IT

ပထမဆုံး 8GB RAM ပါဝင်တဲ့ Huawei ဖုန်းဖြစ်လာတဲ့ Honor 10 GT

Want create site? Find Free WordPress Themes and plugins.

Huawei ရဲ့ Brand အခွဲတခုဖြစ်တဲ့ Honor ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ Honor 10 စမတ်ဖုန်းရဲ့ နောက်ထပ် မော်ဒယ်အသစ်ဖြစ်တဲ့ Honor 10 GT ဖုန်းကို ဇူလိုင်လ ၂ ရက်နေ့က တရုတ်နိုင်ငံမှာ မိတ်ဆက် သွားခဲ့ပါတယ်။

Honor 10 ဖုန်းတုန်းက 4GB RAM နဲ့ 6GB RAM မော်ဒယ်နှစ်မျိုးပဲ ထွက်ရှိခဲ့ပေမယ့်၊ Honor 10 GT မှာတော့ 8GB RAM အထိ ပါဝင်လာပြီး၊ Huawei ဖုန်းတွေထဲမှာ RAM 8GB ပါဝင်တဲ့ ပထမဆုံးဖုန်း အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

RAM ပိုများလာတာကလွဲလို့ Honor 10 GT ဟာ အရင် Honor 10 နဲ့ Specifications ကော ဒီဇိုင်းကော အတူတူပဲ ဖြစ်ပါတယ်။ 19:9 Aspect Ratio နဲ့ ၅.၈၄-လက်မအရွယ် 2280 x 1080 LCD Display ၊ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 Processor ၊ 8GB RAM နဲ့ 128GB Internal Storage တို့ ပါဝင်လာမှာပါ။

 

 

ကင်မရာပိုင်းအနေနဲ့ Honor 10 လိုပဲ AI နည်းပညာပါဝင်တဲ့ ကျောကင်မရာ နှစ်လုံးတွဲ (Dual Rear Camera Setup) ကို တွေ့မြင်ရမှာဖြစ်ပြီး၊ RGB နဲ့ Monochrome ရိုက်ပေးနိုင်တဲ့ 24-megapixel နဲ့ 16-megapixel Sensor ၂ လုံးတွဲဖြစ်ပါတယ်။ ကျောကင်မရာမှာ PDAF စနစ်နဲ့ AI Photography Mode တို့ကိုလည်း အသုံးပြုနိုင်မှာပါ။ ရှေ့ကင်မရာကလည်း 24-megapixel sensor နဲ့ဖြစ်ပြီး၊ အပါချာ f/2.0 အကျယ်ရှိ Sensor နဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် Honor 10 GT မှာ ကုမ္ပဏီရဲ့ နည်းပညာအသစ် GPU Turbo လည်း တပါတည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ GPU Turbo ဟာ Honor 10 စမတ်ဖုန်းမှာ Beta အဖြစ် ရရှိနေပြီဖြစ်တဲ့ နည်းပညာတခုဖြစ်ပြီး၊ ဖုန်းရဲ့ GPU Performance ကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ကာ၊ ပါဝါသုံးစွဲမှုကိုလည်း ၃၀ ရာခိုင်နှုန်း ပိုသက်သာစေမယ့် နည်းပညာသစ်တခု ဖြစ်ပါတယ်။ GPU Turbo နည်းပညာကို Honor 10 စမတ်ဖုန်းမှာ သြဂုတ်လအတွင်း တရားဝင်ရရှိဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Honor 10 GT စမတ်ဖုန်းကို ဂျူလိုင်လ ၂၄ ရက်နေ့ကျရင် တရုတ်နိုင်ငံရဲ့ Huawei website နဲ့ JD.com တို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ 6GB RAM နဲ့ Honor 10 ဖုန်းက လက်ရှိမှာ ဈေးနှုန်းက ကန်ဒေါ်လာ ၃၉၀ ဒေါ်လာဈေး ရှိတာကြောင့်၊ RAM ပိုများတဲ့ Honor 10 GT က ဒေါ်လာ ၃၉၀ ထက် အနည်းငယ်များနိုင်ပါတယ်။

Ref: The Verge, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading