IT

Google Assistant ကို "OK Google" ဆက်တိုက် ပြောစရာ မလိုဘဲ အသုံးပြုနိုင်တော့မည်

Want create site? Find Free WordPress Themes and plugins.

Google Assistant ကို ကိုယ်တခုခု ပြောပြီးတိုင်းမှာ နောက်တခု ထပ်ပြောမယ်ဆိုရင် “Hey Google” “OK Google” စသဖြင့် ဆက်တိုက် ပြောနေရတာကို တော်တော်များများ စိတ်ပျက်ကြမှာပါ။ ဒီလိုပြောနေစရာ၊ တကယ့် လူသား တယောက်နဲ့ စကားပြောနေသလိုမျိုး ပြောလို့ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးမိကြမှာပါ။ ဒါဆိုရင်တော့ ကျနော်တို့ အတွေးတွေက တကယ်လက်တွေ့ဖြစ်လာပြီလို့ ဆိုရမှာပါ။

Google ဟာ Assistant ကို အထက်ကလို “OK Google” command ထပ်ခါထပ်ခါ ပြောနေစရာ မလိုဘဲ၊ ပထမဆုံး တခါ ‘ခေါ်’ ပြီးတာနဲ့ ဆက်တိုက် အသုံးပြုနိုင်မယ့် Continued Conversation ဆိုတဲ့ Feature အသစ်တခုကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကိုယ်တခု ပြောပြီးတာနဲ့ နောက်ထပ် ဘာပြောဦးမလဲ ဆိုတာကို Google Assistant က နားထောင် ပေးနေမယ့် Feature ဖြစ်ပါတယ်။

ဆက်မပြောချင်တော့ဘူးဆိုရင် “Thank You”, “Thanks, Google”, “I’m Done” စတဲ့ စကားတွေပြောပြီး ရပ်ပစ် နိုင်ပါတယ်။ အကယ်လို့ နောက်ထပ် ၈ စက္ကန့်ကြာလို့ ဘာမှ ထပ်မပြောဘူး ဆိုရင်လည်း အလိုလို ပိတ်သွားမှာ ဖြစ်ပါတယ်။

 

 

Google Home ကနေ သီချင်းဖွင့်ထားတဲ့အခါမျိုး၊ Phone Call ပြောနေတဲ့အခါမျိုးဆိုရင်တော့ ‘Continued Conversation’ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒီ Feature ဟာ ပြီးခဲ့တဲ့ မေလတုန်းက ကျင်းပခဲ့တဲ့ Google IO ပွဲမှာ မိတ်ဆက်ပြသသွားတဲ့ Feature အသစ်ဖြစ်ပြီး၊ အခု တရားဝင်ထွက်ရှိလာတာပါ။

စိတ်မကောင်းစရာတခုကတော့ ဒီ Feature ကို Google Assistant ပါတဲ့ Google Home, Google Home Mini နဲ့ Home Max စမတ်စပီကာတွေမှာပဲ လောလောဆည် ရသေးပြီး၊ ဖုန်းတွေ၊ လက်ပ်တော့တွေမှာတော့ မရသေးပါဘူး။ ဒါပေမယ့် Google ရဲ့ ထုံးစံအတိုင်း မကြာခင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Continued Conversation ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းထဲက Google App ကနေဖြစ်ဖြစ် Home App ကနေ ဖြစ်ဖြစ် ဘေးနားက အစက်သုံးစက် Menu ကို နှိပ်၊ Assistant Settings ထဲသွားပြီး Preferences> Continued Conversation ကို ဖွင့်ပေးလိုက်ရုံပါပဲ။ ကိုယ့်မှာ Google Home စပီကာတွေ မရှိဘူးဆိုရင်တော့ “No devices available” ဆိုပြီး ပြနေပါလိမ့်မယ်။

Google Assistant ကို Android 5.0 နဲ့ အထက် Android Phones တိုင်းမှာကော၊ iPhones, iPads တွေမှာပါ အသုံးပြုနိုင်ပါတယ်။

Ref: GSM Arena, Forbes

Did you find apk for android? You can find new Free Android Games and apps.
Loading