Surface တက်ဘလက် ပရိတ်သတ်တွေ စောင့်စားနေတဲ့ Microsoft ရဲ့ တန်ဖိုးနည်း Surface တက်ဘလက် အသစ်ဟာ ဇူလိုင်လ ၉ ရက်နေ့က တရားဝင်ထွက်ရှိလာပါတယ်။
စွမ်းဆောင်ရည်မြင့်ပြီး ဈေးကြီးတဲ့ Surface Pro တို့ Surface Book တို့လို တက်ဘလက် PC တွေကို လက်လှမ်း မမှီတဲ့သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Tablet ဖြစ်ပါတယ်။ မကြာခင်ကမှ မိတ်ဆက် ထားတဲ့ Apple ရဲ့ အမေရိကန် ဒေါ်လာ ၃၂၉ ဒေါ်လာတန် iPad (2018) မော်ဒယ်အသစ်ကို ယှဉ်ပြိုင်မယ့် တက်ဘလက်အသစ်လည်း ဖြစ်ပါတယ်။
Surface Pro နဲ့ ယှဉ်မယ်ဆိုရင် အနည်းငယ်သေးတဲ့ ၁၀ လက်မအရွယ် 1800×1200 Pixels Touchscreen Display ပါရှိပြီး၊ Processor အနေနဲ့ လွန်ခဲ့တဲ့ ၁၈ လက ထွက်ရှိခဲ့တဲ့ စွမ်းဆောင်ရည် အနည်းငယ် ပိုနိမ့်တဲ့ 2 Cores, 4 Threads သုံး Intel Pentium Gold 4415Y Kaby Lake Processor တို့ ပါရှိလာပါတယ်။
Storage ကိုလည်း အနည်းငယ်လျော့ထားပြီး 64GB eMMC Storage ပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၇၉၉ ဒေါ်လာတန် Surface Pro နဲ့ ယှဉ်မယ် ဆိုရင်တော့ တဝက်လောက်အထိ သက်သာတဲ့ Surface Go က စာလုပ်ဖို့နဲ့ ရုံးအလုပ် အနည်းငယ်လုပ်ဖို့လောက်ပဲ သုံးမယ့်လူတွေအတွက် သင့်တော်မှာပါ။
Microsoft ရဲ့ Surface Go တက်ဘလက်ဟာ Specifications တွေအရ နည်းသွားတယ်ဆိုပေမယ့် ဒီဇိုင်းပိုင်း ကတော့ တခြား Surface Devices တွေနဲ့ ဘာမှကွာခြားမှုသိပ်မရှိပါဘူး။ Surface Go ကို ပုံစံအမျိုးမျိုး ပြောင်းထားနိုင်တဲ့ Kickstand ပါမယ်၊ မျက်နှာအသုံးပြုပြီးဝင်ရောက်နိုင်တဲ့ Windows Hello စနစ် အသုံးပြုနိုင်တဲ့ 5MP ရှေ့ကင်မရာနဲ့ 8MP ကျောကင်မရာတို့လည်း ပါဝင်မှာပါ။
Surface Connect charging နဲ့ Dock Port နဲ့ USB 3.1 Type C Port တို့လည်း Surface Go မှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 3.5mm Headphone Jack နဲ့ microSDXC card reader တို့ကိုလည်း ဆက်လက် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ OS ကတော့ Surface Laptop လိုပဲ Windows Store Apps တွေပဲ အသုံးပြုလို့ ရတဲ့ Windows 10 S နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ Windows 10 Full Version ကို ပြောင်းတင်ချင်ရင်လည်း အခမဲ့ တင်နိုင်ပါတယ်။
Surface Go ဟာ တခြား Surface တက်ဘလက်တွေလိုပဲ ဖြုတ်တပ်နိုင်တဲ့ ကီးဘုတ်ပါ ကာဗာနဲ့ Pen တို့ကို လည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေ သုံးချင်ရင်တော့ ထပ်ဝယ်ရပါလိမ့်မယ်။
Surface Go ကို Hardware ဗားရှင်း ၂ မျိုးနဲ့ ထုတ်သွားမှာဖြစ်ပြီး၊ US, Canada, Australia ၊ New Zealand, Hong Kong, UK, Ireland, France, Germany, Austria, Belgium, Spain, Malaysia, Thailand စတဲ့ နိုင်ငံအမြောက်အများမှာ ယနေ့ပဲ စတင် Pre-Order မှာယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
SURFACE GO PRICING
• 4 GB RAM, 64 GB eMMC, Wi-Fi: $399
• 8 GB RAM, 128 GB SSD, Wi-Fi: $549
ACCESSORIES
• Surface Go Type Cover (black): $99
• Surface Go Signature Type Cover (Alcantara®, red, blue, or silver): $129
• Surface Mobile Mouse: $34.99
• Surface Pen: $99
Ref: The Verge, Ars Technica