IT

Asphalt 9: Legends ဂိမ်းကို Google Play Store မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

Gameloft ရဲ့ နာမည်ကျော် Racing ဂိမ်းစီးရီးတခုဖြစ်တဲ့ Asphalt ဂိမ်းအသစ် Asphalt 9: Legends ကို Google Play Store မှာ စတင် Pre-Register လုပ်နိုင်ပြီဖြစ်ပါတယ်။

Asphalt 9: Legends ဟာ iOS မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကတည်းက Soft launch (နိုင်ငံအကန့်အသတ်မှာ အစမ်းထုတ်ပေးမှု) အနေနဲ့ ထွက်ရှိထားခဲ့တဲ့ဂိမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်၊ ထိုင်းနဲ့ ပြင်သစ်နိုင်ငံတို့ကနေပဲ ရယူနိုင်ပြီး တခြားနိုင်ငံတွေအတွက်တော့ မထွက်ရှိသေးပါဘူး။

Android မှာလည်း ပြီးခဲ့တဲ့မေလလောက်က ဖိလစ်ပိုင်နိုင်ငံမှာ Soft Launch အနေနဲ့ ထွက်ရှိထားပါတယ်။ အခုလို Play Store မှာ တကမ္ဘာလုံးကနေ Pre-Register ပြုလုပ်နိုင်ပြီဆိုတာကိုကြည့်ရင် မကြာခင်အချိန်အတွင်း နိုင်ငံအားလုံးမှာ တရားဝင်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ ယူဆရပါတယ်။

Asphalt ပရိတ်သတ်တွေအနေနဲ့ Asphalt 9 ဂိမ်းကို Pre-Register လုပ်ချင်တယ်ဆိုရင် Google Play Store မှာ Asphalt 9 လို့ ရိုက်ရှာပြီး၊ လွယ်လွယ်ကူကူပဲ Pre-Register လုပ်နိုင်ပါတယ်။ လုပ်ထားလို့ရှိရင် ဂိမ်းတရားဝင် ထွက်ရှိလာတဲ့အခါ ကိုယ့်ဆီမှာ အသိပေးချက် (Notification) တက်လာမှာဖြစ်တဲ့အတွက် ချက်ချင်း ရယူ ဆော့ကစားနိုင်မှာပါ။ Play Store က မလုပ်ချင်ဘူးဆိုရင်လည်း Gamelot ရဲ့ ဝက်ဘ်ဆိုဒ်ကို သွားရောက်ပြီး၊ အီးမေးလ်ဖြည့်သွင်းကာ Pre-Register လုပ်နိုင်ပါတယ်။

Aphalt 9: Legends Soft Launch ဗားရှင်းကို အခုချက်ချင်း ဆော့ချင်တယ်ဆိုရင်တော့ APK Pure တို့လို Third-part website တွေကနေလည်း သွားရောက် Download ရယူနိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းထဲဝင်ရောက်ဖို့အတွက် VPN အသုံးပြုဖို့ လိုအပ်ဦးမှာပါ။ Third-party websites တွေကနေ APK Download ပြုလုပ်တာဟာ ကိုယ့််ဖုန်း လုံခြုံရေးအတွက် စိုးရိမ်စရာအန္တရာယ်တွေ ပါဝင်လာတတ်တာမို့ Google Play Store ကနေ တရားဝင်ထွက်ရှိမယ့် ရက်ကို စောင့်ဆိုင်းတာက ပိုကောင်းပါလိမ့်မယ်။

Ref: Gadgets NDTV

Did you find apk for android? You can find new Free Android Games and apps.
Loading