Email တွေ တနေ့ကို အစောင်တရာလောက် ဝင်ပြီး ရှုပ်ယှက်ခတ်နေတဲ့ Inbox မျိုး ပိုင်ဆိုင်ထားရတဲ့အတွက် စိတ်ရှုပ် နေပါသလား။ Email Notifications တွေ တခုပြီးတခု ဆက်တိုက်ဝင်လာတဲ့အခါ၊ ကိုယ့်အတွက် အမှန်တကယ် အရေးကြီးတဲ့ Email မျိုးဆို သတိမထားမိတော့ဘဲ ဖြစ်တတ်ပါတယ်။
တကယ်တမ်းတော့ Gmail မှာ Unsubscribe လုပ်နိုင်မယ့် Button ပါဝင်ပြီးသား ဖြစ်ပေမယ့် ဒီ Button က ထင်သလောက် မထိရောက်ဘူးဆိုတာ သုံးဖူးသူတိုင်း သိကြမှာပါ။ တချို့ Newsletter တွေက သူတို့ Website အထိ သွားပြီး Unsubscribe ပြန်လုပ်ပေးမှ ရတာမျိုးတွေ ရှိပါတယ်။
ဒါပေမယ့် ကိုယ် Sign-up လုပ်ထားတဲ့ Web Services တွေကလည်း များလွန်းတဲ့အခါ တစ်ခုချင်းကို လိုက်ပြီး Unsubscribe လုပ်ဖို့လည်း အဆင်မပြေတဲ့သူတွေအတွက် ရှိသမျှ Mail အားလုံးကို ကိုယ့်စိတ်ကြိုက် Unsubscribe လုပ်နိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး ကွန်ပျူတာ Browser ကနေ Unroll.me ဆိုတဲ့ Website လေးကို သွားပါ။
ကိုယ် Unsubscribe လုပ်ချင်တဲ့ Gmail နဲ့ Sign Up ( Sign in with Google) လုပ်ပေးပါ။
သင့်ရဲ့ Emails တွေကို Manage လုပ်နိုင်ဖို့အတွက် ခွင့်ပြုချက်တောင်းပါလိမ့်မယ်၊ သုံးမယ်ဆိုတာ သေချာရင် Allow လုပ်ပေးလိုက်ပါ။
အခုအခါ Unroll.me ရဲ့ Feature တစ်ခုဖြစ်တဲ့ Rollup Feature သုံးဖို့ Suggest လုပ်တာ ပေါ်လာပါလိမ့်မယ်။ Unsubscribe အကြောင်းကိုပဲ အဓိကထားပြောမှာဖြစ်တာကြောင့် အဆိုပါ Box ကို ကြက်ခြေခတ်နှိပ်ပြီး ပိတ်ပစ်လိုက်ပါ။
ဒီအခါ သင့် Gmail နဲ့ တသက်လုံး Subscribe လုပ်ထားသမျှ Web Services တွေ၊ Newsletter Subscription တွေ အကုန်ပေါ်လာပါလိမ့်မယ်။
ကိုယ့် Gmail Inbox ထဲ Email မဝင်စေချင်တော့တဲ့ Services တွေအကုန်လုံးကို လိုက်ပြီး Unsubscribe ပြုလုပ်လိုက်ပါ။ ဒါဆိုရင် နောက် ဒီ Website တွေကနေ အပြီးတိုင် Unsubscribe လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Unsubscribe လုပ်ပြီးသား Websites တွေကို “Unsubscribed” ဆိုတဲ့ Menu အောက်မှာ ပြန်ကြည့်ရှုနိုင်ပါတယ်။ တကယ်လို့ တခုခုကို မှားပြီး Unsubscribe လုပ်မိလိုက်တယ်ဆိုရင်လည်း Keep in Inbox သုံးပြီး ပြန်မေးလ် ရယူနိုင်ပါတယ်။