IT

Blocked ထားသူတွေကို မှားယွင်းပြီး Unblocked လုပ်လိုက်မိပြန်တဲ့ Facebook

Want create site? Find Free WordPress Themes and plugins.

ပြဿနာတွေ၊ Bug တွေ တခုပြီးတခု တက်နေတဲ့ Facebook အတွက်တော့ နောက်ထပ် ကံဆိုးမှုတခု ထပ်မံ ဆိုက်ရောက်လာပြန်ပါပြီ။ ဒီတခါ ပြဿနာကတော့ Block feature နဲ့ ပတ်သတ်တဲ့ ပြဿနာ တခုပါ။

Facebook ဟာ အသုံးပြုသူပေါင်း ၈၀၀,၀၀၀ ကျော်ရဲ့ အကောင့်တွေမှာ အကောင့်ပိုင်ရှင်တွေ Blocked လုပ်ထားတဲ့ လူတချို့ကို အလိုအလျောက် Unblock ပြန်ဖြည်ပေးခဲ့မိကြောင်း ယနေ့၊ ဇူလိုင်လ ၃ ရက်နေ့မှာပဲ တရားဝင် ဝန်ခံ ပြောကြားခဲ့ပါတယ်။ ယခု Bug ဟာ မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ Facebook Blog Post မှာ ရေးသားထားပါတယ်။

Facebook ရဲ့ ပြောကြားချက်အရ ယခု Bug မိခဲ့သူ စုစုပေါင်း ၈ သိန်းကျော်ရဲ့ ၈၃ ရာခိုင်နှုန်းလောက်မှာ Block ထားသူ တယောက်တည်းကိုပဲ Unblock လုပ်ပေးခဲ့မိတာ ဖြစ်တယ်လို့ သိရတာကြောင့် နည်းနည်းတော့ ခံသာ ပါသေးတယ်။ ဒါပေမယ့် ကျန်တဲ့ အသုံးပြုသူ ၁၇ ရာခိုင်နှုန်းလောက်မှာ ဘယ်နှစ်ယောက်အထိ အများဆုံး Unblock လုပ်ခဲ့မိလဲ ဆိုတာကိုတော့ Facebook က သေချာ မပြောထားပါဘူး။

Unblocked လုပ်လိုက်မိသူဟာ ကိုယ်နဲ့ အရင်က Friend ဖြစ်ထားရင်တောင် Unblock ဖြည်ပြီး နောက်မှာ Friend ဖြစ်တော့မှာ မဟုတ်တဲ့အတွက် ကိုယ့် Friend Only ပို့စ်တွေကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Message တော့ လာပို့လို့ရမှာ ဖြစ်တဲ့အတွက် လုံးဝမဆက်ဆံချင်လို့ Block ထားသူတွေအနေနဲ့ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။

ဒီ Bug မိခဲ့တဲ့လူတွေကို Facebook ကနေ Notification ပို့ပေးသွားမှာ ဖြစ်တာကြောင့် အသုံးပြုသူတွေ အနေနဲ့ ကိုယ့်အကောင့်မှာ အမြင်ကပ်လို့ Block ထားသူတွေကို အလိုလို Unblock လုပ်ခဲ့မိလားဆိုတာ Noti ဝင်ရင် သိရမှာပါ။

အခုတော့ ဒီ Bug ကို ပြင်ပေးလိုက်ပြီဖြစ်ပြီး၊ မှားယွင်း Unblock လုပ်ခဲ့မိတဲ့သူတွေကို အလိုလို ပြန် Block လုပ်ပေးလိုက်ပြီ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဘာပဲပြောပြော သေချာအောင် ကိုယ့်ဘာသာ စစ်ကြည့်တာတော့ ပိုကောင်းပါတယ်။

Ref: Facebook

Did you find apk for android? You can find new Free Android Games and apps.
Loading