• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Samsung ဖုန်းတချို့မှာ ပိုင်ရှင် မသိဘဲ ဓာတ်ပုံတွေကို အလိုလို ပို့နေတဲ့ ပြဿနာ

by Nigma
4 July 2018
in IT
A A
အခုပြဿနာက Samsung Messages App ရဲ့ RCS ကိုင်တွယ်မှုအပိုင်းမှာ ပြဿနာရှိနေတာ ဖြစ်လောက်ပါတယ်

အခုပြဿနာက Samsung Messages App ရဲ့ RCS ကိုင်တွယ်မှုအပိုင်းမှာ ပြဿနာရှိနေတာ ဖြစ်လောက်ပါတယ်

8k
VIEWS
Share on FacebookShare on Twitter

Samsung ဖုန်းတချို့ဟာ ပိုင်ရှင် မသိလိုက်ဘဲ Gallery ထဲက ဓာတ်ပုံတွေကို ဖုန်း Contacts ထဲက လူတွေဆီ အလိုလိုပို့နေတဲ့ ပြဿနာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တကယ်လို့ သင်ဟာ Samsung ဖုန်းကိုင်သူ တယောက်ဖြစ်ပြီး၊ ဖုန်းမှာ တခါတည်းပါတဲ့ Samsung Messages App ကိုပဲ အသုံးပြုနေသူ တယောက် ဆိုရင်တော့ သင့်ဖုန်း Gallery ထဲမှာ အရှက်တကွဲ၊ အကျိုးနည်းဖြစ်ရမယ့် ပုံတွေပါနေလားဆိုတာ စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
392
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
329
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

စာရေးသူတို့ နိုင်ငံမှာတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့နိုင်တဲ့ Multimedia Messaging Services (MMS) အသုံးပြုမှု နည်းသေးတာရယ်၊ Rich Communication Services (RCS) မရှိသေးတာတို့ရယ်ကြောင့် ဒီပြဿနာ အန္တရာယ်တော့ သိပ်စိုးရိမ်စရာ လိုမယ် မထင်ပါဘူး။

တခြားနိုင်ငံက Samsung အသုံးပြုသူတွေမှာတော့ အခုပြဿနာကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာရော Reddit တို့မှာပါ ဒီပြဿနာကို ဝိုင်းတင်ပြနေကြပါတယ်။

အသုံးပြုသူ တယောက်ဆို သူ့ဖုန်းထဲက ပုံတွေအကုန်လုံးကို သူမသိလိုက်ပဲ သူ့ကောင်မလေးဆီ အလိုလို ပို့မိသား ဖြစ်နေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။ တခြား Message App တွေမှာမဖြစ်ဘဲ၊ Samsung Messages App ထဲကနေပဲ ပုံတွေအလိုလိုပို့နေတာဖြစ်တာကြောင့် ဒီ App မှာပဲ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။

ပိုဆိုးတဲ့တချက်က Samsung Messages App ဟာ Gallery ထဲက ပုံတွေပို့လိုက်တာကို သူ့ App ထဲမှာ လုံးဝ မဖော်ပြထားဘဲ တော်တော်များများက သူတို့ပုံတွေ လက်ခံရရှိတဲ့လူတွေ ပြန်ပြောမှ သိရတယ်လို့ ဆိုကြပါတယ်။

Samsung ပြောရေးဆိုခွင့် ရှိသူတဦးကတော့ အခုပြဿနာတိုင်ကြားမှုတွေကို ကောင်းကောင်း သိရှိထားပြီး၊ နည်းပညာအဖွဲ့က အဖြေရှာနေပြီဖြစ်တယ်လို့ The Verge ကို ပြောကြားထားပါတယ်။ ဖိုရမ်မှာ ရေးသား ထားချက်တွေအရ Samsung Galaxy Note 8, Galaxy S9 နဲ့ Galaxy S9+ လို Flagship မော်ဒယ်တွေမှာပဲ ဒီပြဿနာကို ကြုံတွေ့နေရတာပါ။

လက်ရှိခန့်မှန်းထားတဲ့ သီအိုရီအရတော့ T-Mobile အပါအဝင် Mobile Carriers ကြီးတွေကနေ RCS Updates ပေးပြီးနောက်ပိုင်းနဲ့ Samsung Messages App Update နောက်ပိုင်းတို့မှာ အခုပြဿနာဖြစ်လာတာကြောင့် Samsung Messages App ရဲ့ RCS ကိုင်တွယ်မှုအပိုင်းမှာ ပြဿနာရှိနေတာဖြစ်လောက်ပါတယ်။

RCS လို့ခေါ်တဲ့ Rich Communication Service ဟာ ဟောင်းနွမ်းလာပြီဖြစ်တဲ့ SMS ကို အစားထိုးမယ့် Service အသစ် တခုဖြစ်ပြီး၊ Google, Samsung, T-Mobile အပါအဝင် နည်းပညာ ကုမ္ပဏီကြီး တော်တော် များများ ဝိုင်းဝန်း အကောင်အထည်ဖော်နေတဲ့ Service အသစ်တခုဖြစ်ပါတယ်။

ဒီ Service မှာ ဓာတ်ပုံ၊ ဗီဒီယိုစတဲ့ Media တွေကို Contact ထဲကလူတွေဆို ပိုမိုလွယ်ကူစွာ Sharing လုပ်လာ နိုင်မှာဖြစ်ပြီး၊ Messenger လို Messaging App တွေကလိုမျိုး တဖက်က စာရိုက်နေတာ၊ စာဖတ်လိုက်တာ (Read) စတဲ့ status တွေကိုလည်း အချိန်နဲ့တပြေးညီ ပြပေးနေမှာဖြစ်ပါတယ်။ RCS စံနှုန်း အသုံးပြုနိုင်ဖို့ အတွက် ကတော့ မိုဘိုင်းဖုန်းကကော Mobile Carrier ဘက်ကပါ ဒီစံနှုန်း Support ပေးဖို့လိုအပ်ပါတယ်။

လက်ရှိ App တွေထဲမှာဆိုရင် Android Messages နဲ့ Samsung Messages App တို့မှာပဲ အသုံးပြုနိုင်ပါသေးတယ်။

Ref: The Verge, Gizmodo, Android Central

Your Thoughts …
Tags: Message AppSamsung
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Samsung Galaxy Note 7 မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

၆ လ အရစ်ကျ အတိုးမဲ့ ၀ယ်ယူနိုင်မယ့် Galaxy Note 7

by သီဟတိုး
4 August 2016
830

Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊...

Next Post
ဖမ်းဆီးခံ လူငယ်များကို တရားရုံးထုတ်စဉ် / မင်းအောင်ခိုင် / ဧရာဝတီ

မြောက်ဦး အဓိကရုဏ်း စုံစမ်းမှု ၇၅ ရာခိုင်နှုန်းပြီးစီး

မင်းသမီး Song Hye-Kyo နဲ့ မင်းသား Park Bo Gum

မင်းသား Park Bo Gum နဲ့အတူ ဇာတ်လမ်းတွဲတခုမှာ မြင်တွေ့ရဦးမယ့် မင်းသမီး Song Hye-Kyo

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate