• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

OPPO စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေတဲ့ MediaTek Helio P60

by သီဟတိုး
16 June 2018
in IT
A A
OPPO F7 နဲ့ F7 Youth တို့မှာ အသုံးပြုထားတဲ့ MediaTek Helio P60 Processor

OPPO F7 နဲ့ F7 Youth တို့မှာ အသုံးပြုထားတဲ့ MediaTek Helio P60 Processor

6.6k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး အတိုင်အတာနဲ့ စမတ်ဖုန်းတို့ကို မျှော်မှန်းထားတာထက် ပိုမို ရောင်းချနိုင်ခဲ့တဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်း တို့မှာ Artificial Intelligence လို့ ခေါ်တဲ့ (A.I) နည်းပညာ၊ Selfie ပုံများကို ပိုမို လှပစေတဲ့ A.I Beauty 2.0 နည်းပညာ၊ ဘက်ထရီ သက်တမ်း ပိုမိုရှည်ကြာစေတဲ့ အဆင့်မြင့် A.I နည်းပညာများကို အသုံးပြုထားတာ တွေ့ရပါတယ်။

အဆိုပါ မြင့်မားတဲ့ လုပ်ဆောင်ချက်များစွာ အတွက် OPPO မှာ အသုံးပြုထားတဲ့ Processor တွေကတော့ Media Tek က ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် Helio P60 Processor တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Helio P60 Processor တွေက OPPO စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်တွေကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်အောင် နည်းပညာ ပိုင်းမှာ ထောက်ပံ့ပေးနိုင်တာ တွေ့ရပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
408
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
829
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

OPPO F7 မှာ ကင်မရာပိုင်းကိုလည်း အရှေ့ဘက် Selfie ကင်မရာ အရည်အသွေး 25 Megapixel Sony IMX576 ကင်မရာ အသုံးပြုထားပြီး OPPO ရဲ့ အဆင့်မြင့် A.I Beauty 2.0 နည်းပညာဟာ ဆိုရင်လည်း ဖုန်းအသုံးပြုသူရဲ့ မျက်နှာပေါ်မှ Facial Recognition အမှတ်ပေါင်း ၂၉၆ ခု အထိ ဖတ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ အသက်အရွယ်၊ ကျား/မ သာမက အသားအရောင်၊ အသားအရေ အမျိုးအစား မတူညီမှုကိုပါ ပုံသဏ္ဍာန် ၄ မျိုးအထိပါ အသေးစိတ် ရှာဖွေ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

OPPO F7 မှာ နောက်ဆုံးပေါ် 64 bit 4 GB Octa-core Processor ကို အသုံးပြုထားပြီး Android 8.1 ကို အခြေခံကာ ကောင်းမွန်တဲ့ စနစ်ကို သုံးနိုင်ဖို့ Color OS 5.0 မှာ AI နည်းပညာ ပါဝင်တာ တွေ့ရပါတယ်။ Color OS 5.0 AI Power Manager ဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဆော့ဖ်ဝဲရဲ့ လုပ်ဆောင်မှုများကို ခွဲဝေသတ်မှတ်ပေးတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါတယ်။

ဖုန်းများ Application အမျိုးမျိုးကို တပြိုင်နက်တည်း အသုံးပြုချိန် (Muti-tasking) လုပ်ဆောင်များကို ယခင် ထွက်ရှိ ထားတဲ့ OPPO F5 စမတ်ဖုန်းရဲ့ Processor ထက် ၈၀ ရာခိုင်နှုန်းအထိ ပိုမို မြန်ဆန်အောင် စွမ်းဆောင်ပေးနိုင်တာ တွေ့ရပါတယ်။ စမတ်ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကိုလည်း ပိုမိုရှည်ကြာအောင် သင့်တော်တဲ့ ပါဝါ ခွဲဝေသုံးစွဲမှုကိုပါ စီမံ နိုင်ပါတယ်။

OPPO F7 ဟာ ကမ္ဘာ့ပထမဆုံး 12nm Multi-core A.I. Powered Processor အသုံးပြုထားတာကြောင့် အခုလို မြင့်မားတဲ့ စွမ်းဆောင်ရည် အပိုင်းကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ P60 ဟာ ကမ္ဘာ့ပထမဆုံး A.I. (Artificial Intelligence) Unit ၂ ခုပါတဲ့ Processor ဖြစ်ပြီး 12nm Fabrication Processes နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

“ကြီးမားတဲ့ Core Power နဲ့ လုပ်ဆောင်တွေကြောင့် သုံးစွဲသူတွေအတွက် MediaTek Heli P60 ကနေ Flagship လုပ်ဆောင်ချက်တွေ အနေနဲ့ A.I လုပ်ဆောင်ချက်များ၊ အဆင်ပြေ ချောမွေ့တဲ့ Gaming Experience နဲ့ A.I နည်းပညာနဲ့ အဆင့်မြင့် ကင်မရာ လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးထားပါတယ်” လို့ MediaTek’s Wrieless Communication မှ General Manager, Mr. TL Lee က ပြောပါတယ်။

ထပ်မံ ဖြည့်စွက်ပြီး ပြောရရင် Helio P60 ဟာ 4K အရည်အသွေးရှိ ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းများ ဆော့ကစားတဲ့ အခါမှာလည်း မြင့်မားတဲ့ ဂရက်ဖစ် အရည်အသွေးနဲ့ ကြည့်ရှု ဆော့ကစား ပြသနိုင်အောင် စွမ်းဆောင်နိုင်တဲ့ Processor အရည်အသွေး ကောင်းကောင်း သုံးထားတယ်လို့လည်း ဆိုနိုင်ပါတယ်။

“OPPO F7 စမတ်ဖုန်းက ပေးရတဲ့ ဈေးနှုန်းနဲ့ တန်တဲ့ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေကို ပေးနိုင်တဲ့ စမတ်ဖုန်း တလုံးဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။ သုံးစွဲသူတွေ မျှော်လင့်ထားတဲ့ အတိုင်း Performance အပိုင်းကို အကောင်းဆုံး သုံးစွဲလို့ရအောင် ထုတ်လုပ်ထားပါတယ်။ ကျနော်တို့ နေ့စဉ် အသုံးပြုနေကြတဲ့ စမတ်ဖုန်းတွေမှာ အရေးပါတဲ့ ဘက်ထရီ၊ ဂိမ်း၊ ဗီဒီယို ကြည့်ရှုမှုအပိုင်းတွေနဲ့ Application လုပ်ဆောင်ချက် များစွာကို တပြိုင်တည်း ဖုန်းမှာ အသုံးပြုတဲ့ Multi-tasking အပိုင်းတွေကို ကောင်းကောင်း အသုံးချနိုင်တဲ့ ဖုန်းတလုံးပါ” လို့ OPPO Myanmar ရဲ့ PR Specialist ကိုဝေဖြိုးအောင်က ဆိုပါတယ်။

Helio P60 processor တွေကို အသုံးပြုထားတဲ့ OPPO F7 နဲ့ F7 Youth စမတ်ဖုန်းများကိုတော့ “Solar Red, Moonlight Silver နဲ့ Diamond Black” ဆိုပြီး အရောင် ၃ ရောင် ရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ F7 ကို ၃၈၉၀၀၀ ကျပ်၊ F7 Youth ကို ၃၁၉၀၀၀ ကျပ်တို့နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် – AI Beauty 2.0 နည်းပညာနဲ့ အသစ် ထွက်လာတဲ့ OPPO F7 နဲ့ F7 Youth

Your Thoughts …
Tags: MediaTek Helio P60OPPO စမတ်ဖုန်း
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဟင်္သာတခရိုင်အတွင်းရှိ အခြေခံပညာကျောင်းတကျောင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ဟင်္သာတခရိုင်ရှိ အိမ်ခြေ ၁ သောင်းကျော် ရေနစ်မြုပ်

ရခိုင်ဘက်သို့ မျောပါလာသည့် လှေစီးဘင်္ဂါလီဒုက္ခသည် အမျိုးသမီးတဦး / မင်းအောင်ခိုင် / ဧရာဝတီ

လှေနစ်ပြီး ရခိုင်ဘက်သို့မျောလာကြောင်း လှေစီးဘင်္ဂါလီဒုက္ခသည်များ ပြော

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate