Apple ဟာ ၂၀၁၉ ခုနှစ်ကျရင် ထွက်ရှိမယ့် iPhone တွေနဲ့ iPad တွေမှာ Lightning Port အစား USB-C Port ကို ပြောင်းလဲ အသုံးပြုသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
Apple ဟာ ယခုနှစ်ကုန် လောက်မှာ USB-C Support ရတဲ့ Lightning-to-USB-C Cable ကြိုးအသစ်နဲ့ 18W Charger အသစ်ကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။
အဆိုပါ Accessories တွေကို ယခုနှစ်အတွင်း မိတ်ဆက်ဖို့ရှိတဲ့ iPhone မော်ဒယ်အသစ် ၃ မျိုးမှာ ထည့်ပေးသွားဖို့ ရှိပြီး USB Type-C ပြောင်းလဲမှုကို အားထည့် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
၂၀၁၈ အပြီး ၂၀၁၉ ခုနှစ် အရောက်မှာတော့ iPhone အသစ်တွေမှာ Lightning Port ကို လုံးဝ ဖြုတ်ပစ်ပြီး USB-C Port တွေကို ပြောင်းလဲတပ်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ အခု ၂၀၁၈ ခုနှစ်ဟာ Apple Devices တွေရဲ့ အထင်ကရ Feature တခုဖြစ်တဲ့ Lightning Port နဲ့ Lightning Cables တွေကို နောက်ဆုံးမြင်တွေ့ရတဲ့ နှစ်ဖြစ်ဖို့ များသွားပါပြီ။
ပြန်ပြောင်းပြောရမယ်ဆိုရင် Apple ဟာ ၂၀၀၇ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ iPhone မှာ အဆိုပါ အချိန်တုန်းက iPod မှာ သုံးထားတဲ့ Pin 30 ပါ Dock connector ကို စတင် သုံးစွဲခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အထိ အဆိုပါ connector ကိုပဲ သုံးစွဲခဲ့ပြီး၊ iPhone 5 မိတ်ဆက်တဲ့အချိန်မှာတော့ Lightning connector ကို စတင်ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။
အဆိုပါ ပြောင်းလဲမှုကြောင့် 30-pin connector တွေ အကုန်လုံးဟာ iOS Device အသစ်တွေနဲ့ လုံးဝ မသုံးရတော့ဘဲ Apple အသုံးပြုသူတွေ အနေနဲ့ တော်တော်အကြပ်ရိုက်ခဲ့တဲ့ နှစ်လို့ ဆိုရမှာပါ။ လာမယ့် ၂၀၁၉ ခုနှစ်မှာလည်း အဆိုပါ ဖြစ်ရပ်လိုမျိုး စံနှုန်း အစအဆုံး ပြောင်းလဲမှုမျိုးကို နောက်တကြိမ် ထပ်လုပ်ဖို့ ရှိနေပါတယ်။
နောက်ဆိုရင် ၂၀၁၈ အပြီး ထွက်လာမယ့် iPhone မော်ဒယ်အသစ်တွေမှာ အခု Lightning cable ကြိုးတွေ ထိုးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် USB-C ဟာ ဈေးကွက်တွင်းမှာ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်တဲ့ USB စံနှုန်းတခု ဖြစ်တာကြောင့် Apple ပရိတ်သတ်တွေအတွက် ဒီတခါတော့ ထင်သလောက် အခက်အခဲဖြစ်မှာ မဟုတ်ပါဘူး။
Apple ဟာ iPhone 8 နဲ့ iPhone X တို့မှာ USB-C အားအမြန်သွင်းစနစ် အသုံးပြုနိုင်အောင် စတင် လုပ်ပေးခဲ့ပေမယ့် ဖုန်းဝယ်ရင် တခါတည်းပါတဲ့ Lightning to USB-A ကြိုးရယ်၊ charging တုံးရယ်နဲ့ Fast Charging အသုံးမပြုနိုင်ခဲ့ပါဘူး။
Fast charging သုံးချင်ရင် lighting to USB-C ကြိုးနဲ့ USB-C Support လုပ်တဲ့ charging တုံး သပ်သပ် ထပ်ဝယ်မှ ရခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၁၉ နောက်ပိုင်း iPhone တွေမှာတော့ ကြိုးသပ်သပ်၊ Adapter သပ်သပ်တွေ ထပ်ဝယ်ရတဲ့ ဒုက္ခတွေကနေ ကင်းဝေးသွားတော့မှာပါ။
၂၀၁၈ ခုနှစ်အတွင်း ထွက်လာဦးမယ်လို့ သတင်းထွက်နေတဲ့ iPhones မော်ဒယ် ၃ ခုကတော့ iPhone X ထက် ဈေးပိုသက်သာတဲ့ ၆.၁ လက်မအရွယ် 3D Touch မပါဝင်တဲ့ LCD Display သုံး iPhone မော်ဒယ် အသစ်တခု၊ လက်ရှိ iPhone X ကိုမှ အနည်းငယ် Upgrade လုပ်ထားတဲ့ OLED Display သုံး iPhone X မော်ဒယ်အသစ်တခုနဲ့ မျက်နှာပြင် ပိုကြီးတဲ့ ၆.၅ လက်မအရွယ် OLED Display သုံး iPhone X Plus တို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မော်ဒယ်သစ် ၃ ခုလုံးမှာ 18W USB-C Charger တုံးအသစ် တခါတည်းပါဝင်လာမှာ ဖြစ်တာကြောင့် နောက်ထပ် အပိုပစ္စည်း ဝယ်စရာ မလိုဘဲ Fast Charging တန်း အသုံးပြုနိုင်တော့မှာပါ။
Ref: 9to5mac, Gadgets 360