည်းငယ် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။

ယခု ဈေးကွက် အချက်အလက်တွေကို နာမည်ကြီး အမေရိကန်အခြေစိုက် ဈေးကွက်လေ့လာရေးနဲ့ အကြံပေးကုမ္ပဏီ Gartner, Inc. က ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ Gartner ရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ကမ္ဘာတလွှား စမတ်ဖုန်း ရောင်းချရမှု အရေအတွက် ပိုတိုးတက်များပြားလာပြီး၊ ၂၀၁၇ ပထမ ၃ လပတ်ထက်စာရင် ၁ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိလာတာ တွေ့ရတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်အတွင်းမှာတင် တကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ ၃၈၄ သန်းကျော် ရောင်းချခဲ့ရပြီး၊ မိုဘိုင်းဖုန်း ရောင်းချရမှု စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းလောက်က စမတ်ဖုန်းတွေ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ စမတ်ဖုန်း ရောင်းချရမှုမှာ တိုးတက်မှုအရှိဆုံး ကုမ္ပဏီကတော့ Xiaomi ဖြစ်ပြီး၊ မနှစ်ကထက် စမတ်ဖုန်းရောင်းချရမှု ၁၂၄ ရာခိုင်နှုန်း အထိ ပိုများလာကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ပရီမီယမ်နဲ့ မော်ဒယ်မြင့် စမတ်ဖုန်းတွေကတော့ တနှစ်ထက် တနှစ် မော်ဒယ်သစ်တွေကြားမှာ ပြောပလောက်အောက် အဆင့်မြင့်သွားတာမျိုး မရှိတဲ့အတွက် ဝယ်လိုအား ဆက်လက် ကျဆင်းနေဆဲပါပဲ။ အမေရိကန် ဒေါ်လာ ၁၀၀ အောက် တန်ဖိုးနည်း စမတ်ဖုန်းတွေနဲ့ ဒေါ်လာ ၁၅၀ အောက် မော်ဒယ်နိမ့်စမတ်ဖုန်းတွေကတော့ အရည်အသွေး ပိုကောင်းတဲ့ မော်ဒယ်တွေ ထွက်လာတာကြောင့် ဝယ်လိုအားတွေ ပိုမြင့်တက်လာပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Gadgets 360, Gartner

Your Thoughts …
Tags: Samsungကမ္ဘာ့စမတ်ဖုန်း ရောင်းချရမှု
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Samsung Galaxy Note 7 မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

၆ လ အရစ်ကျ အတိုးမဲ့ ၀ယ်ယူနိုင်မယ့် Galaxy Note 7

by သီဟတိုး
4 August 2016
830

Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊...

Next Post
နယူးယောက်အခြေစိုက် Asia Society တွင် မြန်မာ့သတင်းလွတ်လပ်ခွင့်အကြောင်း တင်ပြနေသော ဧရာဝတီသတင်းထောက် လဝီဝမ်(ယာ)

ရခိုင်မြောက်ပိုင်းအရေးသည် မြန်မာ့ပြဿနာ၏ အဖျားအနားသာ ဖြစ်သည်

Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ

လက်ချင်းချိတ်ပြီး ပရိသတ်ရှေ့ပွဲထွက်လာခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.8k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate