IT

မြန်မာနိုင်ငံရဲ့ အင်တာနက် ဝန်ဆောင်မှုစရိတ်များ နှုန်းထား ဘယ်လိုရှိသလဲ

Want create site? Find Free WordPress Themes and plugins.

လက်ရှိခေတ် ကာလမှာ အင်တာနက်ဟာ မရှိမဖြစ် အသုံးပြုနေတဲ့ ဆက်သွယ်ရေး ပစ္စည်းတခု ဖြစ်လာပါပြီ။

“ကမ္ဘာ့နိုင်ငံ အသီးသီးက သတင်းတွေ ကြည့်ရှုဖို့၊ စာပေ ဗဟုသုတတွေ လေ့လာဖို့၊ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ် လုပ်ဖို့၊ အွန်လိုင်းဂိမ်းများ ဆော့ဖို့၊ ဝေးကွာနေတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေဖို့” စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အင်တာနက်ကို အသုံးပြုကြပြီး ယခုအခါ အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။

ဒီလိုမျိုး အင်တာနက်ကို လွယ်ကူစွာနဲ့ အသုံးပြုလာနိုင်လာသလို တဖက်မှာလဲ ဒီလို အကြောင်းအရာတွေ အတွက် အင်တာနက်အသုံးပြုဖို့ ကုန်ကျစရိတ်ကလည်း ရှိနေပါသေးတယ်။ အခုနောက်ဆုံး ထွက်ရှိလာတဲ့ MyTel ဆက်သွယ်ရေး အော်ပရေတာအပြင် အင်တာနက် အသုံးပြုနိုင်ဖို့ ရွေးချယ်စရာ ဝန်ဆောင်မှုတွေ ပိုများပြားလာခဲ့ပါတယ်။

“Ananda၊ 5BB၊ Unilink၊ MyanmarNet၊ Hi Wi Fi” စတဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများစွာ ရှိနေပေမယ့် အပိုပစ္စည်း မတပ်ဆင်ရခြင်း၊ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ Coverage Area (ကွန်ရက် လွှမ်းခြုံထားသော ဧရိယာ) ကျယ်ပြန့်ခြင်း စတဲ့ အချက်တွေကြောင့် ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အသုံးပြုသူ အရေအတွက် ပိုများနေပါသေးတယ်။

“MPT ၊ Telenor ၊ Ooredoo နဲ့ MyTel” ဆိုပြီး အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ အော်ပရေတာ ၄ ခု ရှိတဲ့ အထဲက ၁ လတာ Package ဒေတာ ကျသင့်ငွေကို တွက်ချက်ကြည့်ရင် MPT ရဲ့ အင်တာနက် 1MB အသုံးပြုမှု ကျသင့်ငွေမှာ ၁ ဒဿမ ၅၈ ကျပ်၊ Telenor ရဲ့ အင်တာနက် 1MB အသုံးပြုမှု ကျသင့်ငွေမှာ ၁ ဒဿမ ၆၁ ကျပ် ၊ Ooredoo က 1MB ကို ၁ ဒဿမ ၂၉ ကျပ် ကုန်ကျပြီး MyTel ကတော့ 1MB မှာ ၀ ဒဿမ ၆၇ ကျပ်စီ ကျသင့်ပါတယ်။

လက်ရှိ အချိန်အရ MyTel ရဲ့ အင်တာနက်ဝန်ဆောင်မှုမှာ အတန်ဆုံး အခြေအနေမှာ ရှိနေပေမယ့်လည်း Coverage Area ပိုင်းမှာတော့ တခြားအော်ပရေတာတွေလောက် ကျယ်ပြန့်မှု မရှိသေးတဲ့ အားနည်းချက် ရှိပါတယ်။ ၁ လအတွင်း သုံးစွဲသူ တယောက်ချင်းစီရဲ့ အင်တာနက်အသုံးပြုမှုပေါ်မူတည်ပြီး လိုအပ်တဲ့ Package တွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဆက်သွယ်ရေး အော်ပရေတာများရဲ့ ၁ လစာအင်တာနက် Package တွေကို ဖော်ပြပေး လိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading