အူရီဒူးမြန်မာမှ ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်သူများအတွက် ပြည်ပသို့ ရောက်နေစဉ်အတွင်း အသုံးပြုနိုင်သည့် Roaming Passport ဝန်ဆောင်မှုကို ပေးအပ်လိုက်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ခရီးသွားလာသူများ လွယ်ကူစွာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
“Roaming Passport Service” ဝန်ဆောင်မှုဟာ သုံးစွဲသူများအတွက် မိမိတို့ နှစ်သက်ရာ အစီအစဉ်များကို ရွေးချယ် ဝယ်ယူနိုင်ပြီး Roaming Passport အစီအစဉ်မှာ ပါဝင်တဲ့ နိုင်ငံများအတွက် Package ၂ မျိုးပြုလုပ်ကာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
“အိန္ဒိယနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံသားများအနေဖြင့် မကြာခဏဆိုသလို ဘုရားဖူး၊ ဆေးကုသခြင်း၊ စီးပွားရေးနဲ့ အပန်းဖြေခရီး သွားဖြစ်တဲ့ ဒေသတခုဖြစ်ပါတယ်။ ဒါကြောင့် Passport Service ထဲမှာ အိန္ဒိယနိုင်ငံကို ထည့်ပေးပြီး ဝန်ဆောင်မှုပေးနိုင်တာဟာ သုံးစွဲသူတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ အမြဲဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Business Officer, Mr.Anadi Agnithotri က ပြောပါတယ်။
အူရီဒူးရဲ့ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေနဲ့ *182# ကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် My Ooredoo App ကို အသုံးပြုပြီး India Passport Pack ကို ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယ roaming pack ကို ဝယ်ယူရာတွင် ၁၅၀၀၀ ကျပ်တန်နဲ့ ၂၅၀၀၀ကျပ်တန် အစီအစဉ် ၂ မျိုးထဲမှ မိမိကြိုက်နှစ်သက်တဲ့ အစီအစဉ်ကို အောက်ပါအတိုင်း ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Package၂မျိုးလုံးမှာ အခမဲ့ အင်တာနက် အသုံးပြုနိုင်သော ဒေတာ၊ အိန္ဒိယနိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်သော မိနစ်၊ ဖုန်းအဝင် လက်ဆောင် ပြောဆိုနိုင်ခြင်းနဲ့ SMS ပေးပို့လက်ခံခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။