Sony ဟာ ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတွေကို အစောဆုံး ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ တခု အပါအဝင်ပါ။ Sony Xperia ဖုန်းတွေ နာမည်ကြီးရတဲ့ အချက်ထဲမှာလည်း ရေစိုခံ၊ ရေစိမ်ခံနိုင်မှုက အဓိကနေရာက ပါဝင်တဲ့ အချက် တချက်လို့ ဆိုရမှာပါ။
တချို့သော Sony ဖုန်းပိုင်ရှင်တွေဟာ ရေဘယ်လောက် မီတာအထိ ဘယ်မိနစ်ကြာကြာ စိမ်ခံနိုင်ကြောင်း IP Rating တွေပါ ရထားတဲ့ Xperia ဖုန်းတွေဟာ ရေထဲကျသွားတာမျိုးလို မတော်တဆဖြစ်ရပ်တွေမှာတောင် ထိခိုက် ပျက်စီးမှုတွေ ရှိလာတာကြောင့် Sony ကုမ္ပဏီကို စုပေါင်း တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။ အကယ်လို့ ဒီအမှုမှာသာ ဖုန်းပိုင်ရှင်တွေ ဘက်က အနိုင်ရသွားခဲ့ရင် ရေထိခိုက်မှုကြောင့် ပျက်စီးသွားတဲ့ Sony ဖုန်းပိုင်ရှင်တွေအနေနဲ့ ဖုန်းတန်ဖိုးရဲ့ တဝက်အထိ လျော်ကြေး ပြန်ရနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။
Sony ကုမ္ပဏီနဲ့ ဖုန်းပိုင်ရှင်တွေကြား တရားရင်ဆိုင်နေတဲ့ ယခုအမှုမှာ IP Ratings တွေပေးပြီး ကြော်ငြာထားတဲ့ Sony ဖုန်းမော်ဒယ်ပေါင်း ၂၄ မျိုးအထိ ပါဝင်နေပါတယ်။ Sony ကိုယ်တိုင်က ဒီဖုန်းတွေရဲ့ ကြော်ငြာဓာတ်ပုံတွေမှာ ရေလောင်း ပြထားတဲ့ ပုံမျိုးတွေလည်း ပါဝင်တာကြောင့် ကုမ္ပဏီဘက်က ဘယ်လိုချေပမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ယခုအမှုမှာ အကျုံးဝင်တဲ့ Sony ဖုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• Xperia M2 Aqua
• Xperia Z3 Dual
• Xperia M2 Aqua
• Xperia Z3 Dual
• Xperia M4 Aqua
• Xperia Z3+ Dual
• Xperia ZR
• Xperia Z3+
• Xperia Z Ultra
• Xperia Z5
• Xperia Z1
• Xperia Z5 Compact
• Xperia Z1 Compact
• Xperia Z2 Tablet (WiFi)
• Xperia Z1s (T-Mobile)
• Xperia Z2 Tablet (LTE)
• Xperia Z2 Xperia Z2 Tablet (Verizon LTE)
• Xperia Z3 Xperia Z3 Tablet Compact (WiFi)
• Xperia Z3 Compact
• Xperia Z3 Tablet Compact (LTE)
• Xperia Z3 (T-Mobile)
• Xperia Z4 Tablet (WiFi)
• Xperia Z3v (Verizon)
• Xperia Z4 Tablet (LTE)
တကယ်လို့ သင်လည်း ရေစိုခံနိုင်ကြောင်း ကြော်ငြာထားတဲ့ Sony Xperia ဖုန်းတလုံး ဝယ်ဖူးပြီး ရေကြောင့် ဖုန်းထိခိုက် ပျက်စီးခဲ့ဖူးရင် ယခုအမှုမှာ ပါဝင်ဖို့ ဒီ Website ကနေ လျောက်ထားနိုင်ပါတယ်။ ဒါပေမယ့် US မှာ တရားစွဲဆို ထားတဲ့ အမှုဖြစ်တာကြောင့် U.S ကနေ ဝယ်ထားတဲ့ဖုန်းဖြစ်မှ ရပါလိမ့်မယ်။
ဒါ့အပြင် ရေကြောင့် ဖုန်းပျက်စီးသွားတဲ့အချိန်မှာ ဖုန်းက အာမခံ ရှိနေရမှာဖြစ်ပြီး Sony ရဲ့ Service Center တခုခုနဲ့ ဆက်သွယ်ထားတဲ့ မှတ်တမ်းတွေလည်း ရှိရပါလိမ့်မယ်။ Sony ကို ဆက်သွယ်ပေမယ့် ကုမ္ပဏီဘက်က တာဝန် မယူပေးနိုင်ဘူးလို့ ငြင်းပယ်ခံထားရတဲ့ ဖုန်းပိုင်ရှင်တွေလည်း ဖြစ်ရပါလိမ့်မယ်။ တခြားအကြောင်းကြောင့် ပျက်စီးသွားတဲ့ ဖုန်းဆိုရင်တော့ အကျုံးမဝင်ပါဘူး။
ယခုအမှုမှာ နောက်ထပ် တောင်းဆိုထားတဲ့တချက်က တကယ်လို့ ကိုယ့်ဖုန်းက အခုအမှုဖြစ်တဲ့ အချိန်မှာ အာမခံ သက်တမ်း ရှိနေသေးတယ်ဆိုရင် Sony ဘက်က နောက်ထပ် အာမခံ တနှစ်ထပ်တိုးပေးဖို့နဲ့ အခုချိန်မှာ အာမခံ သက်တမ်း မရှိတော့ဘူးဆိုရင် နောက်ထပ် ၆ လ အာမခံသက်တမ်း တိုးပေးဖို့လည်း ပါဝင်ပါတယ်။
Ref: Engadget, AndroidPolice